Looking for something?

Explore the website

Looking for something?

Saturday, June 14, 2025

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR)...

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ...

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ...

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော...

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...
HomeNewsLocal NewsOnline လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ပြည်နှင်လွှဲပြောင်းပေး

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ယနေ့ မတ် ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။

လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဂျပန်နိုင်ငံသား(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၁၆၉)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၉)ဦး(စုစုပေါင်း ၁၈၉ ဦး)ကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲသို့ ကရင်ပြည် နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးမှ ကောင်စစ်ဝန် Mr.Md.Fahad.Pervez. Bosunia နှင့် တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံသားကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဌာန၊ ညွှန်ကြားရေးမှူး Mr. Judha Nugraha နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ First Secretary Naoto Watanabe နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ယနေ့ မတ် ၁၈ ရက်တွင်လည်း မြဝတီမြို့၊ KK Park နယ်မြေသို့တရားမဝင်လမ်းကြောင်းများမှတစ်ဆင့်ဝင်ရောက်နေသည့် တရုတ်နိုင်ငံသား (၁၈၀)ဦးနှင့် အီသီယိုးပီးယားနိုင်ငံသား(၆၂)ဦးတို့ကိုလည်း ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သဖြင့် သက်ဆိုင်ရာနိုင်ငံများသို့အမြန်ဆုံးပြန်လည်လွှဲ ပြောင်းပေးအပ်နိုင်ရန် လိုအပ်သည့် ကိုယ်ရေးအ ချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက် ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၈ ရက်အ ထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၇၁၀၇)ဦးကို စစ်ဆေး ဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ(၄၁၉၁)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၂၉၁၆)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကာ ၎င်းတို့ကို ကောင်း မွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား(၇၁၀၇)ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သီရိလင်္ကာ၊ အာဖရိက၊ တူနီးရှား၊ အယ်ဂျီးရီးယား၊ ကွန်ဂို၊ ကင်မရွန်နှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ပြီး အ များစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်လှူဒါန်း

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ တို့တွင် နေပြည်တော်နှင့် မန္တလေးမြို့၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါစားနပ်ရိက္ခာများသည် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးကာ တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မတ်လ...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ ဖြစ်ပြီ

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက ကြိုဆိုသည်” ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် ဥက္ကဌဖြစ်သည့် တောင်အမေရိကနိုင်ငံ ဘရာဇီးက ပြောကြားခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်များနှင့်အတူ နိုင်ငံတကာအစီအစဉ်အတွက် ပိုမိုပါဝင် ကိုယ်စားပြုရန် ကတိကဝတ်ပြုကြောင်း ၎င်း၏ South-South ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် အဖွဲ့၏ အကျိုးစီးပွားနှင့် ပေါင်းစည်းမှုကို အားဖြည့်ပေးပါကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ ယာယီပြ-တ်တောက်

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသော သုံးစွဲသူများသည် ဝန်ဆောင်မှုပြ-တ်တောက်သည့်အခြေအနေများနှင့် ရင်ဆိုင်ရနိုင်သည်။ နိုင်ငံ၏ အကြီးဆုံး ငွေရေးကြေးရေးအဖွဲ့အစည်းသုံးခုဖြစ်သည့် Krungthai Bank Government Savings Bank(GSB)၊ Siam Commercial Bank(SCB) တို့သည် လာမည့်ရက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်စနစ်ထိန်းသိမ်းမှုလုပ်ဆောင်မည်ဟု ကြေညာခဲ့သောကြောင့် ထိုင်းနိုင်ငံတစ်ဝန်း လူသန်းနှင့်ချီကို သက်ရောက်စေသည့် ဘဏ်လုပ်ငန်းပြ-တ်တောက်မှုဖြစ်ပေါ်နေသည်။ စီစဉ်ထားသော ဖြ-တ်တောက်မှုများကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071