Wednesday, August 20, 2025

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင်...

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း...

မုံရွာမြို့ ခုတင် (၅၀၀) ဆံ့...

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊...

မွန်ပြည်နယ်မှာ ရုံးချုပ်တည်ရှိသည် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အသုံးပြုမည့်ပါတီအလံ...

မွန်ပြည်နယ်၊ သထုံမြို့တွင် ပါတီရုံးချုပ်တည်ရှိသည့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင်ခွင့်ပြုရန် ဩဂုတ်(၁၂)ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် အသုံးပြုမည့် အလံနှင့်တံဆိပ်တို့ကိုလည်း...
HomeInternationalအီလွန်မတ်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီ--ထရမ့်ပ်

အီလွန်မတ်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီ–ထရမ့်ပ်

အမေရိကန်သမ္မတထရမ့်ပ်က ဘီလျံနာသူဌေးအီလွန်မတ်စ်နှင့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်ရည်ရွယ်ချက်မရှိကြောင်းနှင့် ဆိုရှယ်မီဒီယာပေါ်၌ အပြန်အလှန် ပြင်းထန်စွာ တို-က်ခို-က်ကြပြီးနောက် ၎င်းတို့၏ဆက်ဆံရေး ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖုန်းအင်တာဗျူးတစ်ခု၌ ထရမ့်ပ်က မတ်စ်နှင့် မကြာခင်တွေ့ဆုံစကားပြောရန် အစီအစဉ်မရှိဟုပြောကြားခဲ့ပြီး အခြားအလုပ်များဖြင့် အရမ်းအလုပ်များနေသည်ဟုလည်း ၎င်းက အင်န်ဘီစီနူးစ်ကိုပြောကြားခဲ့သည်။

အီလွန်မတ်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီလားဟု မေးမြန်းရာ၌ ထရမ့်ပ်က မတ်စ်သည်သမ္မတရာထူးကို မရိုမသေပြုမူသဖြင့် ထိုသို့ပင်ဖြစ်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်၎င်းကဆက်လက်၍ မက်စ်အနေဖြင့် One Big Beautiful Bill ဥပဒေကြမ်းကိုထောက်ခံ မဲပေးမည့်ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လေ-ာင်းများနှင့် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် လေ-ာင်းများကို ထောက်ပံ့ပါက ပြင်းထန်သည့်အကျိုးဆက်များရှိလာလိမ့်မည်ဟုလည်း‌ပြောကြားခဲ့သည်။

ထရမ့်ပ်နှင့် မက်စ်အကြားရန်ပွဲသည် အဆိုပါ “One Big Beautiful Bill” မှစတင်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါဥပဒေကြမ်းကို မက်စ်က ဆန့်ကျင်သည့်အတွက် ဥပဒေကြမ်း၏အောင်မြင်နိုင်‌ခြေကို ထိခို-က်စေမည်မဟုတ်ကြောင်းပြောကြားခဲ့ပြီး အဆိုပါ ဥပဒေကြမ်းကို ဇူလိုင် ၄ ရက်မတိုင်မီ အထက်လွှတ်တော်တွင် အတည်ပြုနိုင်မည်ဟုယုံကြည်ကြောင်းလည်းပြောကြားခဲ့သည်။ အဆိုပါ ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုပြီးဖြစ်သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင် စတင်ကျင်းပမည်

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့ ဩဂုတ်(၁၉)ရက်က ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်းပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စများဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး ကိစ္စများ ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုပြင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများ နှင့် ပတ်သက်၍ သတင်းမှန်သိရှိနိုင်ရေးဆိုင်ရာများ၊ စီးပွားရေး၊ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့်ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက်...

မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိအခမဲ့ကုသပေးမည်

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များကို မျက်စိအထူးကုဆရာဝန်များက အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ မျက်စိအထူးကုဆရာဝန်များက (၅) ဖွဲ့ခွဲ၍ တစ်ရက်လျှင် မျက်စိဝေဒနာရှင် (၅၀၀) ခန့်အား ကုသပေးမည်ဖြစ်ပြီး မျက်စိစမ်းသပ်သည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀၀၀) ကျပ်၊ မျက်စိခွဲစိတ်ကုသသည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀,၀၀၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071