Saturday, August 1, 2026

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့အတွင်း မြစ်ရေဝင်ရောက်လျက်ရှိ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ လက်ရှိအချိန်၌ သံကန်တန်း(၇)၊ ကျောက်ကုန်းရပ်ဓမ္မာ ရုံ၊ ပေတောဘုန်တော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရားဓမ္မာရုံတို့အား ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ်ဖွင့်လှစ်ထားကာ...

မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင်...

လာအိုနှင့် မြန်မာ တူညီသော ကိုးကွယ်ယုံကြည်မှုများကြား မေတ္တာပွားခြင်း ယနေ့နံနက် (၀၉:၄၅) နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်ဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၌ မြန်မာ-လာအို...

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၆,၇၄၇)ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေး ရွာအနီးရှိ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ ၌ တာကျိုး ပေါက်မှုကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးကို ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ လေးမျက်နှာမြို့မှ...

ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို...

သဲဗွက်များဖြစ်ပေါ်မှုကြောင့် ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ရာ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မှာကြားသည်။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာကျိုးပေါက်မှုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို...
HomeInternationalတရုတ်ရဲက မူးယစ်ဆေးနှိမ်နင်းရေးနှင့်ထိန်းချုပ်ရေးကိုတိုးမြှင့်လုပ်ဆောင်

တရုတ်ရဲက မူးယစ်ဆေးနှိမ်နင်းရေးနှင့်ထိန်းချုပ်ရေးကိုတိုးမြှင့်လုပ်ဆောင်

ပေကျင်း၊ဖေဖော်ဝါရီ ၂၈

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ တရုတ်နိုင်ငံတစ်ဝန်း မူးယစ်ဆေးနှင့်ဆက်နွှယ်သည့် ရာဇ၀တ်မှုပေါင်း ၃၈,၀၀၀ ခန့်ကို နှိမ်နင်းနိုင်ခဲ့ပြီး မူးယစ်ဆေးမျိုးစုံ ၂၈ တန်ကျော် ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

နိုင်ငံတော်မူးယစ်ဆေးတိုက်ဖျက်ရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ဒေသအနေဖြင့် ကြီးလေး‌ေသာ မူးယစ်ဆေးနှင့်ဆက်နွှယ်သည့်ပြစ်မှုများတွင် ပါဝင်ပတ်သက်နေသည့် အလိုရှိစာရင်းရှိ တရားခံပြေးခုနစ်ဦးကိုလည်း ပြည်သူ့လုံခြုံရေးအာဏာပိုင်များက  ဖမ်းဆီးခဲ့ကြောင်းသိရသည်။

မူးယစ်ဆေးထုတ်လုပ်မှုကို ထိန်းချုပ်ရန်အတွက် တရုတ်ရဲများသည် ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးသုံးစွဲမှုအပါအဝင် အမှုပေါင်း ၁၅၁ မှုကို ကိုင်တွယ်နိုင်ခဲ့ပြီး မူးယစ်ဆေးတန်ချိန် ၁,၄၀၀ ကျော် ကို သိမ်းဆည်းရမိခဲ့သည်ဟုလည်းသိရသည်။

ထို့အပြင် ပြည်သူ့လုံခြုံရေးအာဏာပိုင်များသည် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဓာတုပစ္စည်းများတင်ပို့ရောင်းချမှုနှစ်ခုစလုံးကို ပိုမို ထိန်းချုပ်ထားသည်ဟုလည်းပြောကြားခဲ့သည်။

ဆက်လက်၍လည်း မူးယစ်ဆေးကိစ္စကို ထိထိမိမိထိန်းချုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်နိုင်ငံများနှင့်ပါ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့အတွင်း မြစ်ရေဝင်ရောက်လျက်ရှိ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ လက်ရှိအချိန်၌ သံကန်တန်း(၇)၊ ကျောက်ကုန်းရပ်ဓမ္မာ ရုံ၊ ပေတောဘုန်တော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရားဓမ္မာရုံတို့အား ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ်ဖွင့်လှစ်ထားကာ ရေဘေးသင့်သူ (၁၉၉)ဦးခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့အား မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဆန်ရိက္ခာဖိုးငွေ၊ မင်းဘူးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက အိမ်ထောင်စု တစ်စုလျှင် ကြက်ဥ(၁၀)လုံး၊ ရေသန့်(1-Litre)တစ်ကတ်စီတို့ကို ယနေ့ ဇူလိုင် ၃၁ ရက်ကထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ နေထိုင်ရန်ကျန်ရှိသည့် ရေဘေးသင့်အိမ်ထောင်စုများကိုလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးငွေများပံ့ပိုးပေးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနား ကျင်းပ

လာအိုနှင့် မြန်မာ တူညီသော ကိုးကွယ်ယုံကြည်မှုများကြား မေတ္တာပွားခြင်း ယနေ့နံနက် (၀၉:၄၅) နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်ဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင် ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ချစ်ကြည်ရေး တရားတော်များ နာယူကြည်ညိုကြပြီး ပြုပြုသမျှ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြပါသည်။ လှူဒါန်းမှုအစုစုအဖြစ် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက...

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၆,၇၄၇)ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေး ရွာအနီးရှိ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ ၌ တာကျိုး ပေါက်မှုကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးကို ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ လေးမျက်နှာမြို့မှ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)ရပ် ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုရှိ ညောင်ပင်ဝဲ၊ မသဲကုန်း၊ ရွှေကညင်ပင်ကျောင်း၊ သရက်ကန်၊ လေးအိမ်တန်းကျေးရွာများနှင့် သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဂျမ်းကုန်း၊ ကျွန်းတဲ၊ ကွမ်းခံကုန်းကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးအား ယာ ယီရေဘေးကယ်ဆယ်ရေးစခန်းအဖြစ်ဖွင့်လှစ်ထားသော လေးမျက်နှာမြို့၊ ဣစ္ဆာသယကျောင်းတိုက်၌ စောင့်ရှောက်ပေးထားကာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071