Tuesday, June 24, 2025

မီးခိုးမြူ တို-က်ဖျ-က်ရေးအတွက် မြန်မာ-လာအို-ထိုင်း (၃)...

နယ်စပ်ဖြ-တ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံအနေဖြင့် မီးခိုးမြူတို-က်ဖျ-က်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ...

မုတ်သုံလေအားအလွန်ကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံ‌လေသည်အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ အသိပေးထုတ်ပြန်ချက်အရ...

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...
HomeInternationalပါကစ္စတန်ကိုအိန္ဒိယကတိုက်ခိုက်၍အရပ်သား ၂၆ ဦး...

ပါကစ္စတန်ကိုအိန္ဒိယကတိုက်ခိုက်၍အရပ်သား ၂၆ ဦး -သဆုံးပြီး ၄၆ ဦး ဒဏ်ရာရ

အစ္စလာမ်ဘတ်၊ မေ ၇

အင်္ဂါနေ့ညနှင့် ဗုဒ္ဓဟူးနေ့နံနက်တွင် ပါကစ္စတန်နိုင်ငံရှိ နယ်မြေခြောက်ခုတွင် အရပ်သားများအခြေချရာနေရာများကို အိန္ဒိယက တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် လူ ၂၆ ဦး ‌ေ-သဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ မီဒီယာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပါကစ္စတန်ထိန်းချုပ်ထား‌ေသာ ကက်ရှ်မီးယားနှင့် အရှေ့ဘက်ပန်ဂျပ်ပြည်နယ်မှ အရပ်သားများကို ပစ်မှတ်ထားပြီး အိမ်များနှင့် ဗလီများကို အိန္ဒိယက တိုက်ခိုက်ခဲ့သည်ဟု ဌာနဆိုင်ရာ အချင်းချင်း ပြည်သူ့ ဆက်ဆံရေးဌာန (ISPR) ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အာဟမက် ရှာရဖ် ချောင်ဒူရီ က မီဒီယာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ပါကစ္စတန်လေတပ်က ရာဖေးလ် ၃ စင်း၊ MiG-29 ၁ စီး၊ Sukhoi ၁ စီးနှင့် အိန္ဒိယပိုင်နက်အတွင်း အပျက်အစီးများ ကျရောက်ခဲ့သည့် တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် အိန္ဒိယတိုက် လေယာဉ်ငါးစင်းကို ပါကစ္စတန်လေတပ်က ပစ်ချခဲ့ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။ “ယခုအချိန်ထိ ပါကစ္စတန်လေယာဉ်တစ်စင်းမှ အိန္ဒိယလေပိုင်နက်ထဲကို ဝင်မသွားသေးဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ပါကစ္စတန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုတွင် အိန္ဒိယတပ်မတော်မှ တပ်စခန်းအချို့နှင့် အိန္ဒိယစစ်တပ်၏ တပ်မဟာဌာနချုပ်များကို ပစ်မှတ်ထားသည်ဟု ISPR အကြီးအကဲက ပြောကြားခဲ့သည်။

ပါကစ္စတန်လေတပ်က တိုက်ခိုက်ရခြင်းမှာ အိန္ဒိယက ပိုင်နက်နယ်မြေကို တဘက်သတ်တိုက်ခိုက်ခြငါးနှင့် အပြစ်မဲ့ပါကစ္စတန်ပြည်သူများကို အင်အားကြီးလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း‌ေကြာင့်ဖြစ်သည်ဟုဆိုသည်။

ယခုဖြစ်ရပ်တွင် အိန္ဒိယသည် မူဇာဖာရာဘာဒ် ခရိုင်ရှိ နီလမ်-ဂျယ်လမ် ရေအားလျှပ်စစ်စီမံကိန်း၏ နော်ဆာရီ ဆည် အဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်ရာ ဆည်အဆောက်အအုံမှာ ပျက်စီးသွားကြောင်း ချောင်ဒူရီ က ပြောကြားပြီး “ရေအားလျှပ်စစ်အခြေခံအဆောက်အအုံကို ပစ်မှတ်ထားပတိုက်ခိုက်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိသည့်အပြင် အန္တရာယ်ရှိသော တိုက်ခိုက်မှု တစ်ခုဖြစ်သည်”ဟုပြောကြားခဲ့သည်။

တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်း ခရီးစဉ် အများအပြားသည် ပါကစ္စတန် လေပိုင်နက်တွင် ရှိနေကြပြီး ထောင်နှင့်ချီသော အရပ်သား ခရီးသည်များ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသည်ဟု ISPR အကြီးအကဲက ပြောကြားခဲ့သည်။

“ညအမှောင်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ပါကစ္စတန်က လက်တုံ့ပြန်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်မှာပါ” ဟု ချောင်ဒရီ က ပြောကြားပြီး မနေ့ညက ပါကစ္စတန်၏ လုပ်ရပ်သည် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ လက်တုံ့ပြန်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ပါကစ္စတန်က အကြမ်းဖက်မှုကို တုံ့ပြန်ခွင့်ရှိပါတယ်။ တချိန်ချိန်၊ တနေရာရာမှာတော့ တနည်းနည်း ကို သုံးပြီး လက်တုံ့ပြန်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မီးခိုးမြူ တို-က်ဖျ-က်ရေးအတွက် မြန်မာ-လာအို-ထိုင်း (၃) နိုင်ငံ ပူးပေါင်းဆောင်ရွက်နေ

နယ်စပ်ဖြ-တ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံအနေဖြင့် မီးခိုးမြူတို-က်ဖျ-က်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းကပြောသည်။ International Symposium on Haze Governance in Thailand အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်၍ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ချင်းမိုင်မြို့၊ ရှန်ဂရီလာဟိုတယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းနိုင်ရေးနည်းလမ်းများ ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က ကမကထပြု၍ ထိုင်းနိုင်ငံ၊ သဘာဝသယံဇာတနှင့်...

မုတ်သုံလေအားအလွန်ကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံ‌လေသည်အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ အသိပေးထုတ်ပြန်ချက်အရ မုတ်သုံ‌လေအားအလွန်ကောင်းလာနိုင်ခြင်း၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်တို့ကြောင့် ယနေ့ ဇွန် ၂၃ ရက်ညမှ ဇွန် ၂၉ ရက်အတွင်း ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့အတူ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးမည်ဖြစ်ကာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး...

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် တနင်္လာနေ့တွင် အမည်စာရင်းတင်ခဲ့သည်။ ဖြုတ်ချခံလိုက်ရသော သမ္မတ ယွန်းဆွတ်ယိုးလ်လက်ထက် ပြီးခဲ့သည့်နှစ်က စစ်အုပ်ချုပ်ရေးဥပဒေပြန်ဌာန်းခဲ့မှုတွင် ၎င်းတို့ပါဝင်ပတ်သက်သော အခန်းကဏ္ဍအတွက် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွမ်းအပါအဝင် ထင်ရှားသော ကာကွယ်ရေးအရာရှိများစွာက ရာဇဝတ်မှုများကို ရင်ဆိုင်နေရချိန်တွင် ယခု ကြေညာချက်ထွက်လာခြင်းဖြစ်သည်။ သမ္မတရုံး၏ အဆိုအရ ဝါရင့် နိုင်ငံရေးသမားဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် ငါးကြိမ်တာဝန်ထမ်းဆောင်ခဲ့သူ အန်ဂူဘက်ကို ကာကွယ်ရေးဝန်ကြီးရာထူးအတွက် အမည်စာရင်းတင်ခဲ့သည်ဟု ဆိုသည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071