Friday, June 27, 2025

မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးလုပ်ငန်းတွေအတွက်...

မြန်မာနိုင်ငံက တုံ့ပြန်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေအလွန်အမင်းနည်းပါးနေခြင်းက အကြီးမားဆုံးအခက်ခဲဖြစ်နေကြောင်း UNOCHA - ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးရုံး ကလူသားချင်းစာနာမှုဆိုင်ရာ ယာယီ ညှိနှိင်ရေးမှူး Mr....

သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ဟု ရွှေဆိုင်အချို့ထုတ်ပြန်

ဓါတ်သတ္တု ( ရွှေ )ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှသတ်မှတ်သော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်း /အဝယ်ပြုလုပ်ကြောင်း ရွှေဆိုင်အချို့မှ ထုတ်ပြန်ထားသည်။ ယင်းတွင် အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းသည်ဓါတ်သတ္တု (...

လူဦးရေ(၇,၀၀၀)ခန့်အလုပ်အကိုင်ရရှိမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၈)ခုကိုခွင့်ပြုပေး

ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေ(၇,၀၀၀)ခန့်အလုပ် အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၈)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဇွန် ၂၅ ရက်ကကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။ အစည်းအဝေးသို့...

တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်

ယခုဘဏ္ဍာနှစ်တွင် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက်...
HomeNewsLocal Newsအင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့်...

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း အဆောက်အအုံများကို အဆင့်အလိုက် စနစ်တကျ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမည်

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်း/မင်းကွန်းဒေသများရှိ ရှေးဟောင်း အဆောက်အအုံများကို ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်ရန် အဆင့်အလိုက် စနစ်တကျဆော င်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် ရစ်ချ်စတာစကေး ၇.၇ ရှိ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လုပ်ငန်းများကို အဆင့်အလိုက် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များ ချမှတ်ပြီး လတ်တလော ပျ-က်စီးမှုစာရင်းကောက်ယူခြင်း၊ ဓာတ်ပုံ/ဗွီဒီယိုမှတ်တမ်းများရိုက်ကူးခြင်း၊ အတွင်းနံရံဆေးရေးပန်းချီများ ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် အရေးပေါ်ထိန်းသိမ်းရန်လိုအပ်ပါက ထိန်းသိမ်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ခန့်မှန်းခြေစာရင်းနှင့် အစီရင်ခံစာရေးသားခြင်း၊ Conserve / Restore/ Rebuild ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို သက်ဆိုင်ရာ နယ်မြေများအလိုက် အဖွဲ့များဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထိုသို့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် မန္တလေး နန်းမြိုးရိုးနှင့် မြို့ရိုးအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများ ထိခို-က်ပျ-က်စီးမှု အခြေအနေများကို မတ်လ (၃၀)ရက်ကလည်း ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းဒေသကြီးတိုတွင် အဆောက်အဦး ထိခို-က်ပျ-က်စီး လူထိခိုက် ေ-သဆုံးမှု အများဆုံးကြုံတွေ့ခဲ့ရပြီး လက်ရှိ ငလျင်ဘေးသင့် ဒေသအသီးသီး၌ ရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Photo – Department of Archaeology and National Museum

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးလုပ်ငန်းတွေအတွက် ရံပုံငွေနည်းပါးနေခြင်းက အကြီးမားဆုံးအခက်ခဲဖြစ်နေ

မြန်မာနိုင်ငံက တုံ့ပြန်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေအလွန်အမင်းနည်းပါးနေခြင်းက အကြီးမားဆုံးအခက်ခဲဖြစ်နေကြောင်း UNOCHA - ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးရုံး ကလူသားချင်းစာနာမှုဆိုင်ရာ ယာယီ ညှိနှိင်ရေးမှူး Mr. Marcoluigi Corsi က ပြောသည်။ လူသားချင်းစာနာမှုဆိုင်ရာယာယီညိနှိုင်းရေးမှူး Mr. Marcoluigi Corsi က အထက်ပါအတိုင်း ဇွန်လ ၂၄ ရက်က UNOCHA ၏ လူမှုကွန်ယက်စာမျက်နှာကတဆင့် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ထို့အပြင် ငလျင်အတွက် တောင်းခံထားသည့် ကန်ဒေါ်လာ ၂၇၅ သန်းအနက် သန်း(၁၀၀) သာရရှိထားသလို နိုင်ငံတစ်ဝန်း တုံ့ပြန်ရေးလုပ်ငန်းတွေ...

သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ဟု ရွှေဆိုင်အချို့ထုတ်ပြန်

ဓါတ်သတ္တု ( ရွှေ )ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှသတ်မှတ်သော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်း /အဝယ်ပြုလုပ်ကြောင်း ရွှေဆိုင်အချို့မှ ထုတ်ပြန်ထားသည်။ ယင်းတွင် အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းသည်ဓါတ်သတ္တု ( ရွှေ )ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှသတ်မှတ်သော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်း /အဝယ်ပြုလုပ်ကြောင်း၊ Social Media နှင့် Online တွင် ဖော်ပြလျက်ရှိသောအောင်သမာဓိရွှေဈေးများသည် အမှန်တကယ်အရောင်းအဝယ်ပြုလုပ်သောအောင်သမာဓိရွှေဈေးနှုန်းများ ( လုံးဝ )မဟုတ်ပါကြောင်း ထုတ်ပြန်ထားသည်။ ဇူလိုင် ၁ ရက်မှစတင်ပြီး စနစ်သစ်အလေးချိန် (16.32935g)ဖြင့် အရောင်း /အဝယ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဇွဲထက်ရွှေဆိုင်မှလည်း နိုင်ငံတော်မှသတ်မှတ်ပေးထားသောရွှေရည်ညွှန်းဈေးအတိုင်း ရောင်း/ဝယ်ခြင်း...

လူဦးရေ(၇,၀၀၀)ခန့်အလုပ်အကိုင်ရရှိမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၈)ခုကိုခွင့်ပြုပေး

ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေ(၇,၀၀၀)ခန့်အလုပ် အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၈)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဇွန် ၂၅ ရက်ကကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက်၍ စက်မှုကဏ္ဍတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၆)ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂)ခုတို့ကို အတည်ပြုပေးခဲ့သည်။ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့အား အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ(၇ ဒသမ ၇၉၁)သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၆,၇၇၃)ဦးအလုပ်အကိုင်များ ရရှိမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071