Friday, December 5, 2025

ဆီးဂိမ်းပြိုင်ပွဲ၌ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းကို ကြိုးစား...

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့နှင့် ယခုဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံထိပ်တိုက်တွေ့ဆုံမည်ဖြစ်ရာ ကြိုးစားပြီး ရင်ဆိုင်သွားမည်ဟု နည်းပြချုပ် ကူရိုဆာခီက ပြောသည်။ ဒီဇင်ဘာ (၄)ရက် ၊မွန်းလွဲ...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ်သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့ ဂျိုးဘိုင်ဒင်ရဲ့...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ် သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့...

စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် (၄၀၀)ကျော်...

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင်...
HomeInternationalAI ပညာရှင်များ အမေရိက...

AI ပညာရှင်များ အမေရိက မသွားရန် တရုတ်က တိုက်တွန်းထား ဟုဆို

နိုင်ငံ၏ ထိပ်တန်း ညဏ်ရည်တု(AI) စွန့်ဦးတီထွင်သူများနှင့် သုတေသီများကို အမေရိကသို့ ခရီးမသွားကြရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထားကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများကို ကိုးကား၍ ဝေါစထရိဂျာနယ်က သောကြာနေ့တွင် ဖော်ပြခဲ့သည်။

နိုင်ငံရပ်ခြားသို့ ခရီးသွားလာနေသော တရုတ် AI ပညာရှင်များအနေဖြင့် နိုင်ငံ၏ တိုးတက်မှုနှင့် ပတ်သက်သော လျှို့ဝှက်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရသည့် အခြေအနေမျိုး နှင့်တွေ့ကြုံရမည်ကို အာဏာပိုင်များက စိုးရိမ်နေသည်ဟု ဂျာနယ်က ဆိုသည်။

ထို့အပြင် ကုမ္ပဏီများ၏ အမှုဆောင်အရာရှိများ ထိန်းသိမ်းခံရပြီး အမေရိက-တရုတ် စေ့စပ်ညှိနှိုင်းမှုများတွင် အလဲအထပ်တစ်ခုအနေဖြင့် အသုံးချနိုင်သည့် အခြေအနေကိုလည်း အာဏာပိုင်များက စိုးရိမ်နေသည်ဟု ဂျာနယ်ကဖော်ပြခဲ့ပြီး ထရမ့်ပ်အစိုးရ ပထမသက်တမ်းအတွင်းက အမေရိက၏ တောင်းဆိုချက်အရ ကနေဒါတွင် ဟွာဝေးအမှုဆောင်အရာရှိတစ်ဦး ထိန်းသိမ်းခံခဲ့ရခြင်းကို ထောက်ပြ၍ သတိပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုမှုကို အိမ်ဖြူတော်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက လောလောဆယ်တွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။

AI နှင့် စက်ရုပ်များကဲ့သို့ အခြား အမှားအယွင်း အတိမ်းအစောင်းမခံသော အရေးပါသော လုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများကို ဦးဆောင်နေသည့် အမှုဆောင်အရာရှိများအနေဖြင့် အမေရိကနှင့် ယင်း၏ မဟာမိတ်နိုင်ငံများသို့ မလိုအပ်ဘဲ ခရီးသွားခြင်း မလုပ်ကြရန် တိုက်တွန်းထားသည်ဟု ဂျာနယ်က ဖော်ပြခဲ့သည်။

မဖြစ်မနေ ခရီးသွားရသော အမှုဆောင်အရာရှိများအနေဖြင့် နိုင်ငံမှ မထွက်ခွာမီတွင် ၎င်းတို့၏ အစီအစဉ်အကြောင်းအရာများကို အစီရင်ခံရန်နှင့် ပြန်ရောက်သည့်အခါ ၎င်းတို့ လုပ်ဆောင်ခဲ့သည်များ၊ တွေ့ဆုံခဲ့သူများနှင့်ပတ်သက်၍ အာဏာပိုင်များထံ အကျဉ်းချုပ် အစီရင်ခံရန် ညွှန်ကြားထားကြောင်းလည်း ဂျာနယ်က ဆက်လက် ဖော်ပြသည်။

တရုတ် AI စွန့်ဦးတီထွင်သူ DeepSeek တည်ထောင်သူ Liang Wenfeng သည် ဖေဖော်ဝါရီလတွင် ပါရီ၌ ကျင်းပသည့် AI ညီလာခံကို တက်ရောက်ရန် ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့သည်ဟု ယင်းသတင်းတွင် ဖော်ပြသည်။ ထို့အပြင် နောက်ထပ် အဓိက တရုတ် AI တည်ထောင်သူတစ်ဦးသည်လည်း ပြီးခဲ့သည့်နှစ်က အမေရိကသွားမည့် ခရီးစဉ်ကို ပေကျင်း၏ ညွှန်ကြားချက်များ ရရှိခဲ့အပြီးတွင် ဖျက်သိမ်းခဲ့သည်ဟုလည်း အဆိုပါ ဂျာနယ်က ပြောသည်။

အမေရိကနှင့် တရုတ်တို့သည် ကမ္ဘာလုံးဆိုင်ရာ AI ပြိုင်ဆိုင်မှုတွင် အကြိတ်အနယ်ဖြစ်နေပြီး DeepSeek သည် မကြာခင်က OpenAI နှင့် Google ကဲ့သို့ အမေရိက AI ဦးဆောင်ကုမ္ပဏီများကို ယှဉ်နိုင် သို့မဟုတ် ကျော်ဖြတ်နိုင်သည့် ကုန်ကျစရိတ် သိသိသာသာ နည်းပါးသော AI မိုဒယ်များကို မိတ်ဆက်ခဲ့သည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းပြိုင်ပွဲ၌ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းကို ကြိုးစား ရင်ဆိုင်မည်ဟု နည်းပြချုပ် ကူရိုဆာခီ ပြော

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့နှင့် ယခုဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံထိပ်တိုက်တွေ့ဆုံမည်ဖြစ်ရာ ကြိုးစားပြီး ရင်ဆိုင်သွားမည်ဟု နည်းပြချုပ် ကူရိုဆာခီက ပြောသည်။ ဒီဇင်ဘာ (၄)ရက် ၊မွန်းလွဲ (၂) နာရီအချိန်က ချင်းမိုင်အားကစားကွင်း၌ ကျင်းပခဲ့သည့် ဆီးဂိမ်းစ် ၂၀၂၅ အမျိုး သားဘောလုံးပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ "ပြိုင်ဘက်အသင်းတွေကို ကျွန်တော်တို့ လေးစားမှုနဲ့ ယှဉ်ပြိုင်မှာပါ။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား အသင်းတွေက တောင့်တင်းပြီး တကယ်ကောင်းတဲ့ အသင်းတွေဆိုတာ သူတို့နဲ့တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ မြင်ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ဆီမီးဖိုင်နယ်တက်တဲ့...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ်သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့ ဂျိုးဘိုင်ဒင်ရဲ့ CAFE လို့ ခေါ်တဲ့ ကော်ပိုရိတ် ပျမ်းမျှလောင်စာဆီ ချွေတာရေး စံနှုန်းတွေကို တရားဝင် ရပ်စဲလိုက်ပါတယ်" ဟု အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပ်က ပြောကြားခဲ့သည်။ ခရီးသည်တင်ကားများနှင့် အပေါ့စားထရပ်ကားများအတွက် ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံး၏ ပျမ်းမျှဆီစားသက်သာမှုသည် ၂၀၃၁ ခုနှစ်ထုတ် မိုဒယ်နှစ်တွင် တစ်ဂါလံလျှင် ၃၄.၅ မိုင်၊ ဘိုင်ဒင်...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ် သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့ ဂျိုးဘိုင်ဒင် ရဲ့ CAFE လို့ ခေါ်တဲ့ ကော်ပိုရိတ် ပျမ်းမျှလောင်စာဆီ ချွေတာရေး စံနှုန်းတွေကို တရားဝင် ရပ်စဲလိုက်ပါတယ်" ဟု အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပ် က ပြောကြားခဲ့သည်။ ခရီးသည်တင်ကားများနှင့် အပေါ့စားထရပ်ကားများအတွက် ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံး၏ ပျမ်းမျှဆီစားသက်သာမှုသည် ၂၀၃၁ ခုနှစ်ထုတ် မိုဒယ်နှစ်တွင် တစ်ဂါလံလျှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071