Thursday, August 14, 2025

၀န်ကြီးဟောင်း၏သားအသတ်ခံရမှုကိုပွင့်လင်းမြင်သာစွာစုံစမ်းဖော်ထုတ်– အန်ဝါ

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအချိန်ကကုန်တိုက်ကားပါကင်တွင် သားဖြစ်သူသည်ဆေးထိုး၍ အသတ်ခံခဲ့ရကြောင်း အစိုးရဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ရာဖီဇီ ရမ်လီက ပြောကြားခဲ့သဖြင့် အဆိုပါဖြစ်ရပ်ကို ပွင့်လင်းမြင်သာစွာနှင့်လျင်မြန်စွာစစ်ဆေးဖော်ထုတ်ရန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်မ်က...

အင်းလေးကန် ရေမြင့်တက်လာသည့် အခြေအနေ စောင့်ကြည့်နေရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် အင်းလေးကန်ရေ အနည်းငယ်မြင့်တက်နေပြီး ထပ်မံမြင့်တက်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေကြောင်း ရှမ်းတောင်ပရဟိတအသင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးများ‌နေသည့်အတွက် အင်းလေးကန်အတွင်းသို့...

မြဝတီမြို့တွင် စက်သုံးဆီ ပြတ်လပ်‌လာကာ စက်သုံးဆီဆိုင်အချို့...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် အခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်လာခြင်းကြောင့် စက်သုံးဆီဆိုင်အချို့ပိတ်ထားရပြီး ဆီလက်ကျန်ရှိသည့် ဆိုင်များတွင်သာ တန်းစီဝယ်ယူနေရကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ မြို့တွင်းဆိုင်အချို့မှာ ယမန်နေ့ ညနေပိုင်းအချိန်ခန့်မှစတင်၍ ပိတ်ထားရခြင်းဖြစ်ပြီး...

ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်းနှင့် ဦးကုလား မဟာရာဇဝင်ကြီးစာအုပ်များလှူဒါန်း

ဒေလီက္ကသိုလ်၌တက်ရောက်နေသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ(မိသားစု)မှ ပဋိကသုံးပုံပါဠိတော်(မြန်မာ၊ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်း၊ ဦးကုလား...
HomeNewsLocal Newsအက်တမ် (ATOM) မှ...

အက်တမ် (ATOM) မှ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သစ်ပင် ၁၀၀၀ စိုက်ပျိုးခဲ့

အက်တမ် (ATOM) မှ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မေလ (၃၀)ရက်တွင် နေပြည်တော်၊ တပ်ကုန်းရှိ ‘အောက်ဆင်သေ သစ်တောကြိုးဝိုင်း’ မြေကွက် ၂၅ ၌ သစ်ပင် ၁၀၀၀ စိုက်ပျိုးခြင်းပြုလုပ်ခဲ့သည်။ မကြာသေးမီက လှူုဒါန်းခဲ့သော အဆိုပါ ၅ ဧက အကျယ်မြေနေရာတွင် အက်တမ် (ATOM) ၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့်တကွ လုပ်အားပေးဝန်ထမ်းများ ပူးပေါင်းပါဝင်ပြီး သစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အက်တမ်၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က “ကျွန်တော်တို့ အက်တမ် (ATOM) က အခုလို နှစ်ပတ်လည်ကာလမှာ မြန်မာနိုင်ငံအနှံ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှု နဲ့ တီထွင်ဆန်းသစ်မှုတွေ လုပ်ဆောင်နိုင်ခဲ့တာကို အင်မတန်ဂုဏ်ယူမိပါတယ်။ ဒီခရီးစဉ်ဟာ ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ဝန်ထမ်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ကြိုးစားအားထုတ်မှုရလဒ်တွေကြောင့်ဖြစ်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ သုံးစွဲသူတွေအားလုံးနဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ အက်တမ် (ATOM) ရဲ့ ရှေ့ဆက်မယ့် လမ်းစဉ်မှာလည်း အခုလို အောင်မြင်မှုခြေလှမ်းတွေကို မှတ်ကျောက်တင်ပြီး ထိရောက်ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုအတွေ့အကြုံတွေကို ဆက်လက်ပေးအပ်သွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။

အဆိုပါအစီအစဉ်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို များစွာအကူအညီဖြစ်စေပြီး သဘာဝဘေးအန္တရာယ်ကျရောက်မှုကို လျော့ပါးစေသည့်အတွက် ဒစ်ဂျစ်တယ်ကဏ္ဍတွင် ခေါင်းဆောင်အဖွဲ့အစည်းတစ်ခုအဖြစ်သာမက လူမှုအသိုင်းအဝိုင်းနှင့် ကမ္ဘာမြေကြီးအတွက် စဉ်းစားလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အက်တမ် (ATOM) က သုံးနှစ်တာခရီးကနေ အခုချိန်ထိ မြန်မာပြည်သူပြည်သားတွေအတွက် ပညာရေး၊ ကျန်းမာရေး နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဖန်တီးပေးနိုင်ဖို့ အစီအစဉ်များစွာနဲ့ လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ အက်တမ် (ATOM) ရဲ့ သုံးနှစ်ပြည့်အထိမ်းအမှတ်မှစလို့ ရှေ့အနာဂတ်မှာလည်း အားလုံးပါဝင်နိုင်တဲ့ တိုးတက်မှု အခွင့်အလမ်းတွေရရှိပြီး နေထိုင်မှုဘဝတွေ မြင့်မားလာစေဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဒုတိယအမှုဆောင် အရာရှိချုပ် ဦးဝင်းဆွေက ပြောကြားခဲ့ပါသည်။

အက်တမ် (ATOM) ၏ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “အမြဲတူတူ ဆုကြီးတွေယူ” အစီအစဉ်မှတဆင့် အပတ်စဉ်ဆုများ နှင့် လစဉ် ကျပ်သိန်း (၁၀၀) ငွေသားဆုကြီးများကို ပေးအပ်လျက်သည့်အပြင် ‘ကံထူး၊ ကံမြူး နှစ်သစ်ကူး’ အစီအစဉ်၏ ဆုမဲပေါင်းများစွာနှင့် ငွေကျပ် သိန်း (၁,၀၀၀) ကံထူးရှင်ရွေးပွဲကို ဇွန်လ ၁၁ ရက်တွင် Junction City ပရိုမိုးရှင်းဧရိယာ၌ စည်ကားစွာကျင်းပခဲ့ပြီးဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၀န်ကြီးဟောင်း၏သားအသတ်ခံရမှုကိုပွင့်လင်းမြင်သာစွာစုံစမ်းဖော်ထုတ်– အန်ဝါ

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအချိန်ကကုန်တိုက်ကားပါကင်တွင် သားဖြစ်သူသည်ဆေးထိုး၍ အသတ်ခံခဲ့ရကြောင်း အစိုးရဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ရာဖီဇီ ရမ်လီက ပြောကြားခဲ့သဖြင့် အဆိုပါဖြစ်ရပ်ကို ပွင့်လင်းမြင်သာစွာနှင့်လျင်မြန်စွာစစ်ဆေးဖော်ထုတ်ရန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်မ်က တောင်းဆိုလိုက်သည်။ ဇနီးဖြစ်သူနှင့် သားတို့သည် အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာရှိ ကုန်တိုက်တစ်ခုမှ ပြန်လည်ထွက်ခွာရန် ကားအတွင်းသိုအဝင်တွင် အမျိုးသားတစ်ဦးက သားဖြစ်သူကို ဆွဲခေါ်သွားကာ ဆေးထိုးအပ်ဖြင့်ထိုးခဲ့သည်ဟု ရာဖီဇီက ပြောဆိုခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ကြိုတင်ကြံစည်ထားခြင်းဖြစ်ကြောင်းနှင့် သူ့ကို ပါးစပ်ပိတ်ထားစေရန် သတိပေးသည့် သဘောဖြစ်ကြောင်း ရာဖီဇီက ဆိုသည်။ ရာဖီဇီ၏ အဆိုအရ ယင်းဖြစ်ရပ်အပြီးတွင် ၎င်း၏ ဇနီးဖြစ်သူသည် ခြိမ်းခြောက်စာနှစ်စောင်ကို လက်ခံရရှိခဲ့သည်ဟုလည်း...

အင်းလေးကန် ရေမြင့်တက်လာသည့် အခြေအနေ စောင့်ကြည့်နေရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် အင်းလေးကန်ရေ အနည်းငယ်မြင့်တက်နေပြီး ထပ်မံမြင့်တက်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေကြောင်း ရှမ်းတောင်ပရဟိတအသင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးများ‌နေသည့်အတွက် အင်းလေးကန်အတွင်းသို့ ရေဝင်ရောက်မှုများက ကန်ရေပြင် အနည်းငယ်မြင့်တက်လာသော်လည်း လက်ရှိတွင်စိုးရိမ်ရသည့်အခြေအနေတွင်မရှိသေးကြောင်း ၎င်းက ဆိုသည်။ "ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ရေကတော့ နည်းနည်းမြင့်တက်လာတယ်။ စိုးရိမ်စရာတော့ မရှိသေးပါဘူး" ဟု ၎င်းက ဆိုသည်။ Global Flood Awareness System နှင့် Global Flood Minitoring System က အင်းလေး‌ဒေသ ၊ ရွှေညောင်နှင့်...

မြဝတီမြို့တွင် စက်သုံးဆီ ပြတ်လပ်‌လာကာ စက်သုံးဆီဆိုင်အချို့ ယာယီပိတ်ထားရ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် အခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်လာခြင်းကြောင့် စက်သုံးဆီဆိုင်အချို့ပိတ်ထားရပြီး ဆီလက်ကျန်ရှိသည့် ဆိုင်များတွင်သာ တန်းစီဝယ်ယူနေရကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ မြို့တွင်းဆိုင်အချို့မှာ ယမန်နေ့ ညနေပိုင်းအချိန်ခန့်မှစတင်၍ ပိတ်ထားရခြင်းဖြစ်ပြီး ယနေ့ ဩဂုတ်လ (၁၄)ရက် နံနက်ပိုင်းတွင် ဒေသခံများအနေဖြင့် ရောင်းချပေးသည့်ဆိုင်တွင် တန်းစီဝယ်ယူနေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။ မြဝတီမြို့တွင်း စက်သုံးဆီပြတ်လပ်လာခြင်းကြောင့် ယနေ့ ဩဂုတ်လ (၁၄) ရက်တွင် စက်သုံးဆီဝယ်ယူရောင်းချရန် တပိုင်တနိုင် ကုန်သည်လေးများ ဘားအံမြို့အထိ စက်သုံးဆီ ဆင်းဝယ်နေကြကြောင်း နောက်ထပ်ဒေသခံ တစ်ဦးက ဆိုသည်။ "မြဝတီမှာသုံးတဲ့ စက်သုံးဆီက အောက်ဆီ(ပြည်တွင်းဆီ) ထက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071