Wednesday, August 6, 2025

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့်...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ...

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း...

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC...

သီတဂူဆရာတော်ကြီးမှ ကရင်ပြည်နယ်ရှိ ရေ‌ဘေးသင့်သူများအတွက် ငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်း

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ကရင် ပြည်နယ်အတွင်းရှိ ရေဘေးသင့်သူများအတွက် သီတဂူဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း(၁,၀၀၀) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁,၀၀၀)အား သီတဂူဆရာတော်ကြီး၏ညွှန်ကြားမှုဖြင့်...
HomeNewsLocal Newsမြန်မာနိုင်ငံ၌ ငလျင်ဒဏ်သင့်ချိန်တွင် တရုတ်နိုင်ငံ၏...

မြန်မာနိုင်ငံ၌ ငလျင်ဒဏ်သင့်ချိန်တွင် တရုတ်နိုင်ငံ၏ ကူညီပေးမှုများသည် နှစ်နိုင်ငံအကြားရှိ ထူးကဲသည့်ချစ်ကြည်ရင်းနှီးမှုနှင့် စာနာနားလည်မှုတို့ကို ပြသလျက်ရှိခြင်းပင်ဖြစ်

ယနေ့ ဇွန် ၈ ရက်တွင်ကျရောက်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန် ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံသို့ ဝမ်းမြောက်ဂုဏ်ယူကြောင်းသဝဏ်လွှာပေးပို့ရာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် (၇၅)နှစ်တာကာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံကြားဆက်ဆံရေးသည် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပြည်သူများကြားရင်းနှီးခင်မင်မှုတို့ဖြင့် ထူးခြားသည့်သွင်ပြင်လက္ခဏာရှိခဲ့ပြီး ယင်း ချစ်ကြည်ရင်းနှီးမှုများမှာ နှစ်ဖက်အစိုးရများအဆက်ဆက်၏ ပြုစုပျိုးထောင်မှုဖြင့် တစ်ဆထက်တစ်ဆ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက်ပူး ပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆင့်ထိ တိုးမြှင့်နိုင်ခဲ့သည်ဟု ရေးသားပြောဆိုခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် မစ္စတာ ရှီကျင့်ဖျင်၏ခရီးစဉ်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ဆက်ဆံ‌ရေးစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ခရီးစဉ်အတွင်း၌ သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတို့အပေါ်အခြေခံသော အေးအတူပူအမျှ တူညီသောအနာဂတ်ကိုမျှဝေပိုင်ဆိုင်သည့် မြန်မာ-တရုတ်အသိုက်အဝန်းကို ထူထောင်ရန်သဘောတူညီခဲ့ကြသည်ဟုလည်း ရေးသားပြောဆိုသည်။

ထို့ပြင် နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုတိုးတက်များပြားလျက်ရှိပြီး အထူးသဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ်-မြန်မာစီးပွားရေးစင်္ကြံမဟာဗျူဟာမြောက်စီမံကိန်းများကို နှစ်နိုင်ငံနှင့်ပြည်သူများအကျိုးအတွက် အကောင်အထည်ဖော်လျက်ရှိမှုမှာ များစွာကျေနပ်အားရဖွယ်ဖြစ်ပြီး မိမိတို့မော်စကိုမြို့၌တွေ့ဆုံစဉ် အထူးသဖြင့် နိုင်ငံတကာနှင့်ဒေသတွင်း မျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍများတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်ရေးတို့အတွက် တူညီသည့်ဘုံသန္နိဋ္ဌာန်ကို ထပ်လေ-ာင်းအတည်ပြုနိုင်ခဲ့သည်ဟုလည်း ရေးသားပြောဆိုခဲ့သည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကူမင်းမြို့၌ ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်း ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့ရာတွင် စွမ်းအင်၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူ့ကျန်းမာရေး အဓိကကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ခဲ့ပြီး ထိပ်သီးအစည်းအဝေးကာလအတွင်း၌ ဒေသနှင့်ကမ္ဘာတစ်ဝှမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကိုခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းလိ-မ်လ-ည်မှုများကို အတူတကွပူးပေါင်းတို-က်ဖျ-က်မှုများကို အရှိန်အဟုန်မြှင့်တင်ရေးအတွက်လည်း ကတိကဝတ်ပြုခဲ့ကြသည်ဟု ရေးသားပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်ပြီးချိန်တွင် လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို အချိန်နှင့်တစ်ပြေးညီပေးအပ်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများကို လှိုက်လှဲစွာကျေးဇူးတင်ရှိပြီး ယင်းသို့ ကူညီရိုင်းပင်းမှုများမှာ ဘေးဒုက္ခကြုံတွေ့ရချိန်တွင် မိမိတို့နှစ်နိုင်ငံကြားရှိ ထူးကဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စာနာနားလည်မှုတို့ကို ပြသလျက်ရှိခြင်းပင်ဖြစ်သည်ဟုလည်း ရေးသားပြောဆိုခဲ့သည်။

ထို့အတူ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာထောက်ခံပံ့ပိုးပေးနေသည်ကိုလည်း လှိုက်လှဲစွာကျေးဇူးတင်ကာ နှစ်နိုင်ငံကြားရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူ ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန်မျှော်လင့်သည်ဟုလည်း နစက ဥက္ကဋ္ဌက သဝဏ်လွှာပေးပို့၍ ရေးသားပြောဆိုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် အခြားသော မဲခေါင်နှင့်ဆက်စပ်သောပူးပေါင်းဆောင် ရွက်မှုယန္တရားများအနက် အအောင်မြင်ဆုံးယန္တရားတစ်ခုဖြစ်ကာ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန် (၉)နှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများမှ စီမံ ကိန်းပေါင်း(၉၈၄)ခုကိုပံ့ပိုးကူညီခဲ့ကြသည်ဟု အ ခမ်းအနားတက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၁၇...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ ပြုနိုင်ရန်အတွက် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုသို့ ခန်အပ်တာဝန်ပေးခြင်းအား အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရကောင်စီမှ အမိန့်အမှတ် ၆/၂၀၂၅ ဖြင့် ယနေ့ သြဂုတ် ၅ ရက်က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းပြော

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC U-20 Women's Asian Cup ခြေစစ်ပွဲအုပ်စု (D)၏ပွဲကြိုသတင်း စာရှင်းလင်းပွဲအတွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ "ကျွန်တော့်ကို အခွင့်အရေးထပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေရော၊ ကျွန်တော်တို့ရော စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပြု ပြင်တည်ဆောက်ပြီးတော့ ပြိုင်ပွဲဝင်သွားမှာပါ။ ယုံကြည်မှုလည်း ရှိပါတယ်။ ကျွန်တော်တို့အသင်းက အကောင်းဆုံးရလဒ်ကို ရယူပြီးတော့ အောင်မြင်မှုရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ ဒီပွဲကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071