Thursday, August 14, 2025

အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် VAR...

မြန်မာအမျိုးသမီးအသင်း နှင့် ထိုင်းအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ရမည့် အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် အပါအဝင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ဩစတြေးလျယူ ၂၃ အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း VAR...

မန္တလေးမဟာမုနိဘုရားကြီးအား ပိတ်ရက်မရှိလာရောက်ဖူးမြှော်နိုင်ပြီ

မန္တလေး မဟာမုနိဘုရားကြီးသို့ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် ဘုရားဖူးများ အဆင်ပြေစေရန်၊ ပိတ်ရက်မရှိဖွင့်လှစ်ထားလိုက်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။ ငလျင်ကြောင့်ပျ-က်စီးထိခို-က်မှုအချို့ရှိခဲ့သဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုလမှစ၍ ပုံမှန်အတိုင်းပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်ဖူးမြှော်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားပါတယ်၊ အနယ်နယ်အရပ်ရပ်ကဘုရားဖူးလာသူတွေအဆင်ပြေစေဖို့...

ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းပြီးဖြစ်

တိုင်းဒေသကြီး နှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်အဆင့် နှင့် မြို့နယ်အဆင့်ထိပါ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ‌ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအနှံ့...

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း တောင်ကျရေသတိထား ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းတို့၏ သက်‌ရောက်မှုကြောင့် မြန်မာနိုင်ငံ နေရာအနှံတွင် ဩဂုတ် (၁၅) ရက် မှ (၁၈)...
HomeInternationalအမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက ကြေညာ

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ် ဒီဘီက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

“အပြန်အလှန်ဆက်ဆံရေး နိယာမတွေနဲ့အညီ” အမေရိကန်နိုင်ငံသားတွေကို ဗီဇာဆိုင်းငံ့ဖို့ သူ့အစိုးရကို ညွှန်ကြားထားကြောင်း ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုမှာ ချဒ်သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။

“ချဒ်မှာ ပေးစရာလေယာဉ်တွေ မရှိဘူး၊ ပေးစရာဒေါ်လာဘီလီယံချီ မရှိဘူး၊ ဒါပေမဲ့ ချဒ်မှာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ဂုဏ်ယူမှုတွေ ရှိပါတယ်”လို့ ချဒ်သမ္မတဒီဘီက ပြောကြားခဲ့ပြီး၊ အဲဒီလိုပြောကြားမှုဟာ ကာတာနိုင်ငံ အုပ်ချုပ်သူမိသားစုက ထရမ့်အစိုးရကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ ဒေါ်လာသန်း ၄၀၀ တန် ဇိမ်ခံလေယာဉ်ကို စောင်းမြောင်းရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်လ် ထရမ့်က ဗုဒ္ဓဟူးနေ့မှာ သူ့ရဲ့ ပထမသက်တမ်းတုန်းက အဓိကမူဝါဒတစ်ခုကို ပြန်လည်အသက်သွင်းခဲ့ပြီး ချဒ်အပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို ဗီဇာပိတ်ပင်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါနိုင်ငံတွေကို “အားနည်းချက်ရှိတဲ့” စိစစ်မှုနဲ့ စိစစ်အတည်ပြုမှုတွေရှိပြီး အမေရိကန်မှာ သတ်မှတ်ကာလထက် ကျော်လွန်နေထိုင်တဲ့ သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ သမိုင်းကြောင်းအရ ငြင်းဆန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် VAR အသုံးပြုမည်

မြန်မာအမျိုးသမီးအသင်း နှင့် ထိုင်းအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ရမည့် အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် အပါအဝင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ဩစတြေးလျယူ ၂၃ အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း VAR အသုံးပြုမည်ဖြစ်သည်။ ဗီဒီယိုအကူဒိုင်စနစ်(VAR)ကို အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ပထမဆုံးအဖြစ် စတင်အသုံးပြုခြင်းလည်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(B)၌ ဩစတြေးလျယူ၂၃ အသင်းနှင့် တီမောအသင်းတို့ကို အနိုင်ရပြီး ဖိလစ်ပို င်အသင်းကို သရေကျကာရမှတ် (၇) မှတ်ဖြင့် အုပ်စုပထမရရှိခဲ့ကာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ်လ (၁၆)ရက်၌ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဩဂုတ်လ (၁၉)...

မန္တလေးမဟာမုနိဘုရားကြီးအား ပိတ်ရက်မရှိလာရောက်ဖူးမြှော်နိုင်ပြီ

မန္တလေး မဟာမုနိဘုရားကြီးသို့ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် ဘုရားဖူးများ အဆင်ပြေစေရန်၊ ပိတ်ရက်မရှိဖွင့်လှစ်ထားလိုက်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။ ငလျင်ကြောင့်ပျ-က်စီးထိခို-က်မှုအချို့ရှိခဲ့သဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုလမှစ၍ ပုံမှန်အတိုင်းပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်ဖူးမြှော်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားပါတယ်၊ အနယ်နယ်အရပ်ရပ်ကဘုရားဖူးလာသူတွေအဆင်ပြေစေဖို့ ပိတ်ရက်မရှိပြန်ဖွင့်ပေးထားပါတယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့၏အထင်ကရ မဟာမုနိဘုရားကြီး (မ ဟာမုနိရုပ်ရှင်တော်မြတ်)၏ တန်ဆောင်းတော်နှင့် ထီးတော်အချို့အပိုင်းများ ပျ-က်စီးထိခို-က်မှုဖြစ်ခဲ့ရာ နောက်တစ်ရက်မှစ၍ ဘုရားဖူးမြှော်ခွင့်နှင့် ဘုရားပေါ်တက်ရောက်ခွင့်ကို ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပြင်ဆင်မှုအချို့ပြုလုပ်ခဲ့ပြီး၊ ဇွန်လတတိယပတ်ခန့်ကစ၍ လပြည့်လကွယ်ဥပုသ်နေ့တိုင်း ဝင်ရောက်ဖူးမြှော်ခွင့်ပြုခဲ့ပြီး၊ ယခုအခါတွင် ပိတ်ရက်မရှိခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းပြီးဖြစ်

တိုင်းဒေသကြီး နှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်အဆင့် နှင့် မြို့နယ်အဆင့်ထိပါ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ‌ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။ ယမန်နေ့ ဩဂုတ်လ(၁၃)ရက်က ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုပြင် ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးအတွက် အထူးအလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071