Thursday, June 26, 2025

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ...

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...
HomeNewsLocal Newsမြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များတွင်လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရရှိနိုင်မည့်...

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များတွင်လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရရှိနိုင်မည့် အကျိုးခံ စားခွင့်များကို ဆွေးနွေးပြောကြား

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းမှ ဟူနန်ပြည်နယ်၊ ဟွိုင်ဟွမြို့ရှိ Huaihua International Convention and Exhibition Center ၌ The 2nd Hunan (Huaihua) RCEP Economic and Trade Expo ၏ မေ ၉ ရက်ကပြုလုပ်သော ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များတွင်လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရရှိနိုင်မည့် အကျိုးခံစားခွင့်များကို ဆွေးနွေးပြောကြားခဲ့သည်။

မြန်မာကောင်စစ်ဝန်ချုပ်မှ မြန်မာနိုင်ငံတွင် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး အထူးသဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများချမှတ်ဆောင်ရွက်နေမှု၊ အထူးစီးပွားရေးဇုန်များတည်ထောင်ထားရှိမှုတို့ကို ဆွေးနွေးပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးတွင် တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကဏ္ဍများ၊ မြန် မာနိုင်ငံနှင့် ဟူနန်ပြည်နယ်တို့ကြားကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့်အလားအလာများ၊ နှစ်နိုင်ငံကြားကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၌ အပြန်အလှန်မြှင့်တင်နိုင်ရေးတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်းစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ မြန်မာဘီယာ၊ ကော်ဖီ၊ လက်ဖက်ခြောက်စသည့် စားသောက်ကုန်များ၊ ပယင်းလက်ဝတ်ရတနာများ၊ သစ်သားလက်မှုထည်များ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလက်ကမ်းစာစောင်များကို ခင်းကျင်းပြသလျက်ရှိသည်။

ကုန်စည်ပြပွဲအား ဟူနန်ပြည်နယ်နှင့် RCEP နိုင်ငံများကြား စီးပွားရေး၊ ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်ရည်၍ ဟူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနနှင့် ဟွိုင်ဟွမြို့အစိုးရတို့မှကြီးမှူးပြီး မေ ၉ ရက်မှ မေ ၁၁ ရက်အထိ ကျင်းပလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ တက်ရောက်

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့် ဘီလာရုစ်နိုင်ငံ သည် ဥရောပအာရှစီးပွားရေးကောင်စီ (Eurasian Economic Council) ၏အစည်းအဝေးနှင့်အတူ ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး EAEU အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ ပါဝင်တက်ရောက်ကြသည်။ "ဥရောပအာရှစီးပွားရေး ပေါင်းစည်းမှုမဟာဗျူဟာ--ရလဒ်များနှင့် အလားအလာများ" ဟူသော ခေါင်းစဉ်ဖြင့် ဖိုရမ်ကို နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ နိုင်ငံပေါင်း ၃၀ ကျော်မှ လူပေါင်း ၂,၇၀၀...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားမည်

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Aliaksandr Khajayeu တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌသည် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံအားသွားရောက်လေ့လာစဥ် ဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။ Belmedpreparaty ဆေးဝါးစက်ရုံသို့ရောက်ရှိစဥ် နစက ဥက္ကဋ္ဌသည် စက်ရုံရှေ့၌ပြသထားသည့် ဆေး ကုသရေးအထောက်အကူပြု မော်တော်ယာဉ်များ၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသမှုများဆောင်ရွက်ရာတွင်အ သုံးပြုသည့်...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆ ရက်ကမီးရှို့ဖျ-က်ဆီးခဲ့ကြသည်။ ထိုသို့ ပြုလုပ်ရာ ရန်ကုန်တိုင်း၊ လှိုင်သာယာ(အ နောက်ပိုင်း)မြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း၌ ကျင်းပသည့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများမီးရှို့ဖျ-က်ဆီးခြင်းအခမ်းအနားတွင် ငွေကျပ်(၄၂၄)ဘီလီယံခန့်(အမေရိကန်ဒေါ်လာ ၁၁၈ သန်းခန့်)အား မီးရှို့ဖျ-က်ဆီးခဲ့ကြသည်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှဖမ်းဆီးရမိခဲ့သော ဘိန်း(၃၅)ကီလိုခန့်၊ ဘိန်းဖြူ(၁၇၃)ကီလိုကျော်၊ စိတ်ကြွဆေးပြား(၇၃) သန်းကျော်၊ အိုက်စ်(၁၀,၄၇၆)ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071