Friday, June 27, 2025

တောင်ကြီးတက္ကသိုလ်တွင် Business Law ဒီပလိုမာသင်တန်း...

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက...

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့်...

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန်...

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့်...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ...
HomeNewsLocal Newsငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက်...

ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ဂျပန်နိုင်ငံမှ စေတနာရှင်များက ငွေလှူဒါန်း

ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ဂျပန်နိုင်ငံရှိ စေတနာရှင်များက အလှူငွေများလှူဒါန်းခဲ့ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ထားသည်။

ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်ပို့ဆောင်ရေးဝန်ကြီးဟောင်း H.E. Mr. Makoto Koga မှ ယန်းငွေ ၅၀၀,၀၀၀ (ယန်းငါးသိန်း) ကို ဧပြီလ (၂၃) ရက်ကလည်းကောင်း၊ Sai no Kuni Health and Welfare Cooperative မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် EAINDRA Network Co., Lt d မှ ယန်းငွေ ၁၀၀,၀၀၀ (ယန်း ၁ သိန်း) တို့ကို ဧပြီ ၃၀ ရက်နေ့ကလည်းကောင်း၊ Medical Care Planning Co., Ltd မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် Tokyo One Co., Ltd တို့မှ ယန်းငွေ ၂၀၀,၀၀၀ (ယန်းနှစ်သိန်း) ၊ ရှီနာဂါဝါမြို့ နယ်အတွင်းရှိ ဂျပန်နိုင်ငံသားစေတနာရှင်များမှ ယန်းငွေ ၄၀,၀၀၀ (ယန်းလေးသောင်း) တို့ကို မေလ (၇) ရက်ကလည်းကောင်း အသီးသီးလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မေလ (၉) ရက်အထိ မြန်မာသံရုံးတွင် စေတနာရှင်များနှင့် အဖွဲ့အစည်းအသီးသီးတို့မှ စုပေါင်းလှူဒါန်းငွေအနေဖြင့် ယန်း ၁၅,၀၁၃,၀၀၀ (ယန်း တစ်ဆယ့်ငါးသန်း တစ်သောင်းသုံးထောင်) အား လက်ခံရရှိခဲ့ပြီး စုစုပေါင်း ယန်း ၂၀,၀၀၀,၀၀၀ (ယန်း သန်း ၂၀ တိတိ) ပမာဏရှိ အစား အသောက်နှင့်ဆေးဝါးများ၊ သောက်ရေသန့်နှင့် ရွက်ဖျင်တဲများအား လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် AEON 1% Club Foundation မှ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ မြန်မာပြည်သူလူထုအတွက် လှူဒါန်းသော ယန်း ၁၀,၀၀၀,၀၀၀ (ယန်း ၁၀ သန်း) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လွှဲပြောင်းလက်ခံရယူပြီး ဖြစ်သည်။

အဆိုပါလှူဒါန်းငွေများနှင့်ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ဆက်လက်ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကြီးတက္ကသိုလ်တွင် Business Law ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ရန် ခွင့်ပြုကြောင်း အထောက်အထား တင်ပြရမည်ဖြစ်သည်။ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ (ပထမနှစ်ဝက်) နှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ (ဒုတိယနှစ်ဝက်) တို့ကို တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်း (၉) လကြာမြင့်မည်ဖြစ်သည်။ တောင်ကြီးတက္ကသိုလ်တွင် တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်...

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့် (၁)ရှိ ဘရန်ဒန်ရိုဗာဖြင့် ထိုးသ-တ်မည်

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန် ဇွန် ၂၉ ရက် မနက်ပိုင်း)တွင် ကျင်းပပြုလုပ်မည့် UFC 317 ပွဲစဉ်၌ ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန်နှင့် UFC ဖလိုင်းဝိတ်အဆင့် (၁) ရှိ ဘရန်ဒန်ရိုဗာတို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။ ယခုပွဲစဥ်တွင် UFC Number Events ရှေ့ထွက်တွဲဆိုင်း (Prelims Card)နေရာ၌ ထိုးသတ်ခဲ့ရသည့် ဂျော့ရှုဝါဗန်အနေဖြင့် ခေါင်တွဲဆိုင်း(Main Card)တွင်...

Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Bandaranaike Memorial International Conference Hall (BMICH) ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ “Sri Lanka EXPO 2026” ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071