Tuesday, July 15, 2025

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို...

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင်...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆...

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု...
HomeNewsLocal Newsလွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများနှင့် သမိုင်းဝင်အမွေအနှစ်များကို နစက...

လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများနှင့် သမိုင်းဝင်အမွေအနှစ်များကို နစက ဥက္ကဋ္ဌလိုက်လံကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၂၅ ရက်နံနက်ပိုင်းက လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုခဲ့သည်။

နစက ဥက္ကဋ္ဌသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တာဝန်ယူဆောင်ရွက်နေသည့် ကျိုင်းတုံ-လွိုင်မွေလမ်း လမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းကိုကြည့်ရှုစစ် ဆေးပြီး ကျိုင်းတုံ-လွိုင်မွေ လမ်းအဆင့်မြှင့်တင်ရာ၌ လမ်းကြောင်းရေရှည်တည်တံ့ကောင်းမွန်မှုရှိစေရေးစနစ်တကျတွက်ချက်ဆောင်ရွက်ရန် မှာ ကြားသည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် လွိုင်မွေကန်သို့သွား ရောက်ပြီး လွိုင်မွေဒေသရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုနှင့် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းတုံဒေသနှင့် လွိုင်မွေဒေသတို့တွင် ရေလုံလောက်စွာရရှိရေးဆောင်ရွက်ရန်၊ ရေဝေရေလဲဧရိယာများအတွင်းရှိ သစ်တောသစ်ပင်များအား ခုတ်ထွင်ခြင်းမပြုဘဲ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊ တောင်ယာခုတ်ထွင်ခြင်းသည် သစ်တောသစ်ပင်များကိုဆုံးရှုံးစေနိုင်၍ ကုန်းမြင့်လယ်ယာစနစ်ကိုဖော်ဆောင်ပေးရန်၊ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာပညာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

ထို့အတူ လွိုင်မွေမြို့၊ (၁၀၇)နှစ်သက်တမ်းရှိ တိုက်နယ်ပြည်သူ့ဆေးရုံသို့ နစက ဥက္ကဋ္ဌမှသွားရောက်၍ ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုကာ ဆေးရုံအားအဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည့်အခြေအနေများကို မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် သမိုင်းဝင် နှစ်(၁၀၀)စံအိမ်အတွင်းခင်းကျင်းပြသထားသည့် လွိုင်မွေမြို့သမိုင်းနှင့်အထင်ကရနေရာများမှတ်တမ်းဓာတ်ပုံများ၊ စံအိမ်ကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စံအိမ်အတွင်းရှိ အသုံးအဆောင်ပစ္စည်းများအား ပြုပြင်ထိန်းသိမ်းရာတွင် မူလလက်ရာမပြတ် ပြန် လည်ပြင်ဆင်ရန်၊ လိုအပ်သည့် အိမ်အသုံးအဆောင်ပရိဘောဂများကို မူလလက်ရာများအတိုင်း ပြုလုပ်၍ ထည့်သွင်းခင်းကျင်းထားရန်တို့ကို မှာကြားခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် လွိုင်မွေတောင်စခန်းမြို့ရှိ စတုရဋ္ဌသုမင်္ဂလစေတီတော်၊ စေတီတော်ဓမ္မာရုံတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အားဖူးမြှော်ကြည်ညိုပြီး တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ အားဖူးမြော်၍ နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းပြီး စေတီတော်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးမည်

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင် ၁၄ ရက်နံနက်ပိုင်းကပြုလုပ်သည့် စိစစ်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းရှိ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိ၍ လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တ လေး)ကိုဖြတ်သန်းသွားလာမည့်ကားများအားစိစစ်ရာတွင် ယာဉ်ကြောကြပ်တည်းခြင်းမဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများအခက်အခဲမရှိစေရန် ၁၅ တန်နှင့်အထက် ကုန်တင်ယာဉ်များအား အမရပူရမြို့နယ်ရှိ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်း(စွယ်တော်ကားကွင်း)ရှိစစ်ဆေးရေးစခန်းနှင့် ၁၅...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်ည ၈ နာရီမှ ဇူလိုင် ၁၃ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ(၇၅၃)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့သည်းအပြင် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်(၁၉)ရောဂါဖြင့် ‌ေ-သဆုံးလူနာမရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရော ဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ(အသက်...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆ ဒသမ ၄)တန်အား ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာ့နာနတ်သီးများ တရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိပြီးနောက် ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်သွင်းကုန်အဖြစ်တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ " ဒီတစ်ခါတင်သွင်းတဲ့ လတ်ဆတ်တဲ့နာနတ်သီးတွေဟာ မြန်မာနိုင်ငံရဲ့အရည်အသွေးမြင့်စိုက်ခင်းတွေကနေ ရောက်ရှိလာတာပါ။ ချိုမြိန်ပြီးအရည်ရွှမ်းသလို အရသာလည်းအလွန်ကောင်းမွန်ပါတယ်။ ဒီနာနတ်သီးတွေကို ဝမ်တိန်မြို့မှာအမျိုးအစားခွဲပြီး ကူမင်း၊ ချန်တူးစတဲ့ အနောက်တောင်ပိုင်းရဲ့အဓိကမြို့ကြီးတွေမှာ ရောင်းချသွားမှာပါ"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071