Tuesday, December 16, 2025

နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ သက်ကြီးဂီတပညာရှင်များ...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်...

ဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့်...

တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ တနင်္ဂနွေနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင်...

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့...
HomeNewsLocal Newsဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင်ပေါင်း(၃,၀၀၀)ပင်စိုက်ပျိုးခဲ့

ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင်ပေါင်း(၃,၀၀၀)ပင်စိုက်ပျိုးခဲ့

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းကကျင်းပသည့် ၂ဝ၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း(၃,၀၀၀)ပင်ကိုနစက ဥက္ကဋ္ဌအပါအဝင် စိုက်ပျိုးခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် နစက ဥက္ကဋ္ဌမှ ရာသီဥတုမျှတစေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး ဂေဟစနစ်ကောင်းမွန်စေရန်၊ နောင်အနာဂတ်မျိုးဆက်သစ်များအတွက် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်အမွေအနှစ်ကောင်းများပေးစွမ်းနိုင်စေရန်နှင့် သစ်ပင်သစ်တောများ၏ စစ်မှန်သည့်တန်ဖိုးကိုသိရှိနားလည်ပြီး သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများတွင် လူတိုင်းပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ နှစ်စဉ်မိုးရာသီကာလများတွင် သစ်ပင်စိုက်ပျိုးပွဲများကို နိုင်ငံတော်ကဦးစီးဦးဆောင်လုပ်ပြီး နိုင်ငံနှင့်တစ်ဝန်းကျင်းပပြုလုပ်လျက်ရှိ​ကြောင်း ပြောသည်။

ယနေ့ကျင်းပသည့် ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး(၁၈)မျိုး၏ ပျိုးပင်ပေါင်း(၃,၀၀၀)ပင်ကိုစိုက်ပျိုးခဲ့ကြပြီး ဇွန် ၁၅ ရက်က ရန်အောင်မြင်ကြိုးဝိုင်းအတွင်းကျင်းပသည့် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌လည်း သစ်မျိုး(၁၆)မျိုး၏ သစ်ပင်ပေါင်း (၃,၀၀၀)ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို အလှူငွေကျပ်သိန်း (၁၀၀)လှူဒါန်း

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ အလှူငွေကျပ်သိန်း (၁ဝဝ)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား ပြန်ကြားရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး ဦးရဲတင့်မှ နိုင်ငံတော်ယာယီသမ္မတ (ကိုယ်စား)ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်က လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ အလှူငွေကျပ်သိန်း (၃၀)၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၅၆) သိန်း၊ ရန်ကုန်တိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့် ဆော်ဒီ သဘောတူ

တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ တနင်္ဂနွေနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင် အရှေ့အလယ်ပိုင်း သံခင်းတမန်ခင်းနှင့်ပတ်သက်၍ ရီယာ့ဒ်၏ အခန်းကဏ္ဍကို ပေကျင်းက ချီးကျူးကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ဖြင့်စတင်ခဲ့သည့် အရှေ့အလယ်ပိုင်းသုံးနိုင်ငံကို ခရီးသွားရောက်နေခြင်းဖြစ်ကာ ဂျော်ဒန်တွင် ခရီးစဉ် ကို အဆုံးသတ်ရန် စီစဉ်ထားသည်။ ၎င်းသည် တနင်္ဂနွေနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင် ဖာဟန် အယ်လ်ဆော့ဒ်နှင့် တွေ့ဆုံခဲ့သည်။ တရုတ်အစိုးရပိုင် ရှင်းဟွာသတင်းဌာနက...

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။ ရွေးကောက်ပွဲတွင် အသုံးပြုမည့်အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထားရှိမှု သက်ဆိုင်ရာမဲရုံများအတွင် စနစ်တကျဖြန့်ဝေမှုများကို စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ မဲပေးစက်များ ပျ-က်ဆီးမှုမရှိစေရေး မီးဘေးကင်းရှင်းစေရန်နှင့် အထူးဂရုစိုက်ဆောင်ရွက်ရန်လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကပြောသည်။ မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)ကို မြို့နယ် ၈ မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး လျာထားမဲရုံပေါင်း ၁၂၄၂ ရုံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071