Friday, June 27, 2025

တရုတ် Xiaomi ကပထမဆုံးလျှပ်စစ် SUVကား၊...

ပေကျင်း၊ ဇွန် ၂၇ တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် ၎င်း၏ ပထမဆုံး လျှပ်စစ် SUVကား YU7 နှင့် ၎င်း၏ ပထမဆုံး...

တောင်ကြီးတက္ကသိုလ်တွင် Business Law ဒီပလိုမာသင်တန်း...

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက...

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့်...

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန်...

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...
HomeNewsLocal News၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်မျိုးဆက်သစ်...

၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်မျိုးဆက်သစ် လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်း (FLY Project 2025) လျှောက်လွှာခေါ်ယူ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်း (FLY Project 2025) အတွက်လျှောက်လွှာခေါ်ယူထားကြောင်း သိရသည်။

အာဆီယံနိုင်ငံများနှင့်Asian Film Commission Network (AFCNet) အဖွဲ့ဝင်နိုင်ငံများမှ ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်မျိုးဆက်သစ် လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်း (ASEAN-ROK Film Leader Incubator; FLY Project 2025) ကို ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့တွင် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာ (၄) ရက်မှ ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၁၉) ရက်အထိ ဇာတ်လမ်းတို၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးခြင်းသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ (၂)ဦး ရွေးချယ်စေလွှတ်သွားမည် ဖြစ်သည်။

အဆိုပါ FLY Project 2025 သို့ တက်ရောက်ရန် လျှောက်ထားလိုသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊ ၂၀၀၁ ခုနှစ်မှ၂၀၀၆ ခုနှစ်အတွင်း မွေးဖွားသူဖြစ်ရမည်၊ အနည်းဆုံး ဇာတ်လမ်းတို သို့မဟုတ် မှတ်တမ်း ဇာတ်လမ်း သို့မဟုတ် ဗီဒီယိုဇာတ်ကား (၂) ကား ရိုက်ကူးဖူးသူ ဖြစ်ရမည်၊ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ဖြစ်ရမည်၊ နိုင်ငံခြားခရီးသွားလာမှုအတွက် ပိတ်ပင်ခြင်းခံထားရသူ မဖြစ်စေရ၊ ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် Asian Film Academy (BAFA) တို့တွင် ပြုလုပ်သည့် အစီအစဉ် တစ်ခုခု၌ ပါဝင်ဖူးသူ မဖြစ်စေရဟူ၍ သတ်မှတ်ထားသည်။

ထို့ပြင် လျှောက်လွှာတွင်ပါရှိရမည့်အချက်များမှာသတ်မှတ်ထားသည့်လျှောက်လွှာပုံစံများတွင် ပြည့်စုံစွာဖြည့်စွက်ခြ င်း၊လျှောက်ထားသူ၏ စိတ်ပါဝင်စားမှု၊ ကိုယ်ရေးအကျဉ်း၊ အနာဂတ်အစီအစဉ်များ ရေးသားဖော်ပြထားသည့် မိတ်ဆက်စကား ပါရှိရမည်ဖြစ်သည်။

အဆိုပါ လျှောက်လွှာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြင့်တင်ရေးဌာနခွဲ၊ အမှတ်(၂၈) ကုက္ကိုင်းရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရယူလျှောက်ထားနိုင်ပြီး လျှောက်ထားသူများအနေဖြင့် လျှောက်လွှာများကို ပြည့်စုံစွာ ဖြည့်စွက်ပြီး လိုအပ်သည့် အချက်အလက်(၆)စုံ၊ ရိုက်ကူးထားသည့် Project Video File (၂)ခုနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြင့်တင်ရေးဌာနခွဲသို့ ၂ဝ၂၅ ခုနှစ် ၊ ဧပြီလ (၄) ရက်၊ (သောကြာနေ့) ရုံးချိန်အတွင်း အရောက်ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်း လူတွေ့ဖြေဆိုရမည်ဖြစ်သည်။

အသေးစိတ်သိလိုပါက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ရုပ်ရှင်မြင့်တင်ရေး ဌာနခွဲ(ရန်ကုန်)၊ နိုင်ငံတကာဌာနစု တယ်လီဖုန်းအမှတ် ၀၁-၇၅၃၇၉၃၈ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ် Xiaomi ကပထမဆုံးလျှပ်စစ် SUVကား၊ AIမျက်မှန်ကိုမိတ်ဆက်

ပေကျင်း၊ ဇွန် ၂၇ တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် ၎င်း၏ ပထမဆုံး လျှပ်စစ် SUVကား YU7 နှင့် ၎င်း၏ ပထမဆုံး ဉာဏ်ရည်တုနည်းပညာ AI ပါဝါသုံး စမတ်မျက်မှန်တို့ကို ကြာသပတေးနေ့ညနေပိုင်းက ပေကျင်းတွင် ထုတ်ကုန်မိတ်ဆက်ပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။ ယွမ် ၂၅၃,၅၀၀ (အမေရိကန်ဒေါ်လာ ၃၅,၄၀၀ ခန့်) မှစတင်၍ YU7 SUV ကားကို အရောင် ၉ မျိုး ပုံစံ ၃ မျိုးဖြင့်ရရှိနိုင်ပြီး အခြေခံမိုဒယ်သည် ၈၃၅ ကီလိုမီတာအကွာအဝေးကို ပို့ဆောင်နိုင်သည်။ Xiaomi...

တောင်ကြီးတက္ကသိုလ်တွင် Business Law ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ရန် ခွင့်ပြုကြောင်း အထောက်အထား တင်ပြရမည်ဖြစ်သည်။ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ (ပထမနှစ်ဝက်) နှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ (ဒုတိယနှစ်ဝက်) တို့ကို တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်း (၉) လကြာမြင့်မည်ဖြစ်သည်။ တောင်ကြီးတက္ကသိုလ်တွင် တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်...

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့် (၁)ရှိ ဘရန်ဒန်ရိုဗာဖြင့် ထိုးသ-တ်မည်

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန် ဇွန် ၂၉ ရက် မနက်ပိုင်း)တွင် ကျင်းပပြုလုပ်မည့် UFC 317 ပွဲစဉ်၌ ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန်နှင့် UFC ဖလိုင်းဝိတ်အဆင့် (၁) ရှိ ဘရန်ဒန်ရိုဗာတို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။ ယခုပွဲစဥ်တွင် UFC Number Events ရှေ့ထွက်တွဲဆိုင်း (Prelims Card)နေရာ၌ ထိုးသတ်ခဲ့ရသည့် ဂျော့ရှုဝါဗန်အနေဖြင့် ခေါင်တွဲဆိုင်း(Main Card)တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071