Saturday, June 27, 2026

Save the Children က...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ Grade- 1 မှ Grade-5 အထိ ကျောင်းသား/သူများကို Save the Children က Student...

ဧရာဝတီတိုင်းဒေသကြီးတွင် တစ်နှစ်အတွင်း မူးယစ်အမှုပေါင်း ၁၈၃...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၅ ဇူလှိုင်လမှ၂၀၂၆ ဇွန်လအထိ တစ်နှစ်အတွင်း မူးယစ်အမှုပေါင်း ၁၈၃ မှုမှ၊တရားခံကျား ၂၈၃ ဦး၊မ ၂၆ ဦး၊ စုစုပေါင်း၃၀၉ဦး...

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်း အမှတ် လူထုလှုပ်ရှားမှု...

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်း အမှတ်အဖြစ် အားကစားရေးရာဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာ နနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူထုလှုပ်ရှားမှုအခမ်းအနားကို ယနေ့ ဇွန် ၂၇...

ကုန်သွယ်ရေးကွာဟချက်ကိုလျှော့ချရန်တရုတ်ကိုဘင်္ဂလားဒေ့ရှ်တောင်းဆို      

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံနှင့် တောင်အာရှနိုင်ငံအကြား ကုန်သွယ်ရေးကွာဟချက်ကို ကျဉ်းမြောင်းစေရေးနှင့် အဓိက အခြေခံအဆောက်အဦစီမံကိန်းများ ကို အကောင်အထည်ဖော်ရာတွင် ကူညီပေးရန် သောကြာနေ့က ပေကျင်းတွင် ကျင်းပသော ဆွေးနွေးပွဲများအတွင်း...
HomeNewsLocal Newsရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်...

ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး၌ ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပမည်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပရန်လျာထားသည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ ဦးစားပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ရွေးကောက်ပွဲ ကျင်းပမည့်အခြေအနေများနှင့် ပတ်သက်၍ မီဒီယာတစ်ခု၏ မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့် အချိန်၌ ဖြစ်ပေါ်နေသည့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်များ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမည်ဟုလည်း သိရသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လျာထားချက်အရ မြို့နယ်ပေါင်း (၂၆၇) မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပရန် လျာထားကြောင်း သိရသည်။

ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်က ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံး အသုံးပြုဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက အသေးစိတ်သိရမည်ဖြစ်ကာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်‌များအတွက် မဲထည့်ရမည့် စနစ်ကလည်း (FPTP) နှင့် (PR) (၂) မျိုးလုံး အသုံးပြုဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် မဲပေးရမည်ဖြစ်ကာ မိုက်ထရို ကွန်ထရိုလာ စနစ်ဖြစ်သည့် အတွက် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသည့် စနစ်ပါပြီးပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲ စနစ်နှင့် ကိုက်ညီသည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Save the Children က ကော့ကရိတ်မြို့နယ်မှ Grade- 1 မှ Grade-5 အထိ ကျောင်းသား/သူများကို Student Kits (၃၀၀)ထောက်ပံ့လှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ Grade- 1 မှ Grade-5 အထိ ကျောင်းသား/သူများကို Save the Children က Student Kits (၃၀၀)ကို ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့လှူဒါန်းခြင်းကို ကော့ကရိတ်မြို့၊ အ မှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ ဒေါနခန်းမ၌ကျင်းပရာ တာဝန်ရှိသူများက ကျောင်းသား/သူများကို Student Kits များထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် တစ်နှစ်အတွင်း မူးယစ်အမှုပေါင်း ၁၈၃ မှုမှ တရားခံ ၃၀၉ ဦး ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၅ ဇူလှိုင်လမှ၂၀၂၆ ဇွန်လအထိ တစ်နှစ်အတွင်း မူးယစ်အမှုပေါင်း ၁၈၃ မှုမှ၊တရားခံကျား ၂၈၃ ဦး၊မ ၂၆ ဦး၊ စုစုပေါင်း၃၀၉ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဇွန်လ ၂၆ ရက်က ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တို-က်ဖျ-က်ရေးနေ့ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၅ ဇူလှိုင်လမှ ၂၀၂၆ တစ်နှစ် နီးပါးအတွင်း မူးယစ်အမှုပေါင်း ၁၈၃ မှုမှ တရားခံ ကျား၂၈၃ ဦး၊မ၂၆ ဦး စုစုပေါင်း ၃၀၉...

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်း အမှတ် လူထုလှုပ်ရှားမှု နေပြည်တော်တွင် ယနေ့ ကျင်းပ

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်း အမှတ်အဖြစ် အားကစားရေးရာဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာ နနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူထုလှုပ်ရှားမှုအခမ်းအနားကို ယနေ့ ဇွန် ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအား ကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ လူထုလှုပ်ရှားမှု၌နေပြည်တော်ရှိ အသက် ၇ နှစ်မှ ၇၅ နှစ်အထိ စက်ဘီးစီးဝါသနာရှင်များ၊ လူငယ်အားကစားလေ့ ကျင့်ရေးစခန်းမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့် အား ကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၅၀၀ ခန့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071