Sunday, July 20, 2025

တောင်ကိုရီးယားတွင် မိုးကြီးနေမှုကြောင့် သေဆုံးသူ ၁၄...

တောင်ကိုရီးယားနိုင်ငံ အပန်းဖြေမြို့ Gapyeong တွင် တနင်္ဂနွေနေ့က ပြင်းထန်သော ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ကာ နောက်ထပ်နှစ်ဦး ပျောက်ဆုံးလျက်ရှိနေသေးကြောင်း သိရသည်။ နေအိမ်များ ရေမြုပ်ကုန်ကာ...

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး...

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ...

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏...

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀)...

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့...
HomeInternationalထိုင်းနှင့်နယ်စပ်အငြင်းပွါးမှုကိုအိုင်စီဂျေကဆုံးဖြတ်ပေးရန် ကမ္ဘောဒီးယားကလျှောက်ထား

ထိုင်းနှင့်နယ်စပ်အငြင်းပွါးမှုကိုအိုင်စီဂျေကဆုံးဖြတ်ပေးရန် ကမ္ဘောဒီးယားကလျှောက်ထား

ကမ္ဘောဒီးယားအစိုးရသည် ထိုင်းနိုင်ငံနှင့် နယ်စပ်ရှိ အငြင်းပွား‌ နေသော နယ်မြေလေးခုအရေးကို ဖြေရှင်းဆုံးဖြတ်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) သို့ တနင်္ဂနွေနေ့တွင် တိုင်ချက်ဖွင့်ခဲ့သည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြားခဲ့သည်။

သည်ဟိဂ်ရှိ တရားရုံးသို့ တင်သွင်းခဲ့သည့် အမှုတွင် Tamone Thom Tamone Touch Ta Krabey Mom Bei စသည့် အငြင်းပွားဧရိယာလေးခု ပါဝင်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့စ်ဘွတ်ခ်ပို့စ်တွင် ပြောဆိုခဲ့သည်။

အဆိုပါနယ်မြေလေးခုကို ထိုင်းဘက်က Ta Muen Thom Ta Muen Toch Ta Kwai နှင့် Emerald Triangle ဟု ခေါ်ဝေါ်သည်။

မြတြိဂံ(Emerald Triangle) သည် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ ထိစပ်ရာနေရာဖြစ်သည်။

“ကမ္ဘောဒီးယားနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ တရားသဖြင့်၊ မျှတပြီး ရှင်းလင်းတဲ့ နယ်နိမိတ်သတ်မှတ်မှုတွေ လုပ်လိုခြင်းသာဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ပြဿနာတွေ ထပ်မဖြစ်တော့မှာပါ” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ရေးသားခဲ့သည်။

ထိုင်းအစိုးရကမူ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်မြေအငြင်းပွားမှုတွင် အိုင်စီဂျေ ၏ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုဟု ပြောဆိုထားသည်။

နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိနိုင်ရန် ဖနွမ်ပင်တွင် ပူးတွဲနယ်နိမိတ်ကော်မတီ၏ အစည်းအဝေး ဒုတိယမြောက်နေ့တွင် ကမ္ဘောဒီးယား၏ အမှုတင်သွင်းချက်သတင်း ထွက်လာခြင်းဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကိုရီးယားတွင် မိုးကြီးနေမှုကြောင့် သေဆုံးသူ ၁၄ ဦးအထိရှိလာ

တောင်ကိုရီးယားနိုင်ငံ အပန်းဖြေမြို့ Gapyeong တွင် တနင်္ဂနွေနေ့က ပြင်းထန်သော ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ကာ နောက်ထပ်နှစ်ဦး ပျောက်ဆုံးလျက်ရှိနေသေးကြောင်း သိရသည်။ နေအိမ်များ ရေမြုပ်ကုန်ကာ မော်တော်ယာဉ်များ ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် မိုးသည်းထန်စွာရွာသွန်းနေသည့်အချိန်အတွင်း လူသေဆုံးမှုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် မိုးရွာသွန်းမှုများစတင်ခဲ့သည့် ဗုဒ္ဓဟူးနေ့မှစကာ ယခုအချိန်အထိ နိုင်ငံတစ်ဝန်း သေဆုံးဦးရေသည် ၁၄ ဦးသို့ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးနေသူ ၁၂ ဦးရှိနေဆဲဖြစ်သည်။ အစောပိုင်းက နိုင်ငံ၏ တောင်ပိုင်းဒေသများကို သက်ရောက်ခဲ့သော မိုးသည်းထန်မှုသည် ညပိုင်းတွင် မြောက်ပိုင်းသို့ ရွေ့လျားခဲ့ကြောင်းနှင့် နောက်ရက်တွင် ရပ်ဆိုင်းသွားဖွယ်ရှိကြောင်း...

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က အမြင့်ဆုံး မုန်တိုင်းသတိပေးချက် ထုတ်ပြန်လိုက်ရပြီး လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်။ မြို့၏ မိုးလေဝသလေ့လာစောင့်ကြည့်ရေးဌာနက နံနက် ၉း၂၀ နာရီတွင် မုန်တိုင်းသတိပေးချက်ကို အဆင့် ၁၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယင်းအဆင့်တွင် အချိန်အတော်ကြာရှိနေမည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။ မုန်တိုင်းသည် စောင့်ကြည့်ရေးဌာန၏ တောင်ဘက် ၅၀ ကီလိုမီတာဝန်းကျင်တွင်ရှိနေကြောင်းနှင့် ဟာရီကိန်းလေတိုက်နှုန်းသည် ဟောင်ကောင်တောင်ပိုင်းဒေသများကို...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ ၄၀ နီးပါး ‌ေ-သဆုံး

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏ နာမည်ကြီး Ha Long ပင်လယ်အော်တစ်ဝိုက်တွင် မိသားစုများ တင်ဆောင်လာသည့် ကမ္ဘာလှည့်ခရီးသွားရေယာဉ်သည် စနေနေ့က မုန်တိုင်းကြောင့် တိမ်းမှောက်ခဲ့ရပြီး ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေတွင် လူအသေအပျောက်အများဆုံး သဘာဝဘေးတစ်ခုဖြစ်ခဲ့သည်။ ခရီးသည် ၄၈ ဦးနှင့် ရေယာဉ်အမှုထမ်း ငါဦး လိုက်ပါလာသည့် “Wonder Sea” ရေယာဉ်သည် ရုက်တရက် မိုးသဲသဲမဲမဲရွာသွန်းမှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဟု VNExpress...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071