Saturday, June 28, 2025

ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းကိုဆွေးနွေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းအား သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးတို့ဆွေး...

နစက ဥက္ကဋ္ဌမှ အနောက်ဥရောပနိုင်ငံများအပါအ ဝင်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ရောက်ရှိနေစဥ် ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက မင့်စ်မြို့ရှိ Minsk Tractor...

ချင်းတွင်းမြစ်ရေ လာမည့် ၃၆ နာရီအတွင်း...

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ရှိ ချင်းတွင်းမြစ်ရေသည် (၁,၂၇၀)စင်တီမီတာသို့ရောက်ရှိနေပြီး မြို့၏ စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် (၈၀)စင်တီမီတာ (၂)ပေခွဲကျော်ခန့်သာလိုပြီး လာမည့်(၃၆)နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် မင်းကင်းမြို့နယ်အတွင်း မြေနိမ့်ပိုင်းနှင့်...

အောင်မြေသာစည်အလယ်တိုက်မကြီးပြန်လည်ပြုပြင်မွမ်းမံရန် သီတဂူဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်အတွင်းရှိ အောင်မြေသာစည်အလယ်တိုက်မကြီးမှာပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ပြုပြင်မွန်းမံရန် သီတဂူဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေပေးအပ်ပွဲအား ယနေ့ ဇွန် ၂၇ ရက်က...
HomeNewsLocal Newsသီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့၌ စီမံကိန်းဖြင့်ရောင်းချခဲ့သော...

သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့၌ စီမံကိန်းဖြင့်ရောင်းချခဲ့သော အခန်းများအား ယာယီနေထိုင်ခွင့်ထုတ်ပေး

သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့တွင် အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အစီအစဉ်ဖြင့် ရောင်းချခဲ့သော အခန်းများအား ယာယီနေထိုင်ခွင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအသိ ပေးကြေညာထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်တွင် အဆိုပါအိမ်ရာရှိ အခန်းများကို ဌာနသို့ အမည် စာရင်းပေးပို့ထားပြီးဖြစ်ကာ အခန်းဝယ်ယူခွင့် ရရှိထားသူများအား ယာယီနေထိုင်ခွင့်ပြုပေးသွားမည် ဖြစ်သည်။

ယာယီနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပေးခြင်းကို ၂၀၂၅ ခုနှစ် မတ်လ (၂၀) ရက်မှ လကုန်ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန (အမှတ်၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်)တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

အဆိုပါ ယာယီနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ယူမည့် သူများအနေဖြင့် ကိုယ်တိုင်ထုတ်ယူမည်ဆိုပါက မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ဖြင့်လည်းကောင်း၊ ကိုယ်စားထုတ်ယူမည်ဆိုပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူတို့ဖြင့်လည်းကောင်း တင်ပြ၍ ထုတ်ယူရမည် ဖြစ်သည်။

အခန်းဝယ်ယူခွင့်ရရှိသူများအနေဖြင့် ချေးငွေနှင့်ပတ်သက်သော လုပ်ငန်းများကို CHID Bank နှင့် ပြီးပြတ်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ယာယီနေထိုင်ခွင့်နှင့်စပ်လျဉ်း၍အသေးစိတ် စုံစမ်းမေးမြန်းလိုပါက ၀၉-၉၈၃၉၃၀၈၈၁ ၊ ၀၉-၄၂၁ ၇၂၁၀၃၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းကိုဆွေးနွေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းအား သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးတို့ဆွေး နွေးခဲ့ကြသည်။ ဝန်ကြီးဦးတင်ဦးလွင်နှင့် နီပေါနိုင်ငံသံအမတ်ကြီးတို့သည် ဇွန် ၂၆ ရက်နံနက် ၁၁ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ အနောက်ဥရောပနိုင်ငံများအပါအ ဝင် အာဆီယံနိုင်ငံများသို့တင်ပို့လျက်ရှိသည့် မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံကိုကြည့်ရှုလေ့လာ

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ရောက်ရှိနေစဥ် ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံအားသွားရောက်လေ့လာကြည့်ရှုရာ ဘယ်လာရုစ်နိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Efimov A.V. နှင့် စက်ရုံညွှန်ကြားရေးမှူးချုပ် Mr. Avramenko S.A. တို့ကကြိုဆိုခဲ့ကြသည်။ စက်ရုံအတွင်း ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး လယ်ယာမြေပြုပြင်ထွန်ယက်ရာတွင် အသုံးပြုသည့်ယာဉ်များ၊ စိုက်ပျိုးရာ တွင်အသုံးပြုသည့်ယာဉ်များ၊ ပြုစုပျိုးထောင်ခြင်းနှင့် သွင်းအားစုများထည့်သွင်းရာတွင် အသုံးပြုသည့်ယာဉ်များ၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးကျရောက်မှုနှင့် မီးငြိမ်းသတ်မှုတို့တွင်...

ချင်းတွင်းမြစ်ရေ လာမည့် ၃၆ နာရီအတွင်း မင်းကင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်၍ အသိပေးနှိုးဆော်မှုများပြုလုပ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ရှိ ချင်းတွင်းမြစ်ရေသည် (၁,၂၇၀)စင်တီမီတာသို့ရောက်ရှိနေပြီး မြို့၏ စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် (၈၀)စင်တီမီတာ (၂)ပေခွဲကျော်ခန့်သာလိုပြီး လာမည့်(၃၆)နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် မင်းကင်းမြို့နယ်အတွင်း မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးတွင်နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက ကုန်းမြင့်ပိုင်းသို့ အချိန်မီပြောင်းရွှေ့ကြရန် မြို့နယ်တာ ဝန်ရှိသူများက ယနေ့ ဇွန် ၂၇ ရက်နံနက် ၉ နာရီက လိုက်လံအသိပေးနှိုးဆော်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071