Friday, June 27, 2025

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ...

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန်...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၂၆ ရက်ညနေပိုင်းက...

Peace Forum 2025 တတိယနေ့...

ငြိမ်းချမ်းရေး ဖိုရမ် တတိယမြောက်ရက် ဖြစ်သည့် ယနေ့  ဇွန်လ ၂၇ ရက်နေ့တွင် နေပြည်တာ်တွင် ဆက်လက်ကျင်းပနသည်။ ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိကော်မတီ နှင့်ညှိနှိုင်းရေးကော်မတီဝင်များ၊...

ငြိမ်းချမ်းရေးဖိုရမ် တတိယနေ့ကျင်းပ

ဇွန်လ (၂၅) ရက်က စတင်ကျင်းပနေသည့် ငြိမ်းချမ်းရေးဖိုရမ်( Peace Forum 2025) ကို ယနေ့ ဇွန်လ (၂၇) ရက်...
HomeNewsLocal Newsရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူ (၃၉၀၀၀) ကျော်ရှိပြီး စာစစ်ဌာန (၉၁) ခု ပြင်ဆင်ထား

မတ် (၁၇) ရက်တွင် စတင်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၉၁) ခုဖွင့်လှစ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မတ် (၁၄) ရက် မွန်းလွဲပိုင်းက တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ မတ် (၁၇) ရက်မှ မတ် (၂၂) ရက်ထိဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးတွင် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၉၁) ခုရှိပြီး စာဖြေသူဦးရေ (၃၉,၂၆၃) ဦးရှိကြောင်း၊ မနှစ်ကထက် စာစစ်ဌာန (၁၈) ခု တိုးလာကြောင်း သိရသည်။

အခြေခံပညာကဏ္ဍတွင် တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အဆင့် စာမေးပွဲကြီးတစ်ခုဖြစ်၍ အဆင့်မြင့်ပညာနှင့် အခြား သက်မွေးပညာရပ်များကို ဆက်လက်သင်ယူနိုင်ရေး ကျောင်းသားတစ်ယောက်၏ ပညာစွမ်းရည်နှင့် တတ်ကျွမ်းမှုအဆင့်အတန်းကို တိုင်းတာသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ် ၍ စာဖြေသူ ကျောင်းသား/သူများအားလုံး အေးချမ်းလုံခြုံစွာဖြင့် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး တာဝန်ရှိသူအ သီးသီးက ပေါင်းစပ်ညှိနှိုင်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ ပြောင်းပေးအပ်

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်းအတွင်းမှ မိသားစုဝင်များ၏ အိမ်ယာများပြန်လည်ထူ ထောင်နိုင်ရန် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး င လျင်ဒဏ်သင့်မိသားစုများအတွက် Mobile Toilet၊ ပန်ကာများ၊ Mytel T-shirt များ၊ ရေဘူးများ၊ ခွက်များ၊ ဆန်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်နှင့် နေ့လည်စာထမင်းဘူးများကိုလည်းလှူဒါန်းခဲ့သည်။ အဆိုပါ ယာယီလူနေအိမ်လွှဲပြောင်းပေးအပ်ပွဲကို မန္တလေးမြို့တာဝန်ရှိသူများနှင့် မန္တလေးမြို့နေသူ များ၊...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၂၆ ရက်ညနေပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင်ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)၏ မျက်နှာစုံညီအ စည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိကာ မြန်မာနိုင်ငံကို ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာပါဝင်နိုင်ရန် အဆွေတော်တို့အနေဖြင့် ထောက်ခံဆောင်ရွက်ပေးပါရန်လည်း နစက ဥက္ကဋ္ဌက မေတ္တာရပ်ခံပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့ကြားတည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှု၊...

Peace Forum 2025 တတိယနေ့ နံနက်ပိုင်း မြင်ကွင်းများ

ငြိမ်းချမ်းရေး ဖိုရမ် တတိယမြောက်ရက် ဖြစ်သည့် ယနေ့  ဇွန်လ ၂၇ ရက်နေ့တွင် နေပြည်တာ်တွင် ဆက်လက်ကျင်းပနသည်။ ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိကော်မတီ နှင့်ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071