Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeNewsLocal Newsအနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့်...

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းဖြစ်ပေါ်နိုင်ဟု မိုး/ဇလ အသိပေး

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ယခုရက်ပိုင်း ဇွန်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ အသိပေးထားသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မိုးရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတို-က်ခ-တ်ခြင်းကြောင့် အဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုကျယိုင်လဲခြင်းစသော သဘာဝဘေး အန္တရာယ်တို့ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူ များအနေဖြင့် မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှုအန္တရာယ်ကို သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်တလျှောက် မြစ်ငယ်ချောင်းငယ်များအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် လေပြင်းအန္တရာယ်နှင့် လျှပ်တစ်ပြက် ရေကြီးရေလျှံမှုအန္တရာယ်တို့ကို ကြိုတင်သတိ ပြုနိုင်ရန်လည်း နှိုးဆော်ထားသည်။

ထို့နည်းတူ စိုက်ပျိုးမွေးမြူတောင်သူများအပါအဝင် ဆည်မြောင်းတာတမံများ၊ ဓာတ်အားပေးစက်ရုံများ၊ ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ စက်လှေများ၊ သင်္ဘောများအနေဖြင့်လည်း သတိပြုကြရန် သတိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဖုန်းပြောဆိုစဥ် မလေးရှား၏ စိုးရိမ်မကင်းဖြစ်မှုများကို အန်ဝါက ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အစွမ်းကုန်ချုပ်တည်းကြရန်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ည ၁၀ နာရီမှစ၍ အင်အားသုံးခြင်း သို့မဟုတ် လက်နက်ကိုင်တပ်များကို စုစည်းချထားခြင်းများအပါအဝင် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည့်...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071