Saturday, August 1, 2026

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့အတွင်း မြစ်ရေဝင်ရောက်လျက်ရှိ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ လက်ရှိအချိန်၌ သံကန်တန်း(၇)၊ ကျောက်ကုန်းရပ်ဓမ္မာ ရုံ၊ ပေတောဘုန်တော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရားဓမ္မာရုံတို့အား ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ်ဖွင့်လှစ်ထားကာ...

မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင်...

လာအိုနှင့် မြန်မာ တူညီသော ကိုးကွယ်ယုံကြည်မှုများကြား မေတ္တာပွားခြင်း ယနေ့နံနက် (၀၉:၄၅) နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်ဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၌ မြန်မာ-လာအို...

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၆,၇၄၇)ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေး ရွာအနီးရှိ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ ၌ တာကျိုး ပေါက်မှုကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးကို ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ လေးမျက်နှာမြို့မှ...

ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို...

သဲဗွက်များဖြစ်ပေါ်မှုကြောင့် ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ရာ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မှာကြားသည်။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာကျိုးပေါက်မှုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို...
HomeInternationalထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို အမေရိကန်စစ်တပ်မှ ထုတ်ပယ်မည်

ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို အမေရိကန်စစ်တပ်မှ ထုတ်ပယ်မည်

ပင်တဂွန်မှ ယခု သီတင်းပတ် ဆုံးဖြတ်ချက်မှတ်တမ်းအရ ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို စစ်တပ်မှ ထုတ်ပယ်မည်ဟု သိရသည်။ ယင်းသည် ထရန်စ်ဂျန်ဒါဝန်ထမ်းများအား စစ်တပ်တွင် ပါဝင်ခွင့် သို့မဟုတ် တာဝန်ထမ်းဆောင်ခွင့်များကို ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး၊ အဆိုပါမှတ်တမ်းကိုလည်း ဗုဒ္ဓဟူးနေ့တွင် တရားရုံးသို့ တင်သွင်းခဲ့ပြီးဖြစ်သည်။

ဤဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းအတွင်း ထရန်စ်ဂျန်ဒါဝန်ထမ်းများအပေါ် ထားရှိခဲ့သော ကန့်သတ်ချက်များထက်ပင် ပိုမိုတင်းကျပ်လာခြင်းဖြစ်ပြီး၊ ထရမ့်ကို ထောက်ခံသူများကပင် ယခင်က မကြုံဖူးသော လုပ်ရပ်ဟု ဆိုကြသည်။

ထရမ့်သည် လွန်ခဲ့သောလကပင်လျှင် ထရန်စ်ဂျန်ဒါစစ်သားများကို ဦးတည်သည့် အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ “ထရန်စ်ဂျန်ဒါစစ်သားများသည် စစ်သားတစ်ဦးအတွက် လိုအပ်သော ရိုးသားမှု၊ ကိုယ်ကျိုးစွန့်မှုတို့နှင့် မကိုက်ညီပါ” ဟုလည်း ပြောဆိုခဲ့သည်။

ယခုလအတွင်းတွင်ပင် အမေရိကန်စစ်တပ်သည် ထရန်စ်ဂျန်ဒါဝန်ထမ်းများကို စစ်တပ်တွင် ပါဝင်ခွင့်မပေးတော့ဘဲ၊ လိင်ပြောင်းလဲမှုနှင့်ဆိုင်သော ကုသမှုများကို ဆောင်ရွက်ပေးခြင်း သို့မဟုတ် ကူညီဆောင်ရွက်ပေးခြင်းများကို ရပ်ဆိုင်းမည်ဟု ပင်တဂွန်က ကြေညာခဲ့သည်။ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်မှတ်တမ်းသည် လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်သားများအပေါ် ပိတ်ပင်ချက်ကို ပိုမိုချဲ့ထွင်လိုက်ခြင်း ဖြစ်သည်။

စာတမ်းတွင် ပင်တဂွန်သည် ထရန်စ်ဂျန်ဒါစစ်သားများကို ခွဲခြားသတ်မှတ်ရန် လုပ်ထုံးလုပ်နည်းများကို ၃၀ ရက်အတွင်း ပြုစုရမည်ဖြစ်ပြီး၊ ထို့နောက် ၃၀ ရက်အတွင်း ၎င်းတို့ကို စစ်တပ်မှ ထုတ်ပယ်ရန် စတင်ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

“စစ်သားများ၏ အသင့်ပြင်ဆင်မှု၊ ရန်သူကို သတ်ဖြတ်နိုင်စွမ်း၊ စည်းလုံးညီညွတ်မှု၊ တစ်သမတ်တည်းဖြစ်မှုနှင့် ရိုးသားမှုတို့အတွက် အမေရိကန်အစိုးရ၏ မူဝါဒမှာ သက်ဆိုင်သလို အမြင့်မားဆုံးသတ်မှတ်ချက်များ သတ်မှတ်ရန်ဖြစ်သည်” ဟု ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ရက်စွဲပါ ဆုံးဖြတ်ချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့အတွင်း မြစ်ရေဝင်ရောက်လျက်ရှိ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ လက်ရှိအချိန်၌ သံကန်တန်း(၇)၊ ကျောက်ကုန်းရပ်ဓမ္မာ ရုံ၊ ပေတောဘုန်တော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရားဓမ္မာရုံတို့အား ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ်ဖွင့်လှစ်ထားကာ ရေဘေးသင့်သူ (၁၉၉)ဦးခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့အား မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဆန်ရိက္ခာဖိုးငွေ၊ မင်းဘူးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက အိမ်ထောင်စု တစ်စုလျှင် ကြက်ဥ(၁၀)လုံး၊ ရေသန့်(1-Litre)တစ်ကတ်စီတို့ကို ယနေ့ ဇူလိုင် ၃၁ ရက်ကထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ နေထိုင်ရန်ကျန်ရှိသည့် ရေဘေးသင့်အိမ်ထောင်စုများကိုလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးငွေများပံ့ပိုးပေးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနား ကျင်းပ

လာအိုနှင့် မြန်မာ တူညီသော ကိုးကွယ်ယုံကြည်မှုများကြား မေတ္တာပွားခြင်း ယနေ့နံနက် (၀၉:၄၅) နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်ဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင် ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ချစ်ကြည်ရေး တရားတော်များ နာယူကြည်ညိုကြပြီး ပြုပြုသမျှ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြပါသည်။ လှူဒါန်းမှုအစုစုအဖြစ် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက...

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၆,၇၄၇)ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေး ရွာအနီးရှိ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ ၌ တာကျိုး ပေါက်မှုကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးကို ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ လေးမျက်နှာမြို့မှ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)ရပ် ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုရှိ ညောင်ပင်ဝဲ၊ မသဲကုန်း၊ ရွှေကညင်ပင်ကျောင်း၊ သရက်ကန်၊ လေးအိမ်တန်းကျေးရွာများနှင့် သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဂျမ်းကုန်း၊ ကျွန်းတဲ၊ ကွမ်းခံကုန်းကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးအား ယာ ယီရေဘေးကယ်ဆယ်ရေးစခန်းအဖြစ်ဖွင့်လှစ်ထားသော လေးမျက်နှာမြို့၊ ဣစ္ဆာသယကျောင်းတိုက်၌ စောင့်ရှောက်ပေးထားကာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071