Friday, June 27, 2025

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့်...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ...

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ...

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန်...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၂၆ ရက်ညနေပိုင်းက...
HomeNewsLocal Newsစစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့်...

စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဝတ္ထုငွေ/အလှူငွေနှင့် ဆေးဝါးများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို IBEC သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးစင်တာနှင့် ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများပူပေါင်း၍ ယနေ့ ဧပြီ ၂၉ ရက်က ဝတ္ထုငွေ/အလှူငွေနှင့် ဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ရှိ ပင့်သံဃာတော်အပါး(၇၀)အား တစ်ပါးလျှင် (၁)သိန်းကျပ်စီ၊ သီလရှင်ဆရာကြီး/ဆရာလေးအပါး(၁၀၀၀)ကျော်အား တစ်ပါးလျှင် (၂)သောင်းကျပ်စီ၊ ခေါင်းရိတ်ဓား၊ ဆပ်ပြာ၊ ဆေးဝါးအသုံးအဆောင်များကို ဗီယက်နမ်သံဃာ့အဖွဲ့အစည်းက လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လူပုဂ္ဂိုလ်(၁၀၀၀)ဦးအား တစ်ဦးလျှင် (၁၅၀၀၀)ကျပ်စီကိုလည်း လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးသွားသော ရဟန်း၊ ရှင်၊ လူအပေါင်းတို့အားရည်စူး၍ ရေစက်ချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

” အခု အလှူရှင်တွေက ဗီယက်နမ်သံဃာ့အဖွဲ့အ စည်းကနေလာလှူတာပါ။ သူတို့က သီတဂူဆရာတော်ဘုရားကြီး၏ ဩဝါဒကိုခံယူပြီးတော့ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေကို လိုက်လှူပေးနေပါတယ်။ စစ်ကိုင်းမြို့မှာငလျင်လှုပ်ပြီးတော့ သီတဂူဆရာတော်ကြီးက ဘုရား၊ ပုထိုး၊ စေတီတွေ ပြုပြင်ဖို့စီမံတယ်။ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒက သီတဂူဆရာတော်ကြီးတို့၊ ဌာနဆိုင်ရာ အကြီးအကဲတွေတို့၊ ပြည်တွင်းသူဌေးအလှူရှင်တွေနဲ့ ပေါင်းစပ်၊ ချိတ်ဆက်ပြီး ရှင်းလင်းရေး၊ ထောက်ပံ့လှူဒါန်းရေးတွေလုပ်တယ်”ဟု IBEC ဆရာတော်က မိန့်ကြားခဲ့သည်။

ထို့ပြင် IBEC မှ UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ အောက်ခြေအခြေခံလူထုအတွက် စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ လှူဒါန်းပေးလျက်ရှိကာ ရဟန်းသံဃာသည် သီလ၊ သမာဓိ၊ ပညာပေါ် မူတည်၍ ပစ္စည်းလေးပါးအတွက် ဒကာ၊ဒကာမအပေါ် မှီတည်ရသဖြင့် ဒကာ၊ ဒကာမများမရှင်သန်နိုင်ဘဲ သာသနာတော်ရှင်သန်မရ၍ ဒကာ၊ ဒကာမများလိုအပ်ချိန်၌ ၎င်းတို့၏ ရှင်သန်ရေးကို ဆောင်ရွက်ပေးရန်လိုအပ်သည်ဟုလည်း IBEC ဆရာတော်က ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်၊ သီလရှင်များအား လျှောက်ထားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Bandaranaike Memorial International Conference Hall (BMICH) ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ “Sri Lanka EXPO 2026” ကို...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရေးတို့ကို သက်ဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ (၁၄.၈) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၁၂.၄၇) ဘီလီယံ၊ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၂၇.၂၇) ဘီလီယံဖိုး ဆောင်ရွက်ခဲ့ကြောင်း...

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ ပြောင်းပေးအပ်

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်းအတွင်းမှ မိသားစုဝင်များ၏ အိမ်ယာများပြန်လည်ထူ ထောင်နိုင်ရန် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး င လျင်ဒဏ်သင့်မိသားစုများအတွက် Mobile Toilet၊ ပန်ကာများ၊ Mytel T-shirt များ၊ ရေဘူးများ၊ ခွက်များ၊ ဆန်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်နှင့် နေ့လည်စာထမင်းဘူးများကိုလည်းလှူဒါန်းခဲ့သည်။ အဆိုပါ ယာယီလူနေအိမ်လွှဲပြောင်းပေးအပ်ပွဲကို မန္တလေးမြို့တာဝန်ရှိသူများနှင့် မန္တလေးမြို့နေသူ များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071