Friday, June 27, 2025

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ...

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...
HomeInternationalထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို...

ထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို ဗီဇာပိတ်ပင်ရန်စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၆

ထရမ့်ပ် အစိုးရက နိုင်ငံ့တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒါဇင်နှင့်ချီသောနိုင်ငံများမှ နိုင်ငံခြားသားများအတွက် ဗီဇာ ကန့်သတ်ချက်များကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များနှင့် ရိုက်တာ မှ ရရှိထားသော အတွင်းရေးမှတ်စုတစ်ခုမှ ဖော်ပြထားသည်။

အဆိုပါ မှတ်တမ်းတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို သီးခြားအုပ်စုသုံးစုခွဲ၍ စာရင်းပြုစုထားသည်။ အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားနှင့် မြောက်ကိုရီယားတို့အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကို ပထမအုပ်စုအဖြစ် ဗီဇာကို လုံးဝ ဆိုင်းငံ့ထားမည်ဖြစ်သည်။

ဒုတိယအုပ်စုတွင် အီရီထရီးယား၊ ဟေတီ၊ လာအို၊ မြန်မာနှင့် တောင်ဆူဒန် နိုင်ငံငါးနိုင်ငံတို့သည် ခရီးသွားလာမှုဗီဇာနှင့် ကျောင်းသားဗီဇာအပြင် အခြားသော ရွှေ့ပြောင်းနေထိုင်သူများဗီဇာကိုပါ သက်ရောက်မှုရှိမည့် တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

တတိယအုပ်စုတွင် ဘီလာရုစ်၊ ပါကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်တို့အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံကို ၎င်းတို့၏ အစိုးရများက ရက် ၆၀ အတွင်း ချို့ယွင်းချက်၊လိုအပ်ချက်များကို ဖြေရှင်းရန် ကြိုးပမ်းခြင်းမပြုပါက အမေရိကန်ဗီဇာထုတ်ပေးမှုကို တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အဆိုပါ မှတ်တမ်းတွင် ဖော်ပြထားသည်။

အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက စာရင်းတွင် အပြောင်းအလဲများ ဖြစ်နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရုဘီယို အပါအဝင် အစိုးရအဖွဲ့က အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သတိပေးထားသည်။

အဆိုပါ လုပ်ဆောင်ချက်သည် ၂၀၁၈ ခုနှစ်တွင် အမေရိကန် တရားလွှတ်တော်ရုံးချုပ်က အတည်ပြုခဲ့သည့် သမ္မတ ဒေါ်လ်နယ်လ် ထရမ့် ၏ ပထမဆုံး သမ္မတသက်တမ်းကာလတွင် မွတ်စလင်နိုင်ငံ ခုနစ်နိုင်ငံမှ ခရီးသွားများကို တားမြစ်ပိတ်ပင်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည့် မူဝါဒကိုပြန်လည် အသက်သွင်းစေခဲ့သည့်ပုံစံဖြစ်သည်။

ထရမ့်က နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို ထောက်လှမ်းရန် အမေရိကန်သို့ ဝင်ရောက်လိုသည့် နိုင်ငံခြားသားများကို လုံခြုံရေး တိုးမြှင့်စစ်ဆေးရန် ဇန်နဝါရီ ၂၀ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်သည် မတ်လ ၂၁ ရက်မတိုင်မီ ခရီးသွားလာမှုများကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ တားမြစ်ဆိုင်းငံ့သင့်သည့် နိုင်ငံစာရင်းကိုတင်ပြရန် အစိုးရအဖွဲ့ဝင်အချို့ကို ညွှန်ကြားခဲ့သည်။ ၎င်းနိုင်ငံများသည် “စစ်ဆေးမှုနှင့် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက် အလွန်ချို့တဲ့အားနည်း သောကြောင့် ဖြစ်သည်” ဟု ထောက်ပြထားသည်။

ထရမ့် ၏ ညွှန်ကြားချက်သည် ၎င်း၏ ဒုတိယ သမ္မတသက်တမ်းအစတွင် စတင်ထုတ်ပြန်ခဲ့သော လူဝင်မှုကြီးကြပ်ရေးအတွက် တင်းကြပ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထရမ့်က ၂၀၂၃ ခုနှစ် အောက်တိုဘာလ မိန့်ခွန်းတွင် ၎င်း၏အစီအစဉ်ကို အကြို သုံးသပ်ခဲ့ပြီး  ဂါဇာပင်လယ်ကွေ့၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယား၊ ယီမင်နှင့် “ကျွန်ုပ်တို့၏လုံခြုံရေးကို ခြိမ်းခြောက်သည့် အခြားနိုင်ငံများ” မှ လူများကို ကန့်သတ်မည်ဟု ကတိပြုခဲ့သည်။

Ref: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ တက်ရောက်

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့် ဘီလာရုစ်နိုင်ငံ သည် ဥရောပအာရှစီးပွားရေးကောင်စီ (Eurasian Economic Council) ၏အစည်းအဝေးနှင့်အတူ ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး EAEU အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ ပါဝင်တက်ရောက်ကြသည်။ "ဥရောပအာရှစီးပွားရေး ပေါင်းစည်းမှုမဟာဗျူဟာ--ရလဒ်များနှင့် အလားအလာများ" ဟူသော ခေါင်းစဉ်ဖြင့် ဖိုရမ်ကို နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ နိုင်ငံပေါင်း ၃၀ ကျော်မှ လူပေါင်း ၂,၇၀၀...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားမည်

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Aliaksandr Khajayeu တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌသည် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံအားသွားရောက်လေ့လာစဥ် ဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။ Belmedpreparaty ဆေးဝါးစက်ရုံသို့ရောက်ရှိစဥ် နစက ဥက္ကဋ္ဌသည် စက်ရုံရှေ့၌ပြသထားသည့် ဆေး ကုသရေးအထောက်အကူပြု မော်တော်ယာဉ်များ၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသမှုများဆောင်ရွက်ရာတွင်အ သုံးပြုသည့်...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆ ရက်ကမီးရှို့ဖျ-က်ဆီးခဲ့ကြသည်။ ထိုသို့ ပြုလုပ်ရာ ရန်ကုန်တိုင်း၊ လှိုင်သာယာ(အ နောက်ပိုင်း)မြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း၌ ကျင်းပသည့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများမီးရှို့ဖျ-က်ဆီးခြင်းအခမ်းအနားတွင် ငွေကျပ်(၄၂၄)ဘီလီယံခန့်(အမေရိကန်ဒေါ်လာ ၁၁၈ သန်းခန့်)အား မီးရှို့ဖျ-က်ဆီးခဲ့ကြသည်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှဖမ်းဆီးရမိခဲ့သော ဘိန်း(၃၅)ကီလိုခန့်၊ ဘိန်းဖြူ(၁၇၃)ကီလိုကျော်၊ စိတ်ကြွဆေးပြား(၇၃) သန်းကျော်၊ အိုက်စ်(၁၀,၄၇၆)ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071