ဆော်ဒီအာရေဗျနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် သန့်ရှင်းသောစွမ်းအင်နှင့် ရေနံဓါတုပစ္စည်းများအပါအဝင် နယ်ပယ်များစွာတွင် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများအကြား အမေရိကန်ဒေါ်လာ ၂၇ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်ဟု ဆော်ဒီနိုင်ငံပိုင် အက်စ်ပီအေ သတင်းဌာနက ဇူလိုင် ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် ဇူလိုင် ၂ ရက်နေ့တွင် ဆော်ဒီနိုင်ငံသို့ သွားရောက်ခဲ့ကာ ဆော်ဒီအိမ်ရှေ့စံ မိုဟာမက်ဘင်ဆယ်လ်မန်နှင့် တွေ့ဆုံခဲ့သည်။
ရေနံစိမ်းနှင့် ယင်း၏ ဆက်စပ်ထွက်ကုန်များ ထောက်ပံ့ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် စွမ်းအင်နယ်ပယ်တွင် ၎င်းတို့၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို မြှင့်တင်ရန်နှင့် ဓါတ်သတ္ထု့အရင်းအမြစ်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် နှစ်နိုင်ငံ သဘောတူခဲ့ကြောင်းလည်း ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။
အက်စ်ပီအေ သတင်းဌာန၏ အဆိုအရ ပြီးခဲ့သည့် ငါးနှစ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၃၁ ဒဿမ ၅ ဘီလျံရှိခဲ့ကြောင်း သိရသည်။
Ref: သည်စထရိတ်တိုင်းမ်စ်
