တနင်္လာနေ့က လီဗာပူးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံအထိမ်းအမှတ်အဖြစ် ကားဖြင့် အောင်ပွဲခံလှည့်လည်ရာတွင် ပရိသတ်အုပ်အတွင်းသို့ ကားနှင့်ဝင်တို-က်မိသောကြောင့် ဒဏ်ရာပြင်းထန်သူနှစ်ဦး အပါအဝင် လူ ၂၇ ဦးကို ဆေးရုံတင်လိုက်ရကြောင်း သိရသည်။ သို့သော်လည်း အဆိုပါဖြစ်စဉ်သည် အကြမ်းဖက်ဝါဒနှင့် ဆက်နွယ်သည့် လုပ်ရပ်မဟုတ်ဟု ယူဆကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အင်္ဂလန်အနောက်မြောက်ပိုင်းမြို့တွင် အောင်ပွဲခံနေခဲ့သည့် ပရိသတ်အုပ်ကြီးကို ဝင်တို-က်ခဲ့သည့် ကား၏ ယာဉ်မောင်းဟု ယူဆရသည့် အသက် ၅၃ နှစ်အရွယ် လူဖြူဗြိတိသျှအမျိုးသားကို လီဗာပူးမြို့ဧရိယာတွင် ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။
အခင်းဖြစ်ပွားရာနေရာတွင် လူ ၂၀ ခန့်ကို ကုသမှုပေးခဲ့ကာ ကလေး ၄ ဦးအပါအဝင် ၂၇ ဦးကို ဆေးရုံတင်ပေးခဲ့ကြောင်းနှင့် ကလေးတစ်ဦးနှင့် လူကြီးတစ်ဦးသည် ဒဏ်ရာပြင်းထန်သည့် အခြေအနေရှိကြောင်း အရေးပေါ်လူနာတင်ယာဉ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကားအောက်တွင် ပိတ်မိသွားသည့် လူလေးဦးကို မီးသ-တ်သမားများက ဆွဲထုတ်ခဲ့ရသည်ဟု ဆိုသည်။
ဆိုရှယ်မီဒီယာပေါ် တင်ခဲ့သော ဗီဒီယိုဖိုင်များအရကားသည် ပရိသတ်အုပ်အတွင်း ဝင်တို-က်မိစဉ် လူများ လေထဲမြှောက်တက်သွားသည်ကို တွေ့ရသည်။ ကားရပ်သွားချိန်တွင် ဒေါသထွက်နေသော ပရိသတ်များက ကားဆီဝိုင်းအုံလာကြပြီး ၎င်းတို့ကို ယာဉ်မောင်းသူထံ မရောက်စေရန် ရဲတပ်ဖွဲဝင်များက ကြားဝင်ဟန့်တားခဲ့သဖြင့် ကားမှန်များကို စတင်ရိုက်ခွဲခဲ့ကြသည်။
“ဒါက တစ်ကိုယ်တော် ဖြစ်ရပ်တစ်ခုလို့ ကျွန်တော်ယုံကြည်ပါတယ်၊ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လောလောဆယ် အခြားဘယ်သူ့ကိုမှ ကျွန်တော်တို့ ရှာမတွေ့သေးပါဘူး။ ဒီအဖြစ်အပျ-က်ကို အကြမ်းဖက်ဝါဒလို့ မမှတ်ယူပါဘူး” ဟု ရဲအရာရှိငယ် ဂျင်နီဆင်းစ်က သတင်းထောက်များကို ပြောခဲ့သည်။
Spring Bank အားလပ်ရက်အတွက် လူအများစု အလုပ်ပိတ်ထားမှုနှင့်အတူ ထောင်ပေါင်းများစွာသော ပရိသတ်များသည် ပရီးမီးယားလိဂ်ဖလားနှင့်အတူ လီဗာပူးအသင်းနှင့် ကလပ်အသင်းဝန်ထမ်းများ အမိုးဖွင့်ကားဖြင့် မြို့တွင်းလှည့်လည်အောင်ပွဲခံမှုကို ကြည့်ရှုရန် စုရုံးခဲ့ကြသည်။
လီဗာပူးအသင်းကို တင်ဆောင်လာသော ဘတ်စ်ကားဖြတ်သန်းသွားအပြီး ၁၀ မိနစ်ခန့်အကြာတွင် ယာဉ်တို-က်မှုဖြစ်ပွားခဲ့ခြင်းဟု မျက်မြင်သက်သေတစ်ဦးက ပြောဆိုကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။
Ref: အင်န်ဒီတီဗီ
