Friday, June 27, 2025

ချင်းတွင်းမြစ်ရေ ဟုမ္မလင်းနှင့် ဖောင်းပြင်တွင် စိုးရိမ်ရေအမှတ်...

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေအမှတ်အထက်(၃)လက်မကျော် မြင့်တက်နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန်၂၇)တွင် ထုတ်ပြန်သည်။ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တွင်စိုးရိမ်ရေအမှတ်အထက် (၃)လက်မခန့်ကျော်လွန် နေကာ...

မိုးကုတ် မှာ မိုးသည်ထန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ယမန်နေ့ ဇွန်လ(၂၆)ရက်နေ့ညကစပြီး ယနေ့ ဇွန်လ(၂၇)ရက် နံနက်ပိုင်းထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင်း ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။ မိုးကုတ်မြို့ မင်းတံတား၊ စည်ပင်သာယာ၊ ထင်းရူးခြံ၊...

Peace Forum 2025 သည်...

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသားပြည်သူအားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာသော...

တရုတ် Xiaomi ကပထမဆုံးလျှပ်စစ် SUVကား၊...

ပေကျင်း၊ ဇွန် ၂၇ တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် ၎င်း၏ ပထမဆုံး လျှပ်စစ် SUVကား YU7 နှင့် ၎င်း၏ ပထမဆုံး...
HomeInternationalစစ်ပွဲအဆုံးသတ်ရေးဓ-ါးစာခံအားလုံးလွှတ်ပေးရန်အသင့်ရှိ--ဟားမတ်စ်

စစ်ပွဲအဆုံးသတ်ရေးဓ-ါးစာခံအားလုံးလွှတ်ပေးရန်အသင့်ရှိ–ဟားမတ်စ်

ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခအဆုံးသတ်ရေးအတွက် ပိုမိုကြီးမားသော သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအားဖြင့် လက်ကျန် ဓ-ါးစာခံအားလုံးကို အလဲအလှယ်လုပ်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုကိုချက်ချင်းလုပ်ဆောင်ရန် ဟားမတ်စ်အဖွဲ့က အသင့်ရှိကြောင်း ဟားမတ်စ် စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခါလစ် အယ်ဟေယာက ဧပြီလ၁၇ ရက် နေ့တွင် ပြောကြားခဲ့သည်။

အစ္စလာမ်မစ်လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့အနေဖြင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပယ်ချခဲ့ကြောင်း ရုပ်သံမိန့်ခွန်းတွင် အယ်ဟေယာက ပြောကြားခဲ့သည်။

“အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ သူ့အစိုးရအဖွဲ့ဟာ ပျက်သုန်းမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲကို အခြေခံတဲ့ သူတို့ရဲ့ နိုင်ငံရေးအစီအစဉ်ကို ဖုံးကွယ်ဖို့ရာ တစ်စိတ်တစ်ပိုင်း သဘောတူညီချက်တွေကို အသုံးချနေပါတယ်။ ဒါကို ကျွန်တော်တို့ လက်မခံပါဘူး” ဟု အယ်ဟေယာက ဆိုခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်‌နေ့တွင် အသက်ဝင်ခဲ့သော အပစ်အခတ်ရပ်စဲမှုကို ပြန်လည်ထူထောင်ရန် အီဂျစ် ကြားဝင်ညှိနှိုင်းသူများက ကြိုးစားနေသော်လည်း အစ္စရေးနှင့် ဟားမတ်စ်တို့သည် အဓိကအကြောင်းအရာများအပေါ်တွင် နက်ရှိုင်းစွာ သဘောကွဲလွဲနေသောကြောင့် တိုးတက်မှု အရိပ်အယောင်အနည်းငယ်သာ ရှိသေးသည်။

အပစ်ရပ်စဲမှု ပြန်လည်ထူထောင်ရန်နှင့် အစ္စရေးဓ-ါးစာခံများကို ပြန်လွှတ်ပေးရန် ရည်ရွယ်သော ဧပြီလ ၁၄ ရက်‌နေ့က ကိုင်ရိုတွင် ပြုလုပ်ခဲ့သည့် နောက်ဆုံးအကျော့ ဆွေးနွေးပွဲများသည် ရှင်းလင်းပြတ်သားသော အဖြေမရရှိဘဲ အဆုံးသတ်ခဲ့ရသည်။

အစ္စရေး ထောင်များရှိ ပါလက်စတိုင်း အကျဉ်းသားများနှင့် ဓါးစာခံအချို့ အပြန်အလှန် လဲလှယ်ရန် ၊ ပဋိပက္ခအဆုံးသတ်ရေးနှင့် အစ္စရေးတပ်များ ဂါဇာမှ ဆုတ်ခွာရေးတို့ပါဝင်သော အပစ်ရပ်စဲရေး သဘောတူညီချက် ဒုတိယအဆင့် အကောင်အထည်ဖော်ရေး စေ့စပ်ညှိနှိုင်းမှုများကို စတင်ရန် ကာတာနှင့် အီဂျစ် ညှိနှိုင်းသူများ၏ အဆိုပြုချက်ကို ဟားမတ်စ်က လက်ခံကြောင်း အယ်ဟေယာက အတည်ပြုခဲ့သည်။

အစ္စရေးသည်မူ မဖြစ်နိုင်သော စည်းကမ်းသတ်မှတ်ချက်များနှင့် အဆိုပြုချက်ကို တင်ပြခဲ့သည်ဟုသူက စွပ်စွဲခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခြေအနေတစ်ရပ်အဖြစ် ဟားမတ်စ်တို့ လက်နက်ဖြုတ်သိမ်းရန် လိုအပ်သည်ဆိုသော အဆိုပြုချက်သည် အစ္စရေး အဆိုပြုချက်များ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး အီဂျစ်၏ အဆိုပြုချက်မဟုတ်ဟု အီဂျစ် အစိုးရ ပြန်ကြားရေးဌာန(SIS) ဥက္ကဌ Diaa Rashwan က ပြောကြားခဲ့သည်။

Ref: အိပ်ချ်ဒီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းတွင်းမြစ်ရေ ဟုမ္မလင်းနှင့် ဖောင်းပြင်တွင် စိုးရိမ်ရေအမှတ် ကျော်နေ

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေအမှတ်အထက်(၃)လက်မကျော် မြင့်တက်နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန်၂၇)တွင် ထုတ်ပြန်သည်။ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တွင်စိုးရိမ်ရေအမှတ်အထက် (၃)လက်မခန့်ကျော်လွန် နေကာ ဟုမ္မလင်းမြို့တွင်မူ ထိုမြစ်ရေသည် နောက်(၁)ရက်အတွင်း စိုးရိမ်ရေအမှတ်အောက် ပြန်ကျနိုင်ကြောင်းလည်း ဆိုသည်။ သို့သော် ဖောင်းပြင်မြို့တွင်မူ ယင်းမြစ်ရေသည် နောက်(၁)ရက်အတွင်း နောက်ထပ် (၃)လက်မခန့်မြင့်တက်လာ နိုင်သည်ဟု ထုတ်ပြန်ထားသည်။ ထို့ကြောင့် မြစ်နား၊ ကမ်းနားနေထိုင်သူများ၊ မြေနိမ့်ပိုင်းနေထိုင်သူအနေဖြင့် သတိထားနေထိုင်ရန် လိုအပ်တယ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးကုတ် မှာ မိုးသည်ထန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ယမန်နေ့ ဇွန်လ(၂၆)ရက်နေ့ညကစပြီး ယနေ့ ဇွန်လ(၂၇)ရက် နံနက်ပိုင်းထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင်း ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။ မိုးကုတ်မြို့ မင်းတံတား၊ စည်ပင်သာယာ၊ ထင်းရူးခြံ၊ ဈေးသစ်နှင့် မြို့လယ်ရပ်ကွက် လမ်းမကြီးများနှင့် ရေနီချောင်းများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ကနဦးအခြေအနေများအရ ကမ်းပါးပြိုခြင်း၊ နေအိမ်အချို့ပျ-က်ဆီးခြင်းနှင့် လမ်းအက်ကွဲခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျေ-ာက်စေပြီးဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးကို အထောက်အပံဖြစ်စေဖို့ မျှော်လင့်

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသားပြည်သူအားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာသော အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေမည့် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင် က ဇွန်လ ၂၅ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ Peace Forum 2025 တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းများ၊ နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံခြားသံတမန်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကဏ္ဍအလိုက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071