Friday, June 27, 2025

တရုတ်အပေါ် ကုန်သွယ်မှု ကန့်သတ်ချက်အချို့ကို အမေရိကန်ပြည်ထောင်စုမှ...

နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးပွဲများမှ သဘောတူညီချက်များ ရရှိခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စုသည် တရုတ်အပေါ် ချမှတ်ထားသော ကန့်သတ်ချက်အချို့ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးဝန်ကြီးဌာနကကြေညာခဲ့သည်။ "တရုတ်နိုင်ငံသည် သက်ဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီသော ထိန်းချုပ်ကုန်ပစ္စည်းများ...

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးဖူဆယ် အသင်းနည်းပြချုပ်၊ အမျိုးသားအသင်း...

ထိုင်းဆီးဂိမ်းအတွက် အောင်မြင်မှုရရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် နည်းပြချုပ်၊ အမျိုးသားအသင်းအတွက် ဂိုးနည်းပြနှင့် ယနေ့ (ဇွန်၂၇)တွင်...

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် ရေကြီးရေလျှံဖြစ်ပွား၊ ထိခို-က်ပျ-က်စီးမှုများသဖြင့်...

အိမ်နီးချင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်း ယမန်နေ့ ဇွန်၂၆ ရက် ညပိုင်းအချိန်မှ ယနေ့ ဇွန် ၂၇ ရက် နံနက်ပိုင်းအချိန်အထိ မိုးရွာသွန်းခဲ့သဖြင့်...

မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးလုပ်ငန်းတွေအတွက်...

မြန်မာနိုင်ငံက တုံ့ပြန်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေအလွန်အမင်းနည်းပါးနေခြင်းက အကြီးမားဆုံးအခက်ခဲဖြစ်နေကြောင်း UNOCHA - ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးရုံး ကလူသားချင်းစာနာမှုဆိုင်ရာ ယာယီ ညှိနှိင်ရေးမှူး Mr....
HomeInternationalဂျေဒီ နှင့် မိုဒီ...

ဂျေဒီ နှင့် မိုဒီ အခွန်ကိစ္စ တွေ့ဆုံဆွေးနွေး

အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်သည် တနင်္လာနေ့က နူးဒေလီတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ကုန်သွယ်ရေးရာများကို ဆွေးနွေးခဲ့ကြသည်။ တောင်အာရှနိုင်ငံသည် သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ထပ်တိုးအခွန်ကောက်ခံမှုများမှ ကင်းလွတ်ခွင့်ရရေးအတွက် ဝါရှင်တန်နှင့် သဘောတူညီချက် တစ်ရပ်ကို အလျင်အမြန်ရယူနိုင်ရေး ကြိုးပမ်းနေခဲ့သည်။

ဆွေးနွေးမှုများသည် နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများတွင် သိသာထင်ရှားသော တိုးတက်မှုများ ကိုရစေခဲ့သည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပြီး နှစ်ဖက်စလုံးသည် အကောက်ခွန် ဝန်ထုပ်ဝန်ပိုးကို လျှော့ချရေးအတွက် ဖြစ်နိုင်ဖွယ်ရှိသော သဘောတူညီချက်တစ်ရပ်အတွက် အစီအစဉ်တစ်ခုကို အပြီးသတ် ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ကာကွယ်ရေး၊ အရေးကြီးသည့် နည်းပညာများနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီးနောက် တွေ့ဆုံဆွေးနွေးမှု၊ သံတမန်နည်းလမ်းတို့ဖြင့် ရှေ့ဆက်သွားရန် တောင်းဆိုခဲ့ကြသည်။

ယခုအချိန်အထိ အိန္ဒိယ၏ အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုကို ကြိုဆိုကြောင်းနှင့် နှစ်နိုင်ငံလုံးရှိ အလုပ်သမား၊ လယ်သမားများနှင့် စွန့်ဦးတီထွင်သူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရန် မျှော်လင့်ထားကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer က သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ယခုနှစ်ကုန်ပိုင်းတွင် ထရမ့်ပ် ကိုယ်တိုင် အိန္ဒိယနိုင်ငံသို့ အလည်အပတ်လာရောက်ရန် မျှော်လင့်ထားကြောင်းကိုလည်း မိုဒီက ဖေဖော်ဝါရီလက သူ၏ဝါရှင်တန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတကို ဖိတ်ကြားခဲ့ခြင်းကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

Ref: သည်စတား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်အပေါ် ကုန်သွယ်မှု ကန့်သတ်ချက်အချို့ကို အမေရိကန်ပြည်ထောင်စုမှ ရုပ်သိမ်းမည်

နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးပွဲများမှ သဘောတူညီချက်များ ရရှိခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စုသည် တရုတ်အပေါ် ချမှတ်ထားသော ကန့်သတ်ချက်အချို့ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးဝန်ကြီးဌာနကကြေညာခဲ့သည်။ "တရုတ်နိုင်ငံသည် သက်ဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီသော ထိန်းချုပ်ကုန်ပစ္စည်းများ တင်ပို့ခြင်းအတွက် လျှောက်လွှာများကို ဥပဒေနှင့်အညီ အတည်ပြုပေးသွားမည်ဖြစ်သည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စုသည်လည်း ယခင်က တရုတ်အပေါ် ချမှတ်ထားသော ကန့်သတ်ချက်အများအပြားကို ရုပ်သိမ်းမည်ဖြစ်သည်" ဟု တရုတ်စီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လန်ဒန်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးအပြီးတွင် တရုတ်နှင့် အမေရိကန် ကိုယ်စားလှယ်များသည် အနီးကပ်ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့သည်။ မကြာသေးမီက နှစ်ဖက်စလုံးသည်...

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးဖူဆယ် အသင်းနည်းပြချုပ်၊ အမျိုးသားအသင်း ဂိုးနည်းပြများနှင့် စာချုပ်ချုပ်ဆို

ထိုင်းဆီးဂိမ်းအတွက် အောင်မြင်မှုရရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် နည်းပြချုပ်၊ အမျိုးသားအသင်းအတွက် ဂိုးနည်းပြနှင့် ယနေ့ (ဇွန်၂၇)တွင် စာချုပ်ချုပ်ဆိုခဲ့သည်။ ခေါ်ယူစာချုပ်ချုပ်လိုက်သူများမှာ ထိုင်းလူမျိုးများဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် နည်းပြချုပ်အဖြစ် Mr.Prasert Innui၊ အမျိုးသား အသင်းအတွက် ဂိုးနည်းပြအဖြစ် ဂိုးနည်းပြ Mr. Saksri Sokanthika တို့ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လာမည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆီးဂိမ်းကာလ ပြီးဆုံးသည်အထိ...

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် ရေကြီးရေလျှံဖြစ်ပွား၊ ထိခို-က်ပျ-က်စီးမှုများသဖြင့် ကယ်ဆယ်ရေးများဆောင်ရွက်နေရ

အိမ်နီးချင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်း ယမန်နေ့ ဇွန်၂၆ ရက် ညပိုင်းအချိန်မှ ယနေ့ ဇွန် ၂၇ ရက် နံနက်ပိုင်းအချိန်အထိ မိုးရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားလျှက်ရှိရာ၊ ထိခို-က်ပျ-က် စီးမှုများပြားသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြရကြောင်း The Nation Thailand သတင်းတွင်ဖော်ပြထားချက်အရ သိရသည်။ အဆိုပါ ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ခရိုင်အတွင်းရှိ Wiang Chiang Dung ဆေးရုံအပါအဝင် လူနေအိမ်များ၊ လယ်ယာစိုက်ခင်းများနှင့် အများပြည်သူပိုင်အဆောက်အအုံအချို့ ထိခို-က်ပျ-က်စီးမှုများရှိနေသည်ဟု ဆိုသည်။ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် Wiang Chiang Dung ဆေးရုံ ရေဝင်ရောက်ခဲ့သည့်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071