Thursday, June 26, 2025

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး...

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင်...

ဝါဆိုလပြည့်နေ့မှစ၍ ရွှေတိဂုံစေတီတော်တွင် တရားပွဲ၊ သီလခံယူပွဲ...

လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည် ဖြစ်သည်ဟု သိရသည်။ ကျင်းပရန် စီစဉ်ထားမှုတွင် ဇူလိုင်လ ၉ ရက်(...

နှစ်နှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့

ပြီးခဲ့သည့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့သည်။ ထိုအထဲတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့်အမှုများ ဖြစ်သည်။ ထိုအချက်အလက်များကို နေပြည်တော်ရှိ...

ရန်ကုန်မြိူ့နယ်အများစုတွင် စက်ဘီးပြင်ဆိုင်များ ပြန်အလုပ်ဖြစ်လာ

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားသော စက်ဘီးပြင်ဆိုင်များသည် ယခုနောက်ပိုင်းတွင် စက်ဘီးပြုပြင်သူပြန်လည်များပြားလာသောကြောင့် အလုပ်ဖြစ်လာသည်။ “ဒီနောက်ပိုင်း လာပြင်တဲ့ဘီးလေးတွေ များလာတယ်၊ ကျွန်တော်က စက်ဘီးဝယ်ရောင်းပါလုပ်တာဆိုတော့ second (သုံးပြီးသား)...
HomeNewsLocal Newsနစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက်...

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များလက်ရောက်ချီးမြှင့်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များအား လက်ရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်စေရန်ဘက်စုံထောင့်စုံမှ ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး၏ အင်အားသည်အဓိကကျပြီး အားလုံး၏ပူးပေါင်းပါဝင်မှု သည် အရေးကြီးကာ နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှုအင်အားဖြင့်သာအောင်မြင်နိုင်မည်ဟု ပြောသည်။

နိုင်ငံတော်အစိုးရမှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦး တည်ချက်(၉)ရပ်၊ အမျိုးသားရေး ရည်မှန်းချက် (၂)ရပ်၏ လုပ်ငန်းစဉ်များသည် လက်တွေ့အကောင်အထည်ဖော်ရာ၌ အလွန်ကျယ်ပြန့်နက်ရှိုင်းကာ ယင်း ဦးတည်ချက်လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်တိုင်းတွင် ကဏ္ဍအလိုက်အသေးစိတ်ဖော်ဆောင်ရမည့် လုပ်ငန်းတာဝန်များစွာရှိနေသည်ဟု ပြောသည်။

” အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကို စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့ အစိုးရနဲ့ပြည်သူ တက်ညီလက်ညီ ဝိုင်း ဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် နစက အနေဖြင့် ပြည်တွင်းမှဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်းခံထိုက်သူများကိုသာမက ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုခိုင် မာစေရန် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များချီးမြှင့်အပ်နှင်းလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်သည့် “စည်သူဘွဲ့”ရရှိသူ(၁၃)ဦး၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဘွဲ့များဖြစ်သည့် “သူရဘွဲ့”ရရှိသူ(၃)ဦး၊ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် “ဇေယျကျော်ထင်ဘွဲ့” ရရှိသူ(၁၇)ဦး၊ “ဝဏ္ဏကျော်ထင်ဘွဲ့”ရရှိသူ(၁၄)ဦး၊ “အလင်္ကာကျော်စွာဘွဲ့”ရရှိသူ(၁)ဦး၊ “သိပ္ပကျော်စွာဘွဲ့”ရရှိသူ(၂)ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များအား တစ်ဦးချင်းလက်ရောက်ချီးမြှင့်အပ်နှင်းပေးခဲ့သည်။

ယနေ့ ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ၂၀၂၅ ခုနှစ်၊ ဇန်န ဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့)နှင့် မတ် ၂ ရက် (တောင်သူလယ်သမားနေ့)တို့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်သည့် စည်သူဘွဲ့(၁၃)ဦး၊ သူရဘွဲ့(၃)ဦး၊ ဇေယျကျော်ထင်ဘွဲ့(၁၇)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့(၁၄)ဦး၊ အလင်္ကာကျော်စွာဘွဲ့(၁)ဦး၊ သိပ္ပကျော်စွာဘွဲ့(၂)ဦး(စုစုပေါင်း ၅၀ ဦး)ကို သက်ဆိုင် ရာ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး အာရှဖလား ခြေစစ်ပွဲစဉ်

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အုပ်စု(ဂ)၌ အိမ်ရှင်မြန်မာအသင်းနှင့်အတူ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်၊ ဗဟိုအာရှအသင်းတစ်သင်းဖြစ်သည့် တက်ခ်မင်နစ္စတန်၊ အရှေ့အလယ်ပိုင်းနိုင်ငံ ဘာရိန်း အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ ယခုခြေစစ်ပွဲသည် အုပ်စုအတွင်း တစ်သင်းတည်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည့်အတွက် ပြိုင်ဘက်အသင်း အားလုံးကို အနိုင်ကစားပြီး အိမ်ကွင်း ပရိသတ်အားပေးမှုနှင့် အခွင့်အရေး ယူသွားနိုင်ရန်လိုအပ်ကြောင်း MFFက မြန်မာပရိတ်သတ်အား နှိုးဆော်ထားသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည်...

ဝါဆိုလပြည့်နေ့မှစ၍ ရွှေတိဂုံစေတီတော်တွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည်

လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည် ဖြစ်သည်ဟု သိရသည်။ ကျင်းပရန် စီစဉ်ထားမှုတွင် ဇူလိုင်လ ၉ ရက်( ဝါဆိုလပြည့်နေ့) တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနား၊ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ကျင်းပမည် ဖြစ်သည်။ ဩဂုတ်လ ၈ ရက် (ဝါခေါင်လပြည့်နေ့)တွင် မေတ္တာအခါတော်နေ့အခမ်းအနားနှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲအခမ်းအနား၊ စက်တင်ဘာလ ၆ ရက် (တော်သလင်းလပြည့်နေ့)၌ ဂရုဓမ္မအခါတော်နေ့အခမ်းအနားကို ကျင်းပမည် ဖြစ်သည်။ ထိုနည်းတူ အောက်တိုဘာလ ၅ ရက်(သီတင်းကျွတ်အဖိတ်နေ့) တွင်  သီတင်းကျွတ်မီးထွန်းပွဲတော်အခမ်းအနား၊ အောက်တိုဘာလ...

နှစ်နှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့

ပြီးခဲ့သည့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့သည်။ ထိုအထဲတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့်အမှုများ ဖြစ်သည်။ ထိုအချက်အလက်များကို နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရခြင်း ဖြစ်သည်။ ထိုလုပ်ငန်းကော်မတီအစည်းအဝေး၌ ပြည်တွင်းကိုရောက်ရှိသည့် အချို့သော တရုတ်လူမျိုးများသည် မြန်မာအမျိုးသမီးများကို ဇနီးသားမယားအဖြစ် စည်းရုံးခေါ်ဆောင်ပြီး ရောင်းစားနေသည့်အတွက် သတိထားရန်လိုကြောင်းလည်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြောကြားသည်။ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ နှင့် ၂၀၂၅ ဇွန်လအတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071