Friday, June 27, 2025

ချင်းတွင်းမြစ်ရေ ဟုမ္မလင်းနှင့် ဖောင်းပြင်တွင် စိုးရိမ်ရေအမှတ်...

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေအမှတ်အထက်(၃)လက်မကျော် မြင့်တက်နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန်၂၇)တွင် ထုတ်ပြန်သည်။ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တွင်စိုးရိမ်ရေအမှတ်အထက် (၃)လက်မခန့်ကျော်လွန် နေကာ...

မိုးကုတ် မှာ မိုးသည်ထန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ယမန်နေ့ ဇွန်လ(၂၆)ရက်နေ့ညကစပြီး ယနေ့ ဇွန်လ(၂၇)ရက် နံနက်ပိုင်းထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင်း ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။ မိုးကုတ်မြို့ မင်းတံတား၊ စည်ပင်သာယာ၊ ထင်းရူးခြံ၊...

Peace Forum 2025 သည်...

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသားပြည်သူအားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာသော...

တရုတ် Xiaomi ကပထမဆုံးလျှပ်စစ် SUVကား၊...

ပေကျင်း၊ ဇွန် ၂၇ တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် ၎င်း၏ ပထမဆုံး လျှပ်စစ် SUVကား YU7 နှင့် ၎င်း၏ ပထမဆုံး...
HomeNewsLocal Newsတိုင်းအစိုးရ ညွှန်ကြားမှုဖြင့် စစ်ကိုင်းတောင်ရိုးတွင်...

တိုင်းအစိုးရ ညွှန်ကြားမှုဖြင့် စစ်ကိုင်းတောင်ရိုးတွင် စုပေါင်းအမှိုက်ကောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် စစ်ကိုင်းခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပလတ်စတစ်ကင်းစင်ရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်း အစီအစဉ်ကို စစ်ကိုင်းတောင်ရိုးတွင်း ဧပြီလ (၂၇) ရက်၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းအမှိုက်ကောက်ခြင်းကို စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် ဘုရားအတက်လမ်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြေရေးဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ ဝေဠုကျော်ဖောင်ဒေရှင်း၊ မြတ်သုခလူမှုကူညီရေးအသင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ စုပေါင်းအမှိုက်ကောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှိုက်ကောက်ခြင်း အစီအစဉ်ကို ဆွမ်းဦးပုညရှင် အတက်လမ်း ဖားနှစ်ကောင်မုဒ်ဦးမှ ဘုရားရင်ပြင်တော်အထိ စုပေါင်းအမှိုက်ကောက်ခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ(၂၈)ရက်က လှုပ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတောင်ရိုး နေရာအနှံ့တွင် ပျက်ဆီးဆုံးရှုံးမှုများခဲ့ပြီး တစ်လပြည့်ခါနီးအထိ ငလျင်ငယ်များလှုပ်နေသေးကြောင်း ငလျင်သင့်ဒေသခံများထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းတွင်းမြစ်ရေ ဟုမ္မလင်းနှင့် ဖောင်းပြင်တွင် စိုးရိမ်ရေအမှတ် ကျော်နေ

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေအမှတ်အထက်(၃)လက်မကျော် မြင့်တက်နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန်၂၇)တွင် ထုတ်ပြန်သည်။ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တွင်စိုးရိမ်ရေအမှတ်အထက် (၃)လက်မခန့်ကျော်လွန် နေကာ ဟုမ္မလင်းမြို့တွင်မူ ထိုမြစ်ရေသည် နောက်(၁)ရက်အတွင်း စိုးရိမ်ရေအမှတ်အောက် ပြန်ကျနိုင်ကြောင်းလည်း ဆိုသည်။ သို့သော် ဖောင်းပြင်မြို့တွင်မူ ယင်းမြစ်ရေသည် နောက်(၁)ရက်အတွင်း နောက်ထပ် (၃)လက်မခန့်မြင့်တက်လာ နိုင်သည်ဟု ထုတ်ပြန်ထားသည်။ ထို့ကြောင့် မြစ်နား၊ ကမ်းနားနေထိုင်သူများ၊ မြေနိမ့်ပိုင်းနေထိုင်သူအနေဖြင့် သတိထားနေထိုင်ရန် လိုအပ်တယ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးကုတ် မှာ မိုးသည်ထန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ယမန်နေ့ ဇွန်လ(၂၆)ရက်နေ့ညကစပြီး ယနေ့ ဇွန်လ(၂၇)ရက် နံနက်ပိုင်းထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင်း ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။ မိုးကုတ်မြို့ မင်းတံတား၊ စည်ပင်သာယာ၊ ထင်းရူးခြံ၊ ဈေးသစ်နှင့် မြို့လယ်ရပ်ကွက် လမ်းမကြီးများနှင့် ရေနီချောင်းများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ကနဦးအခြေအနေများအရ ကမ်းပါးပြိုခြင်း၊ နေအိမ်အချို့ပျ-က်ဆီးခြင်းနှင့် လမ်းအက်ကွဲခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျေ-ာက်စေပြီးဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးကို အထောက်အပံဖြစ်စေဖို့ မျှော်လင့်

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသားပြည်သူအားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာသော အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေမည့် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင် က ဇွန်လ ၂၅ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ Peace Forum 2025 တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းများ၊ နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံခြားသံတမန်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကဏ္ဍအလိုက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071