Sunday, May 25, 2025

အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ပေတုံတန် မလေးရှားသို့ ထွက်ခွာ

             ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာသည် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး ခေါင်းဆောင်များသည် “အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု”...

သထုံမြို့နယ်ရှိ ရထားလမ်းပေါ်၌ ကျောက်တင်ရထားတစ်စီးမိုင်းထိပြီးပြေးလမ်းချော်ခဲ့

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ပဲခူး-မော်လမြိုင်ရ ထားလမ်းပိုင်းတွင် သဲဖြူကုန်းမှ ကလီခရီးစဥ်အဖြစ်ထွက်ခွာလာသော ကျောက်တင်ရထားတစ်စီး ယနေ့ မေ ၂၅ ရက်နံနက် ၈ နာရီ...

ကောင်းမှုတော်‌စေတီတော် အပျ-က်အစီးများ စစ်ဆေးနိုင်ရန် ဆောင်ရွက်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုရှိခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာ ကောင်းမှုတော်‌ စေတီတော်ကြီးကို စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ငြမ်းဆင်နေကြောင်း သိရသည်။ စေတီတော်ကြီးသည် ငလျင်ကြောင့် စိန်ဖူးတော် ထိခို-က်မှုရှိခဲ့သော်လည်း...

သြစတြေးလျ၌ရေကြီး၍ပိ-တ်မိနေသူများကိုဝေဟင်မှပစ္စည်းများ ချပေး

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် လူငါးဦး‌ေ-သဆုံးခဲ့ကာ သောင်းနှင့်ချီ၍ အဆက်အသွယ်ပြ-တ်တေ-ာက်မှုများဖြစ်ခဲ့သည့် ရေကြီးမှုများကြောင့် နူးဆော့ခ်ဝေးလ်ပြည်နယ်ရှိ ပိ-တ်မိနေသည့် မွေးမြူရေးသမားများအတွက် တိရစ္ဆာန်အစာများကို မေလ ၂၅ ရက်...
HomeNewsLocal Newsအာဆီယံဥက္ကဋ္ဌ နှင့် နစက...

အာဆီယံဥက္ကဋ္ဌ နှင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံတွင် တွေ့ဆုံမည်

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသော မလေးရှားနိုင်ငံ ဝန်ကြီးချုပ်သည် ယခုသီတင်းပတ်အတွင်းတွင် ထိုင်းနိုင်ငံ၌ နစက ဥက္ကဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။

ဆေးဝါးအကူအညီများ ပေးအပ်ခြင်းအပါအဝင် အကူအညီ ပေးအပ်ရေးကို လွယ်ကူချောမွေ့စေရန် အစည်းအဝေးကိုပြုလုပ်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဒတုခ် စရီ အန်ဝါ အီဘရာဟင် က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် ကီလာနတန် ရေကြီးမှုအခြေအနေများ၊ အထူးသဖြင့် စုန်ဂါရီဂိုလိုခ်-ရန်တော်ပန်ဂျန် ပဋိပက္ခအရေးပြဿနာများကို ဖြေရှင်းရန်အတွက် အန်ဝါက အာဆီယံ အလွတ်သဘောကော်မတီ အကြံပေး သက်ဆင်ရှင်နာဝပ် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုန်ထန် ရှင်နာဝပ် တို့နှင့်လည်း ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီမှု အချက်ငါးချက် ဟာ ဆက်ပြီး ရှိနေပေမယ့် လက်ရှိကြုံတွေ့နေရတဲ့ ပြင်းထန်တဲ့ငလျင်ဘေးဒဏ်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလွယ်ကူချောမွေ့စွာ ပေးနိုင်စေဖို့ ခုတွေ့ဆုံမှုက ရည်ရွယ်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ လစဉ်အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ပါသည်။

မည်သို့ဆိုစေ အာဆီယံ ဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်သည် ဗိုလ်ချုပ်မှူးကြီးကို အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် တိုက်တွန်းသွားမည် ဟု သိရသည်။

နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ပြီးခဲ့သည့် ဧပြီ (၄) ရက်နေ့တွင် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် BIMSTEC ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး
BIMSTEC အဖွဲ့ဝင်နိုင်ငံအကြီးအကဲများဖြစ်သည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် H.E.Ms.Paetongtarn Shinawatra ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြံပေးပုဂ္ဂိုလ်ချုပ် Dr. Muhammad Yunus ၊ ဘူတန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Tshering Tobgay ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi ၊ နီပေါနိုင်ငံဝန်ကြီးချုပ် H.E.Mr. KP Sharma Oli ၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya နှင့် တွေ့ဆုံခဲ့သေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ပေတုံတန် မလေးရှားသို့ ထွက်ခွာ

             ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာသည် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး ခေါင်းဆောင်များသည် “အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု” ခေါင်းစဉ်ဖြင့် ဒေသတွင်း၏ လမ်းကြောင်းကို ဆွေးနွေးပုံဖော်ကြမည်ဖြစ်သည်။           ဝန်ကြီးချုပ်သည် တနင်္လာနှင့် အင်္ဂါနေ့တို့တွင် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။ အစည်းအဝေးကို မလေးရှားအစိုးရက လက်ခံကျင်းပခြင်းဖြစ်သည်။ သူသည် အာဆီယံအစည်းအဝေးခုနှစ်ခုကို ပါဝင်တက်ရောက်မည်ဖြစ်သကဲ့သို့ ၁၆ ကြိမ်မြောက် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးတြိဂံ(IMT-GT) ခေါင်းဆောင်များ အစည်းအဝေးကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ...

သထုံမြို့နယ်ရှိ ရထားလမ်းပေါ်၌ ကျောက်တင်ရထားတစ်စီးမိုင်းထိပြီးပြေးလမ်းချော်ခဲ့

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ပဲခူး-မော်လမြိုင်ရ ထားလမ်းပိုင်းတွင် သဲဖြူကုန်းမှ ကလီခရီးစဥ်အဖြစ်ထွက်ခွာလာသော ကျောက်တင်ရထားတစ်စီး ယနေ့ မေ ၂၅ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မိုင်းထိပြီးပြေးလမ်းချော်သွားခဲ့ကြောင်း သိရသည်။ သဲဖြူကုန်းဘက်မှ ကလီဘက်သို့ခုတ်မောင်းလာသော အမှတ်-၆၈၇ အစုန် ကျောက်တင်ရထားသည် သထုံမြို့နယ်ရှိ မိုးကောင်းဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားလမ်းမိုင်တိုင်အမှတ် ၁၂၃/၂၃ နှင့် ၁၂၃/၂၄ ကြားအရောက်မိုင်းနင်းမိခဲ့သဖြင့် မိုင်းပေါက်ကွဲကာ ရထားစက်ခေါင်းနှင့် မိုင်းကာတွဲတို့ပြေးလမ်းချော်သွားပြီး အချို့တွဲဆိုင်းများမှာ တိမ်းမှေ-ာက်သွားခဲ့ကာ ရထားလမ်းမှာလည်းပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး မြန်မာ့မီးရထားမှကျွမ်းကျင်ဝန်...

ကောင်းမှုတော်‌စေတီတော် အပျ-က်အစီးများ စစ်ဆေးနိုင်ရန် ဆောင်ရွက်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုရှိခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာ ကောင်းမှုတော်‌ စေတီတော်ကြီးကို စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ငြမ်းဆင်နေကြောင်း သိရသည်။ စေတီတော်ကြီးသည် ငလျင်ကြောင့် စိန်ဖူးတော် ထိခို-က်မှုရှိခဲ့သော်လည်း မြေခမှုမရှိဘဲ စေတီတော်ပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံတချို့ ထိခို-က်ပြိုကျပျ-က်စီးခဲ့မှုများရှိသည်။ ထို့ပြင် စေတီတော်ကြီး၏ ကိုယ်ထည်၌လည်း အက်ကွဲခြင်း၊ ဆေးကွာများရှိသည့်အတွက် ပညာရှင်များကိုယ်တိုင်တက်ရောက်ကာ စစ်ဆေးနိုင်ရန် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မိန့်ကြားချက်ဖြင့် ငြမ်းဆင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိတွင် စေတီတော်ပရဝုဏ်အတွင်းရှိ အခြားပြိုကျပျ-က်စီးခဲ့သည့် သာသနိက အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071