Looking for something?

Explore the website

Looking for something?

Sunday, June 15, 2025

ကျောက်ဆည်မြို့ စုကြီးရပ်ကွက်ရှိ နေအိမ်များတွင် လူနေထိုင်ခွင့်...

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် ရွှေသာလျောင်းတောင်ပေါ်၌ ရှိသည့် ကျောက်သေတ္တာခေါ် ကျောက်တုံးကြီး၏ ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ပြောင်းရွှေ့နေသူထိုင်ခဲ့ရသူများကို ပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း...

အဲရ်အိန္ဒိယ လေယာဉ်ပျက်ကျမှု သေဆုံးသူ ၂၇၀...

   အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်ခရီးစဥ်အမှတ် ၁၇၁ ပျက်ကျခဲ့၍ သေဆုံးသူမှာ ၂၇၀ ဦးထက်မနည်းရှိလာကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့သည်။         ကြာသပတေးနေ့က အာမက်ဒါဘတ်မှ လန်ဒန်...

ဗဟိုဘဏ်အ​နေဖြင့် အခြားကုန်စည်များအတွက် အမေရိကန်ဒေါ်လာ ၁၀...

ဗဟိုဘဏ်မှ နိုင်ငံခြား​ငွေများ ဆက်တိုက်​ရောင်းချလာပါက ​ငွေ​စျေးကျနိုင်ဟုသုံးသပ်​နေ ပြည်တွင်း၌နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်လာသည့်အတွက် ပြင်ပငွေကြေးဈေးကွက်တွင် ​စျေးမဖွင့်ကြသည်များလည်းရှိ​နေသည်။ ဇွန်လ ဒုတိယအပတ်မှစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယနေ့‌တွင် တစ်ဒေါ်လာ ၄၅၆၀ ကျပ်အထိမြင့်တက်လာခဲ့သည်။ လာမည့်ရက်သတ္တပတ်အတွင်း...

စားသောက်ကုန်နမူနာများကို ဓာတ်ခွဲစမ်းသပ်နိုင်

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၏ ရန်ကုန်မြို့ရှိ သုတေသနဌာနနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိသုတေသနဌာနခွဲတို့တွင် စားသောက်ကုန်နမူနာများကို ဓာတ်ခွဲစမ်းသပ်နိုင်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ယင်း သုတေသနဌာနများ၌ အစား အသောက်အမျိုးမျိုး၊...
HomeNewsLocal News"သဒ္ဓမဇောတိကဓဇ" ဘွဲ့တံဆိပ်တော်ရရှိသည့် အိန္ဒိယနိုင်ငံရောက်...

“သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိသည့် အိန္ဒိယနိုင်ငံရောက် ဆရာတော် အရှင်သူမြတ် (၂) ပါးအား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ ဆက်ကပ်လှူဒါန်း

အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့ရှိ ကုသိနာရုံမြန်မာကျောင်း၌ “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂) ပါးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နစကမှဆက်ကပ်လှူဒါန်းသည့် “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂) ပါးအား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား သို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးတက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂) ပါးအား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များဆက်ကပ်လှူဒါန်းပွဲ အခ မ်းအနားသို့ ပရဒေသီသံဃနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဆရာတော် ကုသိနာရုံ မြန်မာကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအမှူးပြုသော မြန်မာကျောင်းများမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ ပါဝင်တက်ရောက်ခဲ့သည်။

ထို့အတူ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်အတူ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ကော်ကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးအောင်အောင်မျိုးသိမ်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

၂၀၂၅ ခုနှစ်သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များအား ရဟန်းတော် (၄၁၅) ပါး၊ သီလရှင် ဆရာကြီး (၃၆) ပါး၊ လူပုဂ္ဂိုလ် (၅၃) ဦးတို့ကို ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ပြည်ပနိုင်ငံ အသီးသီးမှ ဘွဲ့ခံဆရာတော်ကြီး(၈)ပါး၊ သီလရှ င်ဆရာကြီး(၁)ပါးနှင့် လူပုဂ္ဂိုလ်အမျိုးသားနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၃)ပါး/ဦးတို့အနက် အမြင့်ဆုံးဘွဲ့ (၂) မျိုးဖြစ်သည့် အဘိဓဇမဟာရဌဂုရုနှင့် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇတို့ကိုသာ မြန်မာနိုင်ငံသို့ ပင့်ဖိတ်၍ ဘွဲ့တံဆိပ်တော်နှင့် အဆောင်ယောင်များ အပ်နှင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

သို့သော် အခြားသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများမှ ပေးအပ်ချီးမြှင့်လေ့ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်ဆည်မြို့ စုကြီးရပ်ကွက်ရှိ နေအိမ်များတွင် လူနေထိုင်ခွင့် ပြန်လည်ခွင့်ပြု

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် ရွှေသာလျောင်းတောင်ပေါ်၌ ရှိသည့် ကျောက်သေတ္တာခေါ် ကျောက်တုံးကြီး၏ ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ပြောင်းရွှေ့နေသူထိုင်ခဲ့ရသူများကို ပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အန္တရာယ်ကြောင့် နေအိမ် (၇) လုံးနှင့် သစ္စာမြိုင်စာသင်တိုက်ကိုတော့ ပြောင်းရွှေ့ရန် ခွင့်မပြုထားကြောင်း သိရသည်။ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်ကြောင့် ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာကြီး ပြိုကျနိုင်ရန် ရာခိုင်နှုန်းများခဲ့သောကြောင့် အနီးနားရှိ မြို့ခံများ ပြောင်းရွှေ့နေထိုင်ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် ကျောက်သေတ္တာစေတီ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဘူမိဗေဒတိုင်းတာရေးလုပ်ငန်းများအပြင် နည်းပညာများ အသုံးပြုပြီး...

အဲရ်အိန္ဒိယ လေယာဉ်ပျက်ကျမှု သေဆုံးသူ ၂၇၀ ဦးအထိ ရှိလာ 

   အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်ခရီးစဥ်အမှတ် ၁၇၁ ပျက်ကျခဲ့၍ သေဆုံးသူမှာ ၂၇၀ ဦးထက်မနည်းရှိလာကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့သည်။         ကြာသပတေးနေ့က အာမက်ဒါဘတ်မှ လန်ဒန် ဂက်ဝစ်ခ်လေဆိပ်သို့ ပျံသန်းမည့် ဘိုးရင်း ၇၈၇ ဒရင်းမ် လိုင်နာ အမျိုးအစားလေယာဉ်သည် ပြေးလမ်းမှ ပျံတက်ပြီး မကြာခင်တွင်ပင် ဆေးကောလိပ်အိပ်ဆောင်တစ်ခုပေါ် သို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။         လေယာဉ်ပေါ် လိုက်ပါသွားသူ ၂၄၂ ဦးအနက် ဗြိတိန်နိုင်ငံသား ဗစ်ရှ်ဝက်ရှ်ကူးမား ရာမက်ရှ် တစ်ယောက်သာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး မြေပြင်တွင်လည်း သေဆုံးသူ အများအပြားရှိခဲ့သည်။         အာဏာပိုင်များသည် အပျက်အစီးများကို ရှင်းလင်းနေလျက်ရှိကာ...

ဗဟိုဘဏ်အ​နေဖြင့် အခြားကုန်စည်များအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းရောင်းချပေးရန် စီစဉ်နေ

ဗဟိုဘဏ်မှ နိုင်ငံခြား​ငွေများ ဆက်တိုက်​ရောင်းချလာပါက ​ငွေ​စျေးကျနိုင်ဟုသုံးသပ်​နေ ပြည်တွင်း၌နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်လာသည့်အတွက် ပြင်ပငွေကြေးဈေးကွက်တွင် ​စျေးမဖွင့်ကြသည်များလည်းရှိ​နေသည်။ ဇွန်လ ဒုတိယအပတ်မှစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယနေ့‌တွင် တစ်ဒေါ်လာ ၄၅၆၀ ကျပ်အထိမြင့်တက်လာခဲ့သည်။ လာမည့်ရက်သတ္တပတ်အတွင်း ဗဟိုဘဏ်အ​နေဖြင့် အခြားကုန်စည်များအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ရောင်းချပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နိုင်ငံခြားငွေလိုအပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website ကို နေ့စဉ်ကြည့်ရှုပြီး FX Trading တွင် ဝင်ရောက်ဝယ်ယူနိုင်​ကြောင်းဆိုသည်။ ​ငွေ​စျေးတက်ရသည့်အ​ကြောင်းရင်းများကို စီးပွား​​ရေးသမားများ သုံးသပ်​ပြောဆိုသည်ကို​ကောက်နုတ်​ဖော်ပြသွားပါမည်။ အကြောင်းရင်းများထဲက တခုမှာ ထိုင်း ရှိ မြန်မာနိုင်ငံသား ဒါရိုက်တာပါဝင်​သော ကုမ္မဏီဘဏ်အ​ကောင့်အချို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071