Friday, June 27, 2025

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးဖူဆယ် အသင်းနည်းပြချုပ်၊ အမျိုးသားအသင်း...

ထိုင်းဆီးဂိမ်းအတွက် အောင်မြင်မှုရရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် နည်းပြချုပ်၊ အမျိုးသားအသင်းအတွက် ဂိုးနည်းပြနှင့် ယနေ့ (ဇွန်၂၇)တွင်...

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် ရေကြီးရေလျှံဖြစ်ပွား၊ ထိခို-က်ပျ-က်စီးမှုများသဖြင့်...

အိမ်နီးချင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်း ယမန်နေ့ ဇွန်၂၆ ရက် ညပိုင်းအချိန်မှ ယနေ့ ဇွန် ၂၇ ရက် နံနက်ပိုင်းအချိန်အထိ မိုးရွာသွန်းခဲ့သဖြင့်...

မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးလုပ်ငန်းတွေအတွက်...

မြန်မာနိုင်ငံက တုံ့ပြန်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေအလွန်အမင်းနည်းပါးနေခြင်းက အကြီးမားဆုံးအခက်ခဲဖြစ်နေကြောင်း UNOCHA - ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးရုံး ကလူသားချင်းစာနာမှုဆိုင်ရာ ယာယီ ညှိနှိင်ရေးမှူး Mr....

သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ဟု ရွှေဆိုင်အချို့ထုတ်ပြန်

ဓါတ်သတ္တု ( ရွှေ )ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှသတ်မှတ်သော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်း /အဝယ်ပြုလုပ်ကြောင်း ရွှေဆိုင်အချို့မှ ထုတ်ပြန်ထားသည်။ ယင်းတွင် အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းသည်ဓါတ်သတ္တု (...
HomeNewsLocal News"ရွှေဧကရာဇ်"ရွှေလုပ်ငန်းပိုင်ရှင်ထံမှ ငွေကျပ်သိန်း (၂၆၀၀၀)ခန့်တန်ဖိုးရှိ...

“ရွှေဧကရာဇ်”ရွှေလုပ်ငန်းပိုင်ရှင်ထံမှ ငွေကျပ်သိန်း (၂၆၀၀၀)ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ဓ-ားပြတိုက်ယူဆောင်သွားသူများကို ဖမ်းဆီးရမိရေးစုံစမ်းနေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် မေ ၁ ရက်မွန်းလွဲ ၂ နာရီခွဲခန့်က လက်နက်ကိုင်ဆောင်ထားသူ(၄)ဦးက “ရွှေဧကရာဇ်”ရွှေလုပ်ငန်းပိုင်ရှင်ထံမှ ငွေကျပ်သိန်း (၂၆၀၀၀)ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ဓ-ားပြတိုက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

မြင်းမူမြို့၊ မာဃရပ်ကွက်နေ “ရွှေဧကရာဇ်”ရွှေလုပ်ငန်းပိုင်ရှင်သည် ဆိုင်မှအလုပ်သမားများနှင့်အတူ ဆိုင်သို့သွားရောက်ရန် နေအိမ်မှတစ်ဆင့် ကားဖြင့်ထွက်ခွာလာစဥ် နေအိမ်လမ်းတစ်ဖက်ခြမ်းမှ လက်နက်များကိုင်ဆောင်ထားသော အမျိုးသား (၄)ဦးရောက်ရှိလာကာ ငွေကျပ်သိန်း(၂၆၀၀၀)ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ(၅)ပိဿာခန့်တင်ဆောင်လာသည့်ကားကို ဓ-ားပြတိုက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

” ဆိုင်သွားဖို့အိမ်ကနေကားနဲ့ထွက်လာတဲ့အချိန် လမ်းတစ်ဖက်ခြမ်းမှာရှိတဲ့ သိမ်တော်ကြီးဘုရားဝင်းထဲကနေ မျက်နှာဖုံးကိုယ်စီစွတ်ပြီးလက်နက်တွေကိုင်ထားတဲ့ လူ(၄)ယောက်ရောက်လာတယ်။ နောက် ရွှေထည်ပစ္စည်းတွေတင်ထားတဲ့ကားကိုပါဓ-ားပြတိုက်ပြီး ကမ်းနားလမ်းအတိုင်းမောင်းနှင်ထွက်ပြေးသွားကြတယ်လို့သိရပါတယ်။ ကမ်းနားလမ်းတစ်နေရာရောက်တော့ ကားမောင်းတဲ့ကောင်လေးကိုကန်ချထားခဲ့ပြီး မြစ်ပေါက်ကျေးရွာဘက်ကို မောင်းပြေးသွားတယ်လို့သိထားတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများနှင့် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးဖူဆယ် အသင်းနည်းပြချုပ်၊ အမျိုးသားအသင်း ဂိုးနည်းပြများနှင့် စာချုပ်ချုပ်ဆို

ထိုင်းဆီးဂိမ်းအတွက် အောင်မြင်မှုရရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် နည်းပြချုပ်၊ အမျိုးသားအသင်းအတွက် ဂိုးနည်းပြနှင့် ယနေ့ (ဇွန်၂၇)တွင် စာချုပ်ချုပ်ဆိုခဲ့သည်။ ခေါ်ယူစာချုပ်ချုပ်လိုက်သူများမှာ ထိုင်းလူမျိုးများဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် နည်းပြချုပ်အဖြစ် Mr.Prasert Innui၊ အမျိုးသား အသင်းအတွက် ဂိုးနည်းပြအဖြစ် ဂိုးနည်းပြ Mr. Saksri Sokanthika တို့ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လာမည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆီးဂိမ်းကာလ ပြီးဆုံးသည်အထိ...

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် ရေကြီးရေလျှံဖြစ်ပွား၊ ထိခို-က်ပျ-က်စီးမှုများသဖြင့် ကယ်ဆယ်ရေးများဆောင်ရွက်နေရ

အိမ်နီးချင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်း ယမန်နေ့ ဇွန်၂၆ ရက် ညပိုင်းအချိန်မှ ယနေ့ ဇွန် ၂၇ ရက် နံနက်ပိုင်းအချိန်အထိ မိုးရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားလျှက်ရှိရာ၊ ထိခို-က်ပျ-က် စီးမှုများပြားသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြရကြောင်း The Nation Thailand သတင်းတွင်ဖော်ပြထားချက်အရ သိရသည်။ အဆိုပါ ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ခရိုင်အတွင်းရှိ Wiang Chiang Dung ဆေးရုံအပါအဝင် လူနေအိမ်များ၊ လယ်ယာစိုက်ခင်းများနှင့် အများပြည်သူပိုင်အဆောက်အအုံအချို့ ထိခို-က်ပျ-က်စီးမှုများရှိနေသည်ဟု ဆိုသည်။ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် Wiang Chiang Dung ဆေးရုံ ရေဝင်ရောက်ခဲ့သည့်အတွက်...

မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးလုပ်ငန်းတွေအတွက် ရံပုံငွေနည်းပါးနေခြင်းက အကြီးမားဆုံးအခက်ခဲဖြစ်နေ

မြန်မာနိုင်ငံက တုံ့ပြန်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေအလွန်အမင်းနည်းပါးနေခြင်းက အကြီးမားဆုံးအခက်ခဲဖြစ်နေကြောင်း UNOCHA - ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးရုံး ကလူသားချင်းစာနာမှုဆိုင်ရာ ယာယီ ညှိနှိင်ရေးမှူး Mr. Marcoluigi Corsi က ပြောသည်။ လူသားချင်းစာနာမှုဆိုင်ရာယာယီညိနှိုင်းရေးမှူး Mr. Marcoluigi Corsi က အထက်ပါအတိုင်း ဇွန်လ ၂၄ ရက်က UNOCHA ၏ လူမှုကွန်ယက်စာမျက်နှာကတဆင့် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ထို့အပြင် ငလျင်အတွက် တောင်းခံထားသည့် ကန်ဒေါ်လာ ၂၇၅ သန်းအနက် သန်း(၁၀၀) သာရရှိထားသလို နိုင်ငံတစ်ဝန်း တုံ့ပြန်ရေးလုပ်ငန်းတွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071