ကျေနပ်လောက်တဲ့ ညှိနှိုင်းမှု တစ်ခု မရသေးတာကြောင့် ဆင်ဆာ အဖွဲ့ထဲ မဝင် ဖြစ်သေးသူ ဦးဇာဂနာ

0
219

zarganarဟာသ ပညာရှင် ဦးဇာဂနာက သူကျေနပ်လောက်တဲ့ ညှိနှိုင်းမှု တစ်ခု အဖြစ် ဆင်ဆာ အဖွဲ့တွေ ဆီက မရရှိသေးတဲ့ အတွက် ဆင်ဆာ အကဲဖြတ် အဖွဲ့ဝင် နာမည် ထွက်နေပေမယ့် သွားရောက်ပြီး အကဲဖြတ်ကြည့်ရှုပေး ခြင်း မရှိသေးပါဘူးလို့ ဦးဇာဂနာက ဆိုပါတယ်။

“ကျွန်တော်နဲ့ ဒေါ်ဆွေဇင်ထိုက် နှစ်ဦးလုံး သွားမထိုင်သေးပါဘူး။ ဒါရိုက်တာ မောင်သီလည်း တစ်ရက်နှစ်ရက် သွားထိုင်ပြီးတော့ ပြန်လာပါ တယ်။ ကျွန်တော် တို့တွေ ညှိလို့ မရသေးပါဘူး။ ကျွန်တော်တို့ သဘော ထားနဲ့ညှိလို့ မအောင်မြင်သေးတာပေါ့။ ကျွန်တော်တို့ ညံ့နေတာပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကြိုးစားပြီးတော့ ညှိသွားကြပါမယ်။ ညှိလို့အောင် မြင်ရင်တော့ ထိုင်မယ်။ မအောင်မြင်ရင်တော့ ဆင်ဆာ အဖွဲ့မှာ မပါဝင် တော့ဘူးဆိုပြီးတော့ တရားဝင် ကြေညာပြီတော့ ထွက်လိုက်ပါမယ်။ ကျွန်တော်တို့ ဝင်ပါလိုက်ပြီ ဆိုတာနဲ့ ဆင်ဆာဟာ ပြောင်းသွားမယ်။ နောက်တစ်ခု အဲ့ဒီထက် ပိုကောင်းပြီး အရည်အသွေး မြင့်မားတဲ့ စနစ်တစ်ခုကို တည်ဆောက်နေတယ်။ အဲ့ဒီ အရာကြီး ပြီးသွားခဲ့ရင်လည်း တရားဝင် ချပြသွားမယ်။ ဖိုရမ် လုပ်သလိုမျိုး ချပြသွားမယ်။ အဓိက ကတော့ အရည်အသွေးထိန်းတဲ့ စနစ်ကို လုပ်မယ်။ အရည် အသွေး မထိန်းနိုင်တဲ့သူ မပြတော့နဲ့ဆိုတဲ့ သဘော ဖြစ်လာမယ်။ ဒီကိစ္စ ၃လနဲ့ ၄လ အတွင်းမှာ အကောင်အထည်ဖော်သွားပါမယ်”လို့ ဦးဇာဂနာက ပြောပြပေးပါတယ်။

လက်ရှိဆင်ဆာ အဖွဲ့ထဲကို နာမည် ထွက်ပေမယ့် မဝင်ရောက် ဖြစ်သေးခြင်းက တချို့ မလိုအပ်တဲ့ အချက် အလက်လေးတွေကြောင့် ဖြစ်တယ်လို့ လည်း ဦးဇာဂနာက ဆိုပါတယ်။

“ရုပ်ရှင် ဇာတ်ကားကို အင်္ဂလိပ်နာမည် မမှည့်ရဘူး ဆိုတဲ့ အရာတွေက အစလိုက် လုပ်နေကြတယ်။ အလုပ် မဟုတ်တဲ့ အရာတွေပေါ့။ ဘယ်ကြည့် ညာကြည့် မှားနေတယ် ဆိုတာတွေ ကအစ အရေး မကြီးတာတွေ အတွက် အလုပ်ရှုပ် နေကြတယ်။ နိုင်ငံတကာ မှာလည်း ဒါမျိုးတွေက မှားနေတာပါပဲ။ တကယ်တော့ ဒါတွေသည် အရေးမကြီးဘူးဗျ။ ပြီးတော့ ဆင်ဆာကို တကယ် ဖြစ်စေချင်တာက Rating စနစ် ကို သွားစေချင်တာ ဖြစ်တယ်။ လျှောက်ပြီးတော့ ဖြတ်တောက်နေမယ့် အစား Rating နည်းနဲ့သတ်မှတ်။ Rating စနစ်ကိုသွားဖို့ ကျွန်တော်တို့ ဦးတည်နေပါတယ်။ ဒါသည် ကျွန်တော့် ဦးတည်ချက်။ Rating စနစ်နဲ့သွားဖို့ ကိစ္စကို လည်း ဝန်ကြီးကို မေတ္တာ ရပ်ခံထားပါတယ်။ ဆင်ဆာ ရဲ့ပုံသဏ္ဌန်ကို ပြောင်းမှာပေါ့။ ဒီကိစ္စအောင် မြင်ပြီး ဆိုရင်တော့ ဆင်ဆာ အဖွဲ့မှာ ကျွန်တော်လည်း ဝင်ထိုင်ပါပြီ။ ဒါတွေ အောင်မြင်သွားရင် ရုပ်ရှင်တစ် လောကလုံး အတွက် အပြင် ပရိသတ် အတွက်ပါ အဆင်ပြေ သွားမယ်။ နို့မို့ဆိုရင် ရုပ်ရှင်ထဲက အောက်လုံး ဆဲဆိုမှုတွေ ညစ်တီး ညစ်ပတ်တွေကို ကလေးတွေ ကြည့်မိနေ တော့ ဘယ်ကောင်းမလဲဗျာ။ အဲ့ဒီတော့ ၁၃နှစ် အောက်မကြည့်ရ။ ၁၈ နှစ်အောက် မကြည့်ရ ဆိုပြီးတော့ Rating နဲ့သွားမယ်ဗျာ။ ဟိုအခန်းဖြတ်၊ ဒီ အခန်းဖြတ်တွေကိုတော့ မလုပ်စေချင်တော့ဘူး။ အဲ့ဒီ Rating စနစ်ကို ညှိနေပါတယ်။ ရာခိုင်နှုန်း ကတော့ ၅ဝ/၅ဝ ဖြစ်နေပါတယ်။ အချိန် ၄လလောက် ထပ်ယူလိုက်ရင် အောင်မြင်သွားမှာပါ” လို့ ဦးဇာဂနာက ပြောပြပေးပါတယ်။

ဦးဇာဂနာက ဒါရိုက်တာဝိုင်း နဲ့ ပူးပေါင်းပြီး ရုပ်ရှင် အရည်အသွေး မြင့်မားရေး Workshop တစ်ခုကို ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ “ရုပ်ရှင် အရည်အသွေးမြင့် မားရေး(QC )၊ဇာတ်ညွှန်း၊ဒါရိုက်တာ၊ ထုတ်လုပ်သူတွေ နဲ့ စာချုပ် ကိစ္စလည်း ဆွေး နွေးမှာဖြစ်ပါတယ်။ ဒါကို အစိုးရက လုပ်ပေးစရာ မလိုဘူး ဆိုပေမယ့် ကူညီပေးဖို့တော့ လိုတာပေါ့။ ချက်ချင်း ကြီးတော့ အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပေမယ့် အရည် အသွေးမြင့်မားရေး ကိစ္စနဲ့ စာချုပ်ကိစ္စကိုတော့ ဒီတစ်လအတွင်း Workshop လုပ် သွားမှာပါ”လို့ဦး ဇာဂနာက ပြောပြပေးပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here