Friday, June 27, 2025

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့်...

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန်...

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့်...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ...

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ...

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...
HomeNewsLocal Newsအာမခံအလုပ်သမားများအား ငွေကျပ်(၂၁)ဘီလံယံကျော်ထောက်ပံ့ပေးသွားမည်

အာမခံအလုပ်သမားများအား ငွေကျပ်(၂၁)ဘီလံယံကျော်ထောက်ပံ့ပေးသွားမည်

မန္တလေးငလျင်ကြီးဒဏ်သင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင် ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ငွေကျပ် (၂၁ ဒသမ ၇၀၃ ဘီလီယံ)ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိသည်ဟု ယနေ့ မေ ၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးငလျင်ကြီးဒဏ်သင့် အာမခံအလုပ်သမားများအား ငွေကျပ်ငွေ(၂၁ ဒသမ ၇၀၃ ဘီလီယံ) ထောက်ပံ့ပေးရန်စီစဉ်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်းကလည်း အာမခံအလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်အဖြစ် ငွေကျပ် (၇၁ ဒသမ ၈၅၆ ဘီလီယံ)၊ ရာဂီမုန်တိုင်းအရှိန်ကြောင့်ရေဘေးသင့်ခဲ့ရသည့် အာမခံအလုပ်သမား (၃,၃၉၄)ဦးအား ငွေကျပ်(၂၆၆ ဒသမ ၂၉၇ သန်း) ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ပြောသည်။

ထို့အတူ နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးအတွက် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းအရ အကျုံးဝင်မြို့နယ်ပေါင်း(၁၂၆)မြို့နယ်မှ အာမခံအလုပ်သမားအား ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးလျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)တွင် အဖွဲ့ဝင်နိုင်ငံဖြစ်၍ အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက်(၁၈၂)အရ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းမရှိစေရန် တည်ဆဲဥပဒေများနှင့်အညီ ကာကွယ်တားဆီးခြင်း၊ ပညာပေးဟောပြောခြင်းတို့ကို မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင် ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ဖြင့် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့အတူ အလုပ်ရှင်နှင့်အလုပ်သမားများကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာစေရေးနှင့် အငြင်းပွားမှုများအား တရားမျှတစွာဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာရရှိခံစားနိုင်စေရေးမှာ အလွန်အရေးကြီး၍ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များတွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(၂,၉၈၂)ဖွဲ့၊ မြို့နယ်ညှိနှိုင်းဖျန် ဖြေရေးအဖွဲ့(၃၂၅)ဖွဲ့၊ ခုံသမာဓိအဖွဲ့(၁၅)ဖွဲ့၊ ခုံသမာဓိကောင်စီ(၁)ဖွဲ့တို့ဖြင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့် (၁)ရှိ ဘရန်ဒန်ရိုဗာဖြင့် ထိုးသ-တ်မည်

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန် ဇွန် ၂၉ ရက် မနက်ပိုင်း)တွင် ကျင်းပပြုလုပ်မည့် UFC 317 ပွဲစဉ်၌ ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန်နှင့် UFC ဖလိုင်းဝိတ်အဆင့် (၁) ရှိ ဘရန်ဒန်ရိုဗာတို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။ ယခုပွဲစဥ်တွင် UFC Number Events ရှေ့ထွက်တွဲဆိုင်း (Prelims Card)နေရာ၌ ထိုးသတ်ခဲ့ရသည့် ဂျော့ရှုဝါဗန်အနေဖြင့် ခေါင်တွဲဆိုင်း(Main Card)တွင်...

Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Bandaranaike Memorial International Conference Hall (BMICH) ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ “Sri Lanka EXPO 2026” ကို...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရေးတို့ကို သက်ဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ (၁၄.၈) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၁၂.၄၇) ဘီလီယံ၊ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၂၇.၂၇) ဘီလီယံဖိုး ဆောင်ရွက်ခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071