Friday, June 27, 2025

တောင်ကြီးတက္ကသိုလ်တွင် Business Law ဒီပလိုမာသင်တန်း...

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက...

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့်...

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန်...

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့်...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ...
HomeNewsLocal Newsနေပြည်တော် အပါအဝင် ဒေသ(၆)...

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြင်ဆင်ရန် နည်းလမ်း(၃) မျိုးဖြင့် ဆောင်ရွက်မည်

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ဧပြီလ (၂၉) ရက်က နေပြည်တော်တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုံးဌာန အဆောက်အဦးများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း (၃)သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း စသည့်နည်းလမ်း(၃)မျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။

ဝန်ထမ်းအိမ်ရာများ ပြုပြင်ခြင်းအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက တာဝန်ယူဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အတည်ပြုပေးသည့် မြို့ပြအင်ဂျင်နီယာ များပါဝင်သော ပညာရှင်များအား ဖွဲ့စ ည်းတာဝန်ပေးအပ်၍ ခန့်မှန်းကုန်ကျငွေ (Estimate) များ တွက်ချက်ပြီး သက်ဆိုင်ရာ ပြုပြင်တည်ဆောက်ရေးအဖွဲ့မှတစ်ဆင့် “အဆောက်အဦးများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ” သို့ တင်ပြကာ ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတွင် ခန့်မှန်းကုန်ကျငွေအား လုပ်ငန်းပမာဏအရ ကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်ပုံမှတ်တမ်းများ စစ်ဆေးခြင်းတို့ဖြင့် တိုက်ဆိုင်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် နိုင်ငံတော်ပိုင် ရုံးအဆောက်အဦးများ၊ ဝန်ထမ်းအိမ်ရာများနှင့် အထူးအ ဆောက်အဦးများအား စစ်ဆေးနိုင်ရန် အဆင့်(၁)စစ်ဆေးရေးအဖွဲ့ (၁၈) ဖွဲ့၊ အဆင့်(၂) စစ်ဆေးရေးအဖွဲ့ (၁၁) ဖွဲ့နှင့် အထူးစစ်ဆေးရေးအဖွဲ့ (၁၂) ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကျွမ်းကျင်သူပညာရှင်များ ပါဝင်သည့် အဖွဲ့များဖြင့် စစ်ဆေးကာ အရောင်ခွဲခြားသတ်မှတ်မှု (အနီရောင်၊ လိမ္မော်ရောင်နှင့် အပြာရောင်) အဆင့်သတ်မှတ်ချက်များ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

အဆောက်အဦးများ ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် ငလျင်ဒဏ်အင်အား ရစ်(ခ်)တာစကေး ၈ ဒသမ ၀ ခံနိုင်ရည်ရှိသည့် အဆောက်အဦးများဖြစ်အောင် ဆောက်လုပ်ရမည်ဖြစ်ပြီး မန္တလေးငလျင်ကြီး ဘေးဒဏ်ခံရသော နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် “အ ဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ” များကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ခြောက်ခုအတွက် မြေငလျင်ဒဏ်သင့် အဆောက်အဦးများ ဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးရေး ကော်မတီ(၆)ခုကိုလည်း ဖွဲ့စည်းပေးထားပြီး အဆောက်အဦးပျ-က်စီးမှုအား အကဲဖြတ် အဓိပ္ပာယ်သတ်မှတ်ချက် (အပြာရောင်၊ လိမ္မော်ရော င်နှင့်အနီရောင်)များကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်း/ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ သတ်မှတ်ထားသည့် အပြာရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်အဆောက်အဦးများကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တည်ဆောက်ရာတွင် လိုက်နာရမည့် “ငလျင်ဒဏ်ကြောင့် ပျ-က်စီးသွားသော အဆောက်အဦး၊ လမ်း၊ တံတားများအတွက် အမျိုးအစားနှင့် ပျ-က်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရ မည့်လုပ်ငန်းအဆင့်ဆင့် (Standard Opera ting Procedure-SOP)”များကိုလည်း ဖြန့်ဝေပေးခဲ့ပြီး ပြင်ဆင်ရန်နှင့် အသစ်တည်ဆောက်ရာတွင် လိုက်နာဆောင် ရွက်သွားရမည်ဖြစ်ကြောင်းလည်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အစည်းအဝေးတွင် ထည့်သွင်း ပြောကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကြီးတက္ကသိုလ်တွင် Business Law ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ရန် ခွင့်ပြုကြောင်း အထောက်အထား တင်ပြရမည်ဖြစ်သည်။ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ (ပထမနှစ်ဝက်) နှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ (ဒုတိယနှစ်ဝက်) တို့ကို တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်း (၉) လကြာမြင့်မည်ဖြစ်သည်။ တောင်ကြီးတက္ကသိုလ်တွင် တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်...

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့် (၁)ရှိ ဘရန်ဒန်ရိုဗာဖြင့် ထိုးသ-တ်မည်

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန် ဇွန် ၂၉ ရက် မနက်ပိုင်း)တွင် ကျင်းပပြုလုပ်မည့် UFC 317 ပွဲစဉ်၌ ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန်နှင့် UFC ဖလိုင်းဝိတ်အဆင့် (၁) ရှိ ဘရန်ဒန်ရိုဗာတို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။ ယခုပွဲစဥ်တွင် UFC Number Events ရှေ့ထွက်တွဲဆိုင်း (Prelims Card)နေရာ၌ ထိုးသတ်ခဲ့ရသည့် ဂျော့ရှုဝါဗန်အနေဖြင့် ခေါင်တွဲဆိုင်း(Main Card)တွင်...

Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Bandaranaike Memorial International Conference Hall (BMICH) ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ “Sri Lanka EXPO 2026” ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071