Thursday, April 30, 2026

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ...

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင်...

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
HomeInternationalတရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊...

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ် ထိပ်သီးအစည်းအဝေးတက်ရောက်မည်

ပေကျင်း၊ မေ ၂၂

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက် နေ့အထိ အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်သည်။

လီသည် မေလ ၂၆ ရက် နေ့မှ ၂၈ ရက် နေ့အထိ အာဆီယံ-ဂျီစီစီ (ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ)-တရုပ် ထိပ်သီးအစည်းအဝေးကို မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်၏ ဖိတ်ကြားချက်အရ တက်ရောက်မည်ဖြစ်ကြောင်း ကိုလည်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

၇၅ နှစ်ကြာ သမိုင်းဝင် တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေးသည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ရလဒ်ကောင်းများ ဆက်တိုက်ဖြစ်ထွန်းလာခဲ့ကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်ဝ်နင်းက ကြာသပတေးနေ့တွင် ပြုလုပ်သည့် နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သောနှစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ကာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုနှင့်အတူ အနာဂတ် တရုတ်-အင်ဒိုနီးရှား အသိုက်အဝန်းကို တည်ဆောက်ရန် အရေးကြီးသော သဘောတူညီမှု ရရှိခဲ့သည်။

လီ၏ အစီအစဉ်တွင် သမ္မတ ပရာဘိုဝို အပါအဝင် အင်ဒိုနီးရှားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပါဝင်မည်ဖြစ်ပြီး၊ ၎င်းတို့သည် အဆင့်မြင့်နှင့် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆွေးနွေးကြမည်ဖြစ်သည်။ လီသည်လည်း ဒေသတွင်း စီးပွားရေး အသိုင်းအဝိုင်း၏ လှုပ်ရှားမှုများကိုလည်း တက်ရောက်မည်ဟု မော်ဝ် က ဆိုသည်။

တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်မဏ္ဍိုင်ကြီးငါးရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူများနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ ရေကြောင်းရေးရာနှင့် လုံခြုံရေးတို့၌ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် ခိုင်မာစေရန် မျှော်လင့်ကြောင်း သူက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ၏ ခေတ်မီတိုးတက်ရေး လမ်းကြောင်းတစ်လျှောက်တွင် ဘုံအနာဂတ်ရှိသောနှစ်နိုင်ငံသည် တရုတ်-အင်ဒိုနီးရှား ရင်းနှီးမှုအသိုက်အဝန်း၏ အဓိပ္ပာယ်ကို အဆက်မပြတ် တိုးပွားစေပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့အတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း သူက ပြောကြားခဲ့သည်။

ပထမအကြိမ်ကျင်းပမည့် အာဆီယံ-ဂျီစီစီ-တရုတ် ထိပ်သီးအစည်းအဝေးတွင် အာဆီယံနှင့် ဂျီစီစီ နိုင်ငံများသည် အာရှတွင် ထွန်းသစ်စစီးပွားရေးနိုင်ငံများ၊ ကမ္ဘာ့တောင်ဘက်၏အရေးပါသော အဖွဲ့ဝင်များ နှင့် ရပ်ဝန်းနှင့် လမ်းမစီမံကိန်း (Belt and Road) ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးသောမိတ်ဖက်များ ဖြစ်ကြောင်း မော်ဝ်က ပြောကြားခဲ့သည်။

အာဆီယံ-ဂျီစီစီ-တရုတ် ထိပ်သီးအစည်းအဝေးကျင်းပရန် အဆိုပြုရာတွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ မလေးရှားကို တရုတ်နိုင်ငံက ထောက်ခံကြောင်း သူကပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများအရ စည်းလုံးညီညွတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးနှင့် ဒေသအနှံ့အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရေး အစီအစဉ်များကို သုံးပွင့်ဆိုင် ပူးပေါင်း ဆွေးနွေးရန် အရေးကြီးကြောင်း သူက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နယ်ပယ်အသီးသီးတွင် အာဆီယံနှင့် ဂျီစီစီ နိုင်ငံများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်၊ အားသာချက်များကို အသုံးချကာ နှစ်ဦးနှစ်ဘက်အကျိုးရှိသော ရလဒ်များရရှိရေး၊ နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ပူးတွဲကာကွယ်ကာ ကမ္ဘာ့တောင်ဘက်၏ ဘုံအကျိုးစီးပွားကို ကာကွယ်ရန် မျှော်လင့်ကြောင်း မော်ဝ်က ပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားဟု ဒေါက်တာသက်ခိုင်ဝင်းပြော

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand Hotel Phayathai ၌ ဧပြီလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပပြု လုပ်နေသည့် “၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ အ သည်းရောင်ရောဂါဆိုင်ရာညီလာခံ” သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတက်ရောက်စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။ အဆိုပါ ညီလာခံကို "မည်သူမျှ နောက် ကျမကျန်စေရ" (Elimination...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း ရန်ကုန်တိုင်းရှိမြို့နယ်အချို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးခနောင်တို(အရှေ့)ရပ် ကွက်၊ ရေတမာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ ဦးဖိုးကျားလမ်း၊ ရထားသံလမ်းပေါ်တို့တွင် သစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်၊ တော်ဝင်စင်တာရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်းအိမ်ရာရှေ့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ် ကွက်၊ ပုဏ္ဏမီလမ်းမပေါ်၊ ရန်ကင်းမြို့နယ်၊ (၁၆)ရပ် ကွက်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင် ပြန်လည်ဖွင့်လှစ်

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်သည်။ ဖွင့်ပွဲကို သံရုံးအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်က အထူးဧည့်ခံပွဲကျင်းပ၍ တရားဝင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ မန္တလေး ဂျက်ဖာဆင်စင်တာသည် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၌ တည်ရှိသည်။ ထိုဂျက်ဖာဆင်စင်တာသည် အမေရိကန်ပြည်ထောင်စုနှင့် အထက်မြန်မာပြည်ကြား ဆယ်စုနှစ်ပေါင်းများစွာ အရေးပါသော ပေါင်းကူးတံတားတခုအဖြစ် တည်ရှိခဲ့ကြောင်းလည်း ဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071