Friday, June 27, 2025

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ...

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန်...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၂၆ ရက်ညနေပိုင်းက...

Peace Forum 2025 တတိယနေ့...

ငြိမ်းချမ်းရေး ဖိုရမ် တတိယမြောက်ရက် ဖြစ်သည့် ယနေ့  ဇွန်လ ၂၇ ရက်နေ့တွင် နေပြည်တာ်တွင် ဆက်လက်ကျင်းပနသည်။ ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိကော်မတီ နှင့်ညှိနှိုင်းရေးကော်မတီဝင်များ၊...

ငြိမ်းချမ်းရေးဖိုရမ် တတိယနေ့ကျင်းပ

ဇွန်လ (၂၅) ရက်က စတင်ကျင်းပနေသည့် ငြိမ်းချမ်းရေးဖိုရမ်( Peace Forum 2025) ကို ယနေ့ ဇွန်လ (၂၇) ရက်...
HomeInternationalထိုင်းတွင်ဒေါင့်သန်းရောဂါကြောင့် နှစ် ၃၀...

ထိုင်းတွင်ဒေါင့်သန်းရောဂါကြောင့် နှစ် ၃၀ အတွင်း ပထမဆုံး လူ‌ေ-သမှုဖြစ်

ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် သုံးခုအတွင်း ဒေါင့်သန်းရောဂါဆက်နွယ်သော ပထမဆုံး လူ‌ေ-သဆုံးမှုဖြစ်ပွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး Mukdahan ပြည်နယ်တွင် အဆိုပါ ဘက်ဆီးရီးယားပိုးနှင့် ထိတွေ့ဖွယ်ရှိသူ ရာနှင့်ချီရှိနိုင်သည်ဟု အာဏာပိုင်များက ဖော်ထုတ်ခဲ့ပြီးနောက် ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

အဆိုပါပြည်နယ်တွင် ရောဂါပိုးတွေ့လူနာနှစ်ဦးကို အတည်ပြုခဲ့ပြီး ဒေါင့်သန်းရောဂါ ကူးစက်ခံရသည့် အသက် ၅၃ နှစ်အရွယ် လူနာသည် ဗုဒ္ဓဟူးနေ့တွင် ‌ေ-သဆုံးခဲ့ကြောင်းနှင့် သံသယရှိကူးစက်သူ သုံးဦးကို စုံစမ်းစစ်ဆေးနေသည်ဟု ပြည်နယ်ကျန်းမာရေးရုံး အကြီးအကဲ ဒေါက်တာ Narong Chankaeo က သောကြာနေ့တွင် ပြောကြားခဲ့သည်။

‌ေ-သဆုံးခဲ့သူနှင့် ၎င်း၏ မိတ်ဆွေနှစ်ဦးစလုံးတွင် လက်များ၌ အရေပြားအနာဒဏ်ရာများနှင့် အနီစက်များအပါအဝင် ရောဂါလက္ခဏာများပြသခဲ့သည်။ သို့ရာတွင် ရောဂါမကူးစက်မီက ကျန်းမာရေးကောင်းမွန်သူဖြစ်သော ပိုးတွေ့လူနာသည် ပြင်းထန်သော ရောဂါလက္ခများ မပြသေးဘဲ ‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆရာဝန်က ပြောကြားခဲ့သည်။

သူ့ကို ဆေးရုံတွင် ကုသမှုပေးနေခြင်းဖြစ်ကာ ပြင်းထန်သော နောက်ဆက်တွဲ လက္ခဏာများ မပေါ်ပေါက်ပါက နှစ်ပတ်ခန့်အတွင်း ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ထားခဲ့ကြောင်းလည်း ဒေါက်တာ Narong က ဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဒေါင့်သန်းရောဂါ ကူးစက်ဖြစ်ပွားမှု ဒါဇင်ချီရှိခဲ့သည့် လာအိုနိုင်ငံ၏ မဲခေါင်မြစ်တစ်ဖက်ကမ်းရှိ Don Tan ခရိုင်ကို လက်ရှိ၌ ရောဂါထိန်းချုပ်ရေးနယ်မြေအဖြစ် ကြေညာလိုက်ပြီဖြစ်သည်။

Don Tan တွင် လူပေါင်း (၆၃၈) ဦးသည် တူညီသော ရောဂါကူးစက်မှု အရင်းအမြစ်နှင့် ထိတွေ့မိခဲ့သည်ကို သိရှိထားကြောင်း သားသတ်ခြင်းနှင့် အသားစိမ်း သို့မဟုတ် မကျက်သေးသော အသားကို စားသုံးခြင်းမှ ရောဂါကူးစက်ကြောင်း ဆရာဝန်က ပြောကြားခဲ့သည်။

ဒေါင့်သန်းရောဂါသည် ရောဂါပိုးရှိသော တိရစ္ဆာန်မှ လူသို့ကူးစက်လေ့ရှိကာ လူအချင်းချင်း ကူးစက်ခြင်းမရှိဟု သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ ပြောင်းပေးအပ်

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်းအတွင်းမှ မိသားစုဝင်များ၏ အိမ်ယာများပြန်လည်ထူ ထောင်နိုင်ရန် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး င လျင်ဒဏ်သင့်မိသားစုများအတွက် Mobile Toilet၊ ပန်ကာများ၊ Mytel T-shirt များ၊ ရေဘူးများ၊ ခွက်များ၊ ဆန်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်နှင့် နေ့လည်စာထမင်းဘူးများကိုလည်းလှူဒါန်းခဲ့သည်။ အဆိုပါ ယာယီလူနေအိမ်လွှဲပြောင်းပေးအပ်ပွဲကို မန္တလေးမြို့တာဝန်ရှိသူများနှင့် မန္တလေးမြို့နေသူ များ၊...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၂၆ ရက်ညနေပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင်ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)၏ မျက်နှာစုံညီအ စည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိကာ မြန်မာနိုင်ငံကို ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာပါဝင်နိုင်ရန် အဆွေတော်တို့အနေဖြင့် ထောက်ခံဆောင်ရွက်ပေးပါရန်လည်း နစက ဥက္ကဋ္ဌက မေတ္တာရပ်ခံပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့ကြားတည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှု၊...

Peace Forum 2025 တတိယနေ့ နံနက်ပိုင်း မြင်ကွင်းများ

ငြိမ်းချမ်းရေး ဖိုရမ် တတိယမြောက်ရက် ဖြစ်သည့် ယနေ့  ဇွန်လ ၂၇ ရက်နေ့တွင် နေပြည်တာ်တွင် ဆက်လက်ကျင်းပနသည်။ ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိကော်မတီ နှင့်ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071