Friday, May 1, 2026

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...
HomeInternationalဂျပန်၌တောမီးလောင်နေသဖြင့်ဘေးလွတ်ရာရွှေ့ပြောင်းရန်ညွှန်ကြားထား

ဂျပန်၌တောမီးလောင်နေသဖြင့်ဘေးလွတ်ရာရွှေ့ပြောင်းရန်ညွှန်ကြားထား

တိုကျို၊မတ် ၁

တောမီးများဆက်လက်ပျံ့နှံ့ လောင်ကျှမ်းနေခြင်းကြောင့် ဂျပန်အရှေ့မြောက်ပိုင်းရှိ အီဝတဲစီရင်စု၌ နောက်ထပ်အိမ်‌ထောင်စု ၁၀၀ ကျော်ကို စနေနေ့က ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းထားရ‌ကြောင်းဒေသခံမီဒီယာများကဖော်ပြခဲ့သည်။

အီဝတဲစီရင်စုအစိုးရသည် နောက်ထပ်နေအိမ် ၁၄၁ လုံးမှ လူ ၃၃၃ ဦးအား ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ရာ ယခင်ကမူအိမ်ထောင်စု ၁,၉၀၀ ခန့်မှ နေထိုင်သူ ၄,၀၀၀ ကျော်အား အိုးအိမ်စွန့်ခွာရန်ပြောကြားခဲ့ပြီးဖြစ်ကြောင်းလည်းကျိုဒိုသတင်းတွင် ဖော်ပြထားသည်။

စုစုပေါင်း လူ ၁,၀၃၃ ဦးသည် မြို့တွင်းရှိ ဘေးလွတ်ရာ ရွှေ့ပြောင်းရေးစခန်းများတွင် ခိုလှုံနေကြရသည်ဟုလည်းသိရသည်။

ယခုအခါတွင် ဂျပန်မိမိကိုယ်ကိုယ်မိမိ ကာကွယ်ရေးတပ်ဖွဲ့၏ ရဟတ်ယာဉ်ခြောက်စီးသည် မီးငြှိမ်းသတ်ရာ ၌ပါဝင်ခဲ့ပြီး လူတစ်ဦး‌ေ-သဆုံးကာ အိမ်ခြေ ၁၀၀ နီးပါးမီးလောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မီးသတ်နှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီ၏အဆိုအရ ယခုတောမီးသည် ၁၉၈၀ ပြည့်လွန်အနှောင်းပိုင်း နှစ်များကတည်းက ဂျပန်နိုင်ငံ၌ဖြစ်ပွားခဲ့သောတောမီးများအနက် အကြီးမားဆုံးတောမီးဖြစ်သည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန် သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ Milli Majlis ဟု သိကြသော ပါလီမန်သည် ဥရောပပါလီမန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အီးယူ-အဇာဘိုင်ဂျန် ပါလီမန်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ပါဝင်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသည်။ နွေဦးကာလ ပါလီမန်အစည်းအဝေး ဖွင့်လှစ်ချိန်တွင် ပါလီမန် ဥက္ကဋ္ဌ ဆာဟီဘာ ဂါဖာရိုဗာ က ဥရောပပါလီမန်၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071