Friday, June 27, 2025

တရုတ် Xiaomi ကပထမဆုံးလျှပ်စစ် SUVကား၊...

ပေကျင်း၊ ဇွန် ၂၇ တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် ၎င်း၏ ပထမဆုံး လျှပ်စစ် SUVကား YU7 နှင့် ၎င်း၏ ပထမဆုံး...

တောင်ကြီးတက္ကသိုလ်တွင် Business Law ဒီပလိုမာသင်တန်း...

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက...

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့်...

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန်...

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...
HomeNewsLocal Newsဆန်စပါးအသင်းချုပ်အနေဖြင့် ငလျင်ဘေးသင့် ဒေသများတွင်...

ဆန်စပါးအသင်းချုပ်အနေဖြင့် ငလျင်ဘေးသင့် ဒေသများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးမှ ပြန်လည် ထူထောင်ရေးအဆင့်သို့ ကူးပြောင်းဆောင်ရွက်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ အရေးပေါ်ကူညီကယ်ဆယ်ရေးမှ ပြန်လည်ထူ ထောင်ရေးသို့ ကူးပြောင်းဆောင်ရွက်မည်ဖြစ်ကြောင်း MRF မှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့ရှိ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်ရန် MRF Operat ion AID (Action in Disaster) အစီအစဉ်ကို ဧပြီ (၁) ရက်တွင် စတင်ခဲ့ပြီး အသင်းချုပ်မှ ရန်ပုံငွေ ကျပ်သိန်း (၁၅,၀၀၀) ကို ထည့်ဝင်ထူထောင်ကာ ညီနောင်အသင်းများ၊ အသင်း ဝင်များ၊ စေတနာရှင်မိတ်ဆွေ များ၏ ထည့်ဝင်လှူဒါန်းမှုများနှင့် စုပေါင်း၍ ဧပြီလ (၁) ရက်မှ စတင်ကာ ကူညီကယ် ဆယ်ရေး၊ စားနပ်ရိက္ခာ ဖြန့်ဖြူး ထောက်ပံ့ရေးနှင့် လုပ်အား ပေးကူညီရေးစသော Humanitarian and Disaster Relief လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ အသင်းချုပ်၏ MRF Operation AID အစီအစဉ်အနေဖြင့် မေလ (၁)ရက်မှ စတင်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အဓိက အလေးပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှာ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ဆန်စပါးနှင့် ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချမှု ကွင်းဆက်တွင်ပါဝင်သည့် Stake Holder များအား ၎င်းတို့၏ လိုအပ်မှုများကို စိစစ်၍ သင့်တင့်မျှတသော ကူညီထောက်ပံ့မှုများပေးခြင်း၊ လယ်ယာကဏ္ဍနှင့် သက်ဆိုင်သော အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၏ ဝန်ထမ်းမိသားစုများအား အကူအညီပေးခြင်း၊ ပြန်လည်ထူထောင်ရေးတွင် အစိုးရဌာနများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

MRF Operation AID အစီအစဉ်၏ အရေးပေါ် ကူညီကယ်ဆယ်ရေးအဆင့်တွင် MRF Operation AID နှင့်အတူ ချက်ချင်းကူညီပံ့ပိုးကြသော လှူဒါန်းသူများနှင့် မိတ်ဖက်အဖွဲ့ အစည်းများ၊ လုပ်အားပေး လူငယ် မောင်မယ်များနှင့် ပါဝင်ကူညီသူများအားလုံးအား ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လည်း MRF နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ် Xiaomi ကပထမဆုံးလျှပ်စစ် SUVကား၊ AIမျက်မှန်ကိုမိတ်ဆက်

ပေကျင်း၊ ဇွန် ၂၇ တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် ၎င်း၏ ပထမဆုံး လျှပ်စစ် SUVကား YU7 နှင့် ၎င်း၏ ပထမဆုံး ဉာဏ်ရည်တုနည်းပညာ AI ပါဝါသုံး စမတ်မျက်မှန်တို့ကို ကြာသပတေးနေ့ညနေပိုင်းက ပေကျင်းတွင် ထုတ်ကုန်မိတ်ဆက်ပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။ ယွမ် ၂၅၃,၅၀၀ (အမေရိကန်ဒေါ်လာ ၃၅,၄၀၀ ခန့်) မှစတင်၍ YU7 SUV ကားကို အရောင် ၉ မျိုး ပုံစံ ၃ မျိုးဖြင့်ရရှိနိုင်ပြီး အခြေခံမိုဒယ်သည် ၈၃၅ ကီလိုမီတာအကွာအဝေးကို ပို့ဆောင်နိုင်သည်။ Xiaomi...

တောင်ကြီးတက္ကသိုလ်တွင် Business Law ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ရန် ခွင့်ပြုကြောင်း အထောက်အထား တင်ပြရမည်ဖြစ်သည်။ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ (ပထမနှစ်ဝက်) နှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ (ဒုတိယနှစ်ဝက်) တို့ကို တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်း (၉) လကြာမြင့်မည်ဖြစ်သည်။ တောင်ကြီးတက္ကသိုလ်တွင် တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်...

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့် (၁)ရှိ ဘရန်ဒန်ရိုဗာဖြင့် ထိုးသ-တ်မည်

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန် ဇွန် ၂၉ ရက် မနက်ပိုင်း)တွင် ကျင်းပပြုလုပ်မည့် UFC 317 ပွဲစဉ်၌ ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန်နှင့် UFC ဖလိုင်းဝိတ်အဆင့် (၁) ရှိ ဘရန်ဒန်ရိုဗာတို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။ ယခုပွဲစဥ်တွင် UFC Number Events ရှေ့ထွက်တွဲဆိုင်း (Prelims Card)နေရာ၌ ထိုးသတ်ခဲ့ရသည့် ဂျော့ရှုဝါဗန်အနေဖြင့် ခေါင်တွဲဆိုင်း(Main Card)တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071