Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalမလေးရှားဝန်ကြီးချုပ် ရုရှားနိုင်ငံသို့ ဒုတိယအကြိမ်...

မလေးရှားဝန်ကြီးချုပ် ရုရှားနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်

မေ ၁၃

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် သမ္မတတာဝန်ယူပြီးနောက် သမ္မတဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ယနေ့တွင် ရုရှားနိုင်ငံသို့ လေးရက်ကြာနိုင်ငံတော်ခရီးစဉ် စတင်မည်ဖြစ်သည်။

ယမန်နေ့က ထုတ်ပြန်ချက်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အန်ဝါ သည် သမ္မတ ပူတင်၊ ၀န်ကြီးချုပ် မီခေးအယ်လ် မစ်ရှူးစတင် တို့နှင့် အဆင့်မြင့်တွေ့ဆုံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဆွေးနွေးပွဲများသည် နှစ်နိုင်ငံ ဆက်ဆံရေးကို အကဲဖြတ်သုံးသပ်ရန်နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန်၊ ပညာရေး၊ အာကာသနည်းပညာနှင့် လျှပ်စစ်ဓါတ်အားစွမ်းအင် အပါအဝင် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ခေါင်းဆောင်များသည် အပြန်အလှန်အရေးပါသော ဒေသတွင်းနှင့် နိုင်ငံတကာ အရေးပါမှုရှိသည့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအပေါ် အမြင်ချင်း ဖလှယ်ကြမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် တိုးချဲ့နိုင်ရေး နည်းလမ်းများကို ရှာဖွေမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

အန်ဝါသည် မေလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကာဇန်မြို့တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် ရုရှား-အစ္စလာမ့်ကမ္ဘာအပြည်ပြည်ဆိုင်ရာကာဇန်စီးပွားရေးဖိုရမ် သို့ တက်ရောက်မည်ဖြစ်သည်။ အန်ဝါ သည် ရုရှားဖက်ဒရေးရှင်းနှင့် အစ္စလာမ့်ကမ္ဘာ့နိုင်ငံများကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကပလက်ဖောင်းအဖြစ် ဖော်ညွှန်းထားသည့်အဆိုပါ ဖိုရမ်တွင် အဓိကမိန့်ခွန်းအမှာစကား ပြောကြားမည်ဖြစ်သည်။

အန်ဝါသည် ပြီးခဲ့သောနှစ်တွင် ရုရှားနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်ပြီးနောက် ဗလာဒီဗော့စတော့တွင် ကျင်းပသည့် အရှေ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။ ပူတင်နှင့် တွေ့ဆုံစဉ်တွင် အန်ဝါက ရုရှားခေါင်းဆောင်၏ “အမြင်နှင့် ခေါင်းဆောင်မှု” ကို ချီးကျူးခဲ့ပြီး ရုရှားအား “အဓိက မိတ်ဖက်နိုင်ငံ” ဟု ခေါ်ကာ ရုရှားနှင့် မလေးရှား နှစ်နိုင်ငံအကြား “အထူးဆက်ဆံရေး” ထူထောင်ရန် အဆိုပြုခဲ့သည်။

ခရီးစဉ်မတိုင်မီတွင် မလေးရှားနိုင်ငံသည် BRICS စီးပွားရေးအဖွဲ့တွင် ပါဝင်ရန် လျှောက်လွှာတင်ခဲ့ကြောင်း အန်ဝါက ဇူလိုင်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လာဖရော့ဖ် နှင့် ဆွေးနွေးခဲ့သည်ဟု သိရသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် မလေးရှားနိုင်ငံသည် BRICS ၏မိတ်ဖက်နိုင်ငံဖြစ်လာသည့် အရှေ့တောင်အာရှနိုင်ငံလေးနိုင်ငံထဲတွင် ပါဝင်ခဲ့ပြီး၊ ယခုအခါတွင် BRICS သည် အမေရိကန် ဦးဆောင်သော ဂျီ-၇ ကဲ့သို့သောအဖွဲ့အစည်းများ၏ အစားထိုး အဖွဲ့အစည်းအဖြစ် ပိုမိုအသိမှတ်ပြုခံလာရသည်။ ၂၀၁၄ ခုနှစ်တွင် ဂျီ-၇ မှ ရုရှားကိုထုတ်ပယ်ခံခဲ့ရသည့် နောက်တွင် ယင်းအဖွဲ့များတွင် ရုရှားသည်ပါဝင်ခြင်းမရှိတော့သည်ကို တွေ့ရသည်။

တစ်ဖက်မှ ကြည့်လျှင်၊ အန်ဝါ၏ ရုရှားနိုင်ငံသို့ နွေးထွေးစွာဆက်ဆံမှုနှင့် BRICS အသင်းဝင်ဖြစ်လာရန် ကြိုးပမ်းမှုသည် စီးပွားရေးနှင့် နိုင်ငံခြားရေးဆိုင်ရာမူဝါဒ လက်တွေ့ကျမှုအရင်းခံ၍ အကျိုးတူအမြတ်ယူမှု တစ်ခုဖြစ်နိုင်သည်။ ထိုသဘောထားသည် ယှဉ်ပြိုင်နေသော မဟာဗျူဟာနှင့် စီးပွားရေးအုပ်စုများနှင့် အချင်းချင်းသာတုညီမျှ ဆက်ဆံရေးတည်ဆောက်ရန် ကြိုးစားမှုတစ်ခု ဖြစ်နိုင်သည်။ မလေးရှားတာဝန်ရှိသူများက BRICS အဖွဲ့ဝင်ဖြစ်ခြင်းကနေ ဖြစ်လာနိုင်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအကျိုးကျေးဇူးများကို မြှင့်တင်ပြောကြားလေ့ရှိပြီး၊ ရုရှား၊ အမေရိကန်နှင့် အနောက်နိုင်ငံများကြားရှိ ကြားခံစစ်ပွဲ (proxy war) ထဲသို့ ဆွဲသွင်းခံရခြင်းမှ ရှောင်ကြဉ်ရန်လည်း ကြိုးပမ်းခဲ့သည်။

ဤကိစ္စနှင့်စပ်လျဉ်း၍ သူသည် ဒေသတွင်းနိုင်ငံများစွာနှင့် အလားတူ တူညီစွာဖြင့်တွေးတောနေပါသည်။ အန်ဝါ၏ပထမဆုံးရုရှားခရီးစဉ်အတွက် SCMP တွင် လန် စတိုရီ ကဖော်ပြခဲ့ပြီးထိုခရီးစဉ်တွင် အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှခေါင်းဆောင်များ ပါ၀င်ပြီးနောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကိုကျူးကျော်ပြီးနောက် ပူတင်နှင့်တွေ့ဆုံခဲ့သည့် ဆဌမမြောက် အရှေ့တောင်အာရှခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့သည်။ အင်ဒိုနီးရှားသမ္မတ ပြာဘိုဝို စူဘီယနတို သည် ယခုရာထူးမတက်မီ သုံးလအလိုတွင် ပူတင်နှင့် ပြီးခဲ့သည့် ဇူလိုင်လက တွေ့ဆုံခဲ့သည်။ စင်္ကာပူနိုင်ငံမှလွဲ၍ အခြား အရှေ့တောင်အာရှနိုင်ငံ ဘယ်နိုင်ငံမှ ရုရှားကို ကျူးကျော်မှုအတွက် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားခြင်းမရှိကြောင်းတွေ့ရသည်။

အန်ဝါ၏ကိစ္စတွင်၊ ထပ်လောင်းစဉ်းစားရမည့် အချက်တစ်ခုမှာ- လက်ရှိအမေရိက ဦးဆောင်သော နိုင်ငံတကာအစီအစဥ်နှင့်စီမံအုပ်ချုပ်မှုစနစ်နှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်ရှိသည်။ မလေးရှား ခေါင်းဆောင်အတွက်၊ ကမ္ဘာ့တောင်ဘက်ရှိ အခြားခေါင်းဆောင်များစွာအတွက်၊ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများအပေါ် အစ္စရေး၏ ပြင်းထန်စွာ တိုက်ခိုက်မှုများအတွက် အနောက်နိုင်ငံမှ ထောက်ခံမှုသည် လက်ရှိနိုင်ငံတကာ အာဏာအစီအမံများ၏ တရားမျှတမှုသဘောကို မီးမောင်းထိုးပြနေပါသည်။ ၎င်း၏ကိစ္စတွင်၊ မလေးရှားသည် အစ္စလာမ့်ကမ္ဘာနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ခေါင်းဆောင်တစ်ဦးအဖြစ် ပိုမိုတက်ကြွသောအခန်းကဏ္ဍမှ ပါဝင်နိုင်သည့် ပိုမို “ဟန်ချက်ညီသော” ဘက်စုံအစီအစဉ်ကို ထောက်ခံရန် ကြိုးပမ်းမှုများလည်း ပါဝင်ပါသည်။

ပြီးခဲ့သည့် ဇွန်လက ဖေ့ဘုတ် ပို့စ်တစ်ခုတွင် အန်ဝါက “ကမ္ဘာကြီး တိုးတက်ပြောင်းလဲလာချိန်တွင်၊ ယေဘူယျ ရှုတ်ချသော သဘောထားအမြင်များနှင့် ကိုလိုနီခေတ် အတွေးအခေါ်များ ဆက်လက်တည်ရှိနေသည်” ဟု ဆိုခဲ့သည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ အာဏာခွဲဝေမှုတွင် အပြောင်းအလဲများကို ချီးကျူးခဲ့ပြီး ယင်းတို့သည် “အများပြည်သူများ၏ကွဲပြားသော အသံများနှင့် မတူညီသည့် ရှုမြင်ချက်များကို ပိုမိုအသိအမှတ်ပြု လေးစားလာကြသည့် ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်ဆီသို့ ရွေ့လျားနေခြင်းကို ညွှန်ပြနေပါသည်။”ဟုဖော်ပြခဲ့သည်။

ရုရှားနှင့် ပိုမိုနီးကပ်သောဆက်ဆံရေးတည်ဆောက်လိုသည့်ကြိုးပမ်းမှုအတွင်း အန်ဝါသည် ယူကရိန်းအပေါ် ရုရှား၏ တိုက်ခိုက်မှုအကြောင်း စွဲပြသည့်ဝေဖန်မှုများကို ရှောင်ရှားလိုက်ရသည်။ ဤအချက်မှာလည်း သူ့ရဲ့ ဂါဇာရှိ ပါလက်စတိုင်းများအတွက် တက်ကြွစွာ အားဖြည့်ပြောကြားခဲ့မှုနှင့် မညီမျှသည့်အရာတစ်ခုဖြစ်သည်ဟု မနှစ်က သူ့၏လုပ်ဖော်ကိုင်ဖက် ဒေးဗစ် ထွဋ်က ရေးသားခဲ့သည်။ သို့သော် အန်ဝါအတွက်တော့ ယင်းသည် ပိုမိုကျယ်ပြန့်သည့် ဒေသတွင်း နှင့်ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး ပြောင်းလဲမှုကို အားပေးထောက်ခံရန်အတွက် ခံယူရမည့် ပေးဆပ်မှုတစ်ခုဖြစ်နိုင်သည်။

Ref: သည်ဒီပလိုမက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071