မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှု ပြီးဆုံးပြီဖြစ်ကြောင်းနှင့် အင်အားလည်း လျော့ကျသွားကာ အကြိမ်အရေအတွက်မှာလည်း လျော့နည်းသွားပြီဟု ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်စာမျက်နှာမှ တဆင့် သုံးသပ်ရေးသားထားချက်အရ သိရသည်။
မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် အင်အားကြီး ငလျင်မှာ (Modified Mercali Scale) ၏ အပြင်းထန်ဆုံး EXTREME နှင့် Strikeslip supershear type ဖြင့် လှုပ်ခတ်သွားခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ငလျင်ကြီးမှ ချန်ခဲ့သည့် ခြေရာလက်ရာများကို မှန်မှန်ကန်ကန်လေ့လာစုဆောင်းကာ Database တစ်ခုအတွင်းမှ နောင်လာနောက်သားများအတွက် သိမ်းဆည်းထားနိုင်ရန် #tsbm_er77info က ဆောင်ရွက်နေသည်ဟုလည်း ဦးဝင်းနိုင်က ဆိုသည်။
မတ်လ (၂၈) ရက် ငလျင်ကြီး စတင်လှုပ်ခတ်ချိန်မှ လက်ရှိအချိန်အထိ မြေပြင်ငလျင်တိုင်းတာရေးစက်များဖြင့် နောက်ဆက်တွဲ ငလျင်ငယ်အချက်အလက်များ စုဆောင်းရယူပေးနေသည့် ထိုင်းမိုးလေဝသဌာန(ငလျင်)က ယနေ့ ဧပြီ (၂၄)ရက် ထုတ်ပြန်ချက်တွင်လည်း နောက်ဆက်တွဲ လှုပ်ခတ်ခဲ့သည့် ငလျင်ငယ် အကြိမ်ရေ (၆၅၃) ကြိမ် ရှိပြီဖြစ်ကြောင်း တွေ့ရသည်ဟုလည်း ၎င်းက ရေးသားထားသည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းဒေသကြီးတိုတွင် အဆောက်အဦ ထိခိုက်ပျက်စီး လူထိခိုက် ေ-သဆုံးမှု အများဆုံးကြုံတွေ့ခဲ့ရပြီး လက်ရှိတွင် ရုပ်အလေ-ာင်း ရှာဖွေထုတ်ယူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
