Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeInternationalလူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို...

လူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို X ပလက်ဖောင်းမှတစ်ဆင့် အီလွန်မက်စ် စုဆောင်းနေ

အီလွန်မက်စ်သည် သူ၏ အနာဂတ်ရှုမြင်ချက်နှင့်ကိုက်ညီမည့် သားသမီးများဖြင့် “တပ်စုကြီး” တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ လူမှုမီဒီယာပလက်ဖောင်း X ကို အသုံးပြုကာ အမျိုးသမီးများအား သူနှင့် သားသမီးရယူရန် အဆိုပြုခဲ့ကြောင်း ဝေါစထရိဂျာနယ်(WSJ) က မကြာသေးမီက ရေးသားဖော်ပြခဲ့သည်။

အမေရိကန်မှ ဆယ်လီ ကလောင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သူ အက်ရှ်လေစိန့်ကလဲယား(အသက် ၂၉)သည် X လူမှုကွန်ရက်တွင် အီလွန်မက်စ်နှင့် စတင်ဆက်သွယ်မိခဲ့ပြီး၊ သူတို့၏ အွန်လိုင်းစကားပြောဆိုများမှတစ်ဆင့် ရင်းနှီးသောအဆင့်သို့ ရောက်ရှိခဲ့သည်။ စိန့်ကလဲယားသည် နောက်ပိုင်းတွင် မက်စ်၏ ကုမ္ပဏီဌာနချုပ်သို့ သွားရောက်ခဲ့ပြီး၊ ၂၀၂၃ နှောင်းပိုင်းတွင် ရိုမျူလပ်စ်အမည်ရှိ သားတစ်ဦးကို မွေးဖွားခဲ့သည်။

မက်စ်၏ အနီးကပ်အကြံပေးနှင့် မိသားစုရေးရာမန်နေဂျာ ဂျရက်ဘာချယ်လ်ဦးဆောင်သော အဖွဲ့က စိန့်ကလဲယားအား ငွေကြေးဆိုင်ရာ လျှို့ဝှက်သဘောတူညီမှု တစ်ခု ပြုလုပ်ရန် အဆိုပြုခဲ့သည်။

အဆိုပါ လျှို့ဝှက်သဘောတူညီမှုတွင် ကြိုတင်ငွေ ၁၅ သန်း၊ ကလေ-း အသက် ၂၁ နှစ်ပြည့်သည်အထိ တစ်လလျှင် ဒေါ်လာ ၁၀၀,၀၀၀ နှင့် ယခုကိစ္စများကိုလျှို့ဝှက်ထားရန် စသည့်အချက်များပါဝင်သည်။

သို့သော် စိန့်ကလဲယားက ဤသဘောတူညီမှုကို ငြင်းဆန်ခဲ့သည်။ မက်စ်၏ အဖွဲ့သည် လျှို့ဝှက်သဘောတူညီချက်စာချုပ်ကို သူလက်မှတ်မထိုးသည့်အတွက် ဒေါ်လာ ၂၀,၀၀၀ သာ ပေးခဲ့ကြောင်းကိုလည်း စိန့်ကလဲယားက စွပ်စွဲခဲ့သည်။

“ဒီကိစ္စကို တိတ်တိတ်ဆိတ်ဆိတ်ထားဖို့ လိုတယ်” ဟု အခြေအနေအရပ်ရပ်ကို နားလည်သူတစ်ဦးက ဝေါစထရိဂျာနယ်သို့ပြောကြားခဲ့သည်။

အီလွန်မက်စ်က ကမ္ဘာ့လူဦးရေ ကျဆင်းမှုကို ပြန်လည်တိုးပွားစေရန်မှာ သူ၏တာဝန်ဟု ယုံကြည်ထားပြီး၊ ဉာဏ်ရည်မြင့်မားသော မျိုးဆက်သစ်များ မွေးဖွားရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဆို၏။ သူသည် မွေးဖွားနှုန်းကျဆင်းမှုကို “လူသားမျိုးနွယ်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှု” ဟု မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

မက်စ်သည် ခရစ်ပ်တိုငွေကြေးလောကတွင် ထင်ရှားသူ တစ်ဖနီဖေါင်း( အသက် ၃၁) ထံသို့လည်း ချဉ်းကပ်ခဲ့သည်။ သူမ၏ အွန်လိုင်းပို့စ်များကြိုက်နှစ်သက်ကြောင်း မက်စ်ကပြောခဲ့ပြီးနောက်၊ သီးသန့်စကားပြောဆိုမှုများ စတင်ခဲ့သည်။ နောက်ဆုံးတွင် မက်စ်က သူ့အတွက် ကလေ-းတစ်ဦး မွေးဖွားပေးနိုင်မလား ဟု တိုက်ရိုက်မေးမြန်းခဲ့သည်။

သို့သော် တစ်ဖနီက ငြင်းဆန်ခဲ့ပြီး၊ သမားရိုးကျမိသားစုဖွဲ့စည်းပုံကိုသာ နှစ်သက်ကြောင်း ပြန်ပြောခဲ့သည်။ သူမက မက်စ်နှင့် အပြန်အလှန်ပြောဆိုခဲ့သည့် စာတိုများကို မိတ်ဆွေများထံသို့ မျှဝေပြီးနောက်တွင်မူ မက်စ်က သူမအား အဆက်အသွယ်ဖြတ်ခဲ့သည်။ ထို့နောက် တစ်ဖနီကို X ၏ အမြတ်ရှယ်ယာမျှဝေပေးသည့်စနစ်မှ ဖယ်ရှားလိုက်ပြီး၊ သူမ၏ ဝင်ငွေလည်း ကျဆင်းသွားခဲ့သည်။

တစ်ဖနီဖေါင်း သည် Celsius နှင့် FTX ပြိုလဲမှုများကို သတင်းရေးသားခဲ့သည့် ခရစ်ပ်တိုငွေကြေးဆိုင်ရာ သတင်းသမားအဖြစ် ကျော်ကြားသူဖြစ်ပြီး၊ ဆမ်ဘက်မန်းဖရိုဒ်(FTX တည်ထောင်သူ) ထံမှ အတွင်းသတင်းများ ရရှိခဲ့သူလည်းဖြစ်သည်။

သားသမီးများစွာမွေးဖွားလိုသည့် မက်စ်၏ ဆန္ဒမှာ လူဦးရေတိုးပွားရေး လှုံ့ဆော်မှု(Pronatalism) နှင့် ဆက်စပ်နေသည်။ သူသည် “ဉာဏ်ရည်မြင့်သော မျိုးဆက်သစ်များဖြင့် ကမ္ဘာ့အစီအစဉ်ကို ပြန်လည်နေရာချခြင်း” ကို ဦးဆောင်နေသည်ဟု သူ့ကိုယ်သူရှု မြင်ပြီး၊ ၂၀၂၃ တွင် ဆော်ဒီအာရေဗျ၌ ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ခုတွင် မွေးဖွားနှုန်းကျဆင်းမှုကို “ယဉ်ကျေးမှုအတွက် အကြီးမားဆုံးအန္တရာယ်” ဟု ပြောကြားခဲ့သည်။

သူ၏ မဟာဗျူဟာတွင် အစားထိုးမိခင်(Surrogacy) အသုံးပြုခြင်း၊ ဖြစ်နိုင်ခြေရှိသော မိခင်များအတွက် အုပ်စုလိုက်နေထိုင်ရန် နေအိမ်များစီစဉ်ပေးခြင်းတို့ပါဝင်သည်။

Neuralink ကုမ္ပဏီ၏ အမှုဆောင်အရာရှိ ရှီဗွန်ဇီလစ်စ်(မက်စ်နှင့် သားသမီး ၄ ဦးရှိသူ) ကဲ့သို့သော မက်စ်နှင့် သဘောတူညီခဲ့သူများသည် ငွေကြေးထောက်ပံ့မှုနှင့် လျှို့ဝှက်စွာကူညီမှုတို့ကို ရရှိကြသည်။ သို့သော် မက်စ်ကို ငြင်းဆန်ခဲ့သူ စိန့်ကလဲယားနှင့် ဂီတအနုပညာရှင် ဂရိုင်းစ်(မက်စ်နှင့် သားသမီး ၃ ဦးရှိသူ) တို့ကဲ့သို့သော အခြားသူများမှာမူ ဥပဒေနှင့် သော်လည်းကောင်း ငွေကြေးပဋိပက္ခများ နှင့်သော်လည်းကောင်း ရင်ဆိုင်ခဲ့ရသည်။

မက်စ်၏ သားသမီးအရေအတွက်မှာ အများသိထားသည့် ၁၄ ဦးထက် ပိုများနိုင်သော်လည်း၊ ဤအစီအစဉ်သည် စနစ်တကျစီမံထားပြီး၊ ဥပဒေဖြင့်လည်း ကာကွယ်ထားကာစေကာမူ မက်စ်မဟာဗျူဟာနှင့် အကောင်အထည်ဖော်မှုတို့တွင် အငြင်းပွားဖွယ်ရာများ ရှိနေဆဲပင်ဖြစ်လေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071