နေပြည်တော် – တောင်ငူရထားလမ်းပိုင်းအတွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျ-က်စီးသည့် ဘူတာများ ပြန်လည်ပြင်ဆင်ဆောင် ရွက်နေမှုတွင် အသစ်တည်ဆောက်မည့် ဘူတာများကိုသတ် မှတ်ချက်အတိုင်း ဘူတာအဆောက်အဦး ပုံစံဒီဇိုင်းများနှင့် Estimation များ တွက်ချက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ဘူတာမှတဆင့် ရွာတော်ဘူတာ၊ ပျဉ်းမနားဘူတာ၊ ပြည်ဝင်ဘူတာ၊ ဧလာဘူတာ၊ သာဝတ္ထိဘူတာ၊ ရေနီဘူတာ၊ မြို့လှဘူတာ၊ သာဂရဘူတာ၊ ဆွာဘူတာ၊ ကုန်းကြီးဘူတာ၊ ရေတာရှည်ဘူတာ၊ ကျွန်းကုန်းဘူတာ၊ ကျေးတောဘူတာတို့ကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြိုကျပျ-က်စီးသွားသော ဘူတာများ ဖြိုချရှင်းလင်းရေး၊ အကြီးစားပြင်ဆင်ရန်၊ အလတ်စားနှင့် အငယ်စား ပြင်ဆင်ရန်လိုအပ်သည့် ဘူတာများကို အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေး၊ ဖျက်သိမ်းသင့်သော ဘူတာများဖြစ်နေပါက စနစ်တကျ စိစစ်ပြီးတင်ပြဖျက်သိမ်းနိုင်မည့်လုပ်ငန်းစဉ်များဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့ပြင် အသစ်တည်ဆောက်ရမည့် ဘူတာများကို ဘူတာအဘငယ်၊ ဘူတာအလတ်၊ ဘူတာအကြီး သတ်မှတ်ချက်အတိုင်း ဘူတာအဆောက်အအုံ ပုံစံဒီဇိုင်းများနှင့် Estimation များတွက်ချက်၍ အမြန်ပြန်လည်တင်ပြပြီး ခွင့်ပြုချက်ရယူကာ ဆောင်ရွက်သွားရန် အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။
