Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeInternationalကန်-တရုတ် ထိပ်တိုက်တွေ့မှု၏ သက်ရောက်မှုကို...

ကန်-တရုတ် ထိပ်တိုက်တွေ့မှု၏ သက်ရောက်မှုကို ဦးစားပေး ကိုင်တွယ်မည်–သြစတြေးလျအစိုးရ

တကျော့ပြန်ရွေးကောက်ခံခဲ့ရသော သြစတြေးလျ အစိုးရအနေဖြင့် အမေရိက-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ ထိခိုက်သက်ရောက်မည့်အရေးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးမှူး Jim Chalmers က မေလ ၄ ရက် နေ့တွင် ပြောကြားလိုက်သည်။

ဆယ်စုနှစ် ၂ ခုအတွင်း သက်တမ်းနှစ်ကြိမ်ဆက် အနိုင်ရသည့် ပထမဆုံး သြစတြေးလျဝန်ကြီးချုပ်ဖြစ်သည့် လေဘာပါတီခေါင်းဆောင် အန်သိုနီ အယ်လ်ဘာနီးစ်က မေ ၄ ရက်တွင် မှတ်ချက်ပြု ပြောကြားခဲ့ရာ၌ စည်းကမ်းရှိ၍ စည်းစနစ်ကျသော အစိုးရတစ်ရပ်ဖြင့် ဖွဲ့စည်းအုပ်ချုပ်သွားမည်ဟု ကတိပြုခဲ့ကာ သြစတြေးလျနိုင်ငံသားများသည် စည်းလုံးညီညွတ်မှုအတွက် မဲပေးခဲ့ကြသည်ဟု မှတ်ချက်ပြုခဲ့သည်။

ဗဟိုလက်ဝဲ လေဘာပါတီသည် ပါလီမန်တွင် အမတ်နေရာ အနည်းဆုံး ၇၇ မှ ၈၅ နေရာဖြင့် ၎င်း၏ အများစုထိန်းချုပ်မှုကို ဆက်လက်ဆုပ်ကိုင်ထားနိုင်မည်ဟု အေဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။ မဲအများစုကို ရေတွက်ခဲ့ပြီးနောက် ပါတီသည် အမတ်နေရာ ၁၅၀ ရှိ အောက်လွှတ်တော်ကို ဆက်လက်ထိန်းထားရန် ရုန်းကန်ရနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

မဲအရေအတွက် သုံးပုံနှစ်ပုံကျော်ကို ရေတွက်ပြီးဖြစ်ကာ မေ ၅ ရက်တွက် မဲရေတွက်မှုများ ပြန်လည်စတင်မည်ဖြစ်သည်။

မဲဆန္ဒရှင်များသည် ကနဦးက နေထိုင်မှုစရိတ်ကြီးမြင့်မှုအပေါ် အဓိကထား ဆုံးဖြတ်ရန်ရှိခဲ့ကြသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများနှင့် အခြားမူဝါဒများအပေါ် ပိုမိုစိုးရိမ်လာခဲ့မှုကြောင့် သြစတြေးလျ၏ အတိုက်အခံ ကွန်ဆာဗေးတစ်ခေါင်းဆောင် မစ္စတာ ပီတာဒပ်တွန်သည် အမတ်နေရာ ရှုံးနိမ့်ခဲ့ရသည်။

“ကျွန်တော်တို့ရဲ့ ဒုတိယသက်တမ်းမှာ ပထမသက်တမ်းကလိုပဲ စည်းကမ်းရှိပြီး စည်းစနစ်ကျတဲ့ အစိုးရတစ်ရပ်ဖြစ်လာမှာပါ” ဟု မစ္စတာ အယ်လ်ဘာနီးစ်က သူ၏ ဆစ်ဒနီမဲဆန္ဒနယ်ရှိ ကော်ဖီဆိုင်သို့ သွားရောက်ခဲ့မှုအတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

“သြစတြေးလျပြည်သူတွေက ကွဲပြားခြင်းထက် စည်းလုံးမှုကိုသာ မဲပေးခဲ့ကြပါတယ်” ဟုလည်း အယ်လ်ဘာနီးစ်က သူ၏ အတိုချုံး မှတ်ချက်တွင် ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071