Thursday, June 25, 2026

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ...

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ”...

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅...
HomeNewsLocal Newsမြန်မာငလျင်ကိုလှူဒါန်းကြရန်ထိုင်း-မြန်မာစီးပွားရေးကောင်စီပန်ကြား

မြန်မာငလျင်ကိုလှူဒါန်းကြရန်ထိုင်း-မြန်မာစီးပွားရေးကောင်စီပန်ကြား

မြန်မာနိုင်ငံတွင် မကြာသေးခင်က လှုပ်ခတ်ခဲ့သော ရစ်ခ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများကို ကူညီလှူဒါန်းကြရန် ထိုင်း-မြန်မာ စီးပွားရေးကောင်စီက အရေးပေါ် ပန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။
          
“မြန်မာငလျင်ဒဏ် ခံစားခဲ့ရသူများအတွက် ရင်းနှီးချစ်ကြည် ဝေမျှ နှလုံးသား စီမံချက်” သည် ရောဂါ ကာကွယ်ဆေးများ၊ အခြေခံ ရှေးဦးသူနာပြု ကိရိယာများနှင့် အခြားအရေးကြီးသော ပစ္စည်းများအပါအဝင် အထူးသဖြင့် အရင်းအမြစ်များ ရောက်နိုင်ရန် အကန့်အသတ်ရှိနေသည့် ဝေးလံခေါင်သီသော ဒေသများသို့ မရှိမဖြစ်လိုအပ်သော ဆေးဝါးပစ္စည်းများ ထောက်ပံ့နိုင်ရေး အတွက် ရန်ပုံငွေရှာဖွေရန် ရည်ရွယ်သည်ဟု ဆိုသည်။
            
ထိုင်းနိုင်ငံ နယ်စပ်ဒေသများတွင်ပါ ခံစားခဲ့ရသည် မတ်လ ၂၈ ရက်‌ေန့က မြန်မာ နိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်‌ေသာငလျင်ကြောင့် ပြင်းထန်သည့် ထိခိုက်မှုများကြုံခဲ့ရအပြီးတွင် ထိုင်း-မြန်မာ စီးပွားရေးကောင်စီ ဥက္ကဌ Krit Ungwitoonsatit က အဆိုပါ စီမံချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။
         
ကောင်စီ၏ ဦးစားပေးရည်ရွယ်ချက်သည် ငလျင်ဘေးကျရောက်ပြီးနောက်တွင် ဖြစ်နိုင်ခြေရှိသော ရောဂါဘယများ ဖြစ်ပွားမှုကို ကာကွယ်ရန်နှင့် ချက်ချင်း သက်သာရာရစေရန်ဖြစ်သည်ဟု ဆိုသည်။
        
ရရှိသော အလှူငွေများကို မေးခိုင်၊ သွေးလွန်တုပ်ကွေးနှင့် ကာလဝမ်းရောဂါ ကဲ့သို့သော ရောဂါများကို ကာကွယ်ရန် ကာကွယ်ဆေးများ၊ ထိခိုက်ဒဏ်ရာများကို ချက်ချင်းကုသရန် အခြေခံ ရှေးဦးသူနာပြု ကိရိယာများနှင့် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့များအတွက် အထူးအားဖြင့် အသုံးပြုသွားမည်ဖြစ်သည်။
         
ပါဝင်လှူဒါန်းလိုသော အများပြည်သူများအနေဖြင့် အောက်ပါ ဘဏ်စာရင်းများသို့ လှူဒါန်းနိုင်ကြောင်း သိရသည်။
-‌ ငွေစာရင်းအမည်- ထိုင်း-မြန်မာ စီးပွားရေးကောင်စီအတွက် ကူးသန်းရောင်းဝယ်ရေး၊ စက်မှုနှင့် ဘဏ်လုပ်ငန်းဖောင်ဒေးရှင်း ပူးတွဲ အမြဲတမ်းကော်မီတီ
-ငွေစုစာရင်းအမှတ်- ၀၉၂-၂-၃၁၃၉၀-၃၊ TMB Thanachart Bank Public Company Limited၊ The Old Siam Shooping Plaza Branch။
       
အလှူငွေများကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက် နေ့ ကို နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
         
အသေးစိတ်အချက်အလက်များ ကို ဆက်သွယ်မေးမြန်းလိုပါက ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်ရှိ ထိုင်း-မြန်မာ စီးပွားရေးကောင်စီ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာနခွဲသို့ ဆက်သွယ်မေးမြန်းနိုင်သည်ဟု ဆိုသည်။ 
အီးမေးလ်[email protected]
တယ်လီဖုန်း-၀၂-၃၄၅-၁၀၉၄ ဟု ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန် ၂၅ ရက် နံနက်ပိုင်းက MFF Futsal Stadium ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအတွင်း ဖူဆယ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖူဆယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစား ပိုမိုဖွံ့ဖြိုးလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံ အမျိုးသမီး ယူ-၁၉...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ” ဟု မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ဥရုချောင်းရေကြီးမှုကြောင့် ရေဝင်ရောက်မှုသည် အေးမြသာယာ၊ ငှက်ပျောတော၊ မြို့မကျောက်ဝိုင်း၊ မှော်ဝမ်းနှင့် မရှီကထောင် စသည့် မြို့ပေါ်ရပ်ကွက်များအထိ ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ “ညပိုင်းကနေ မိုးကထပ်ရွာပြန်တော့ ဒီကနေ့အထိ ရွာနေတုန်းပါပဲ။ ရေက အများကြီးမကျနိုင်ဘူးဖြစ်နေတယ်” ဟုလည်း မြို့ခံတစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ရေကြီးမှုသည် ဇွန်လ ၂၁ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့အထိ...

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်သည်။ ယမန်နေ့ နံနက် ၉ နာရီခွဲမှ ယနေ့ နံနက် ၉ နာရီခွဲအထိ ၂၄ နာရီအတွင်း မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခဲ့ပြီး နေပြည်တော်တွင်လည်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။ မှတ်သားဖွယ် မိုးရေချိန်များအနေဖြင့် ကျိုက်မရောမြို့တွင် ၃ ဒသမ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071