Monday, August 3, 2026

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ...

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ...

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့...

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊...
HomeInternationalအမေရိကဖိအားတိုးလာခြင်းကိုမပူကြရန်အစိုးရအရာရှိများကိုရှီတိုက်တွန်း

အမေရိကဖိအားတိုးလာခြင်းကိုမပူကြရန်အစိုးရအရာရှိများကိုရှီတိုက်တွန်း

ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု အခက်အခဲများကြားတွင် တည်တည်ငြိမ်ငြိမ်ရှိကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က အစိုးရအရာရှိများကို တိုက်တွန်းလိုက်ပြီး ပေကျင်းအနေဖြင့် ထရမ့်ပ်အစိုးရအဖွဲ့၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အသစ်များကို ချိန်ဆကာ ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် “ပြည်တွင်းနဲ့ နိုင်ငံတကာ အခြအနေ အပြောင်းအလဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံရေးစွမ်းရည်ကို မြှင့်တင်ပြီး တည်တည်ငြိမ်ငြိမ် တုန့်ပြန်ရပါမယ်” ဟု ပေါ်လစ်ဗျူရို နှင့် နိုင်ငံတော်ကောင်စီ ပါတီဝင်များအပါအဝင် ထိပ်တန်းအရာရှိများကို ရှီက ပြောကြားခဲ့သည်ဟု အစိုးရပိုင် ရှင်းဟွာသတင်းဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် သူ၏ ဒုတိယသက်တမ်းအတွင်း တရုတ်နိုင်ငံအပေါ် အပြင်ထန်ဆုံးသော လုပ်ဆောင်ချက်များ ဆောင်ရွက်နေပြီး မကြာမီတွင် ဆက်ဆံရေး ပိုမိုဆိုးဝါးလာနိုင်သည့် အလားအလာများနေချိန်တွင် ရှီ၏ ပြောဆိုချက်ထွက်လာခြင်းဖြစ်သည်။

ဝါရှင်တန်သည် နည်းပညာနှင့် စွမ်းအင်ကဲ့သို့ အမေရိက၏ မဟာဗျူဟာကဏ္ဍများတွင် တရုတ်အသုံးစရိတ်ကို ကန့်သတ်ကာ ဖိအားတိုးမြှင့်ခဲ့ပြီး တရုတ်သွင်းကုန်များအပေါ် ၎င်းတို့၏ အခွန်စည်းကြပ်မှုကို တိုးမြှင့်ရန် မက္ကဆီကိုကို တိုက်တွန်းနေသကဲ့သို့ တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် တရုတ်လုပ် ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကို အခကြေးငွေကောက်ခံရန် တွန်းအားပေးနေသည်။

ထို့အပြင် အိမ်ဖြူတော်သည် ပေကျင်း၏ နည်းပညာတိုးတက်မှုကို တားဆီးရန် ရည်ရွယ်၍ တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ် ကန့်သတ်ချက်များကို တင်းကြပ်နေကာ တရုတ်၏ ချစ်ပ်လုပ်ငန်းအပေါ် ကိုယ်ပိုင် ကန့်သတ်ချက်များ တိုးမြှင့်လုပ်ဆောင်ကြရန် အဓိကမဟာမိတ်များကိုလည်း တိုက်တွန်းနေသည်ဟု Bloomberg သတင်းက ဖော်ပြခဲ့သည်။

တင်းမာမှုများလာ‌သောကြောင့် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို တုန်လှုပ်စေခဲ့ပြီး တရုတ်စတော့ရှယ်ယာများ တန်ဖိုးကျဆင်းသွားခဲ့သည်။

“ကျွန်တော်အမြင်အရတော့ အမေရိက,က တရုတ်နဲ့ တိုက်ဖို့ ဆန္ဒပြင်းပြနေပေမယ့် တရုတ်က တုပ်တုပ်တောင်မလှုပ်ပါဘူး”  ရှန်ဟိုင်းအခြေစိုက် အတိုင်ပင်ခံကုမ္ပဏီ Z-Ben Advisor အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ ပီတာ အလက်ဇန်းဒါးက ဖေဖော်ဝါရီ ၂၆ ရက်တွင် Bloomberg TV သို့ ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄၅) ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအနက် ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူများကို ဩဂုတ် ၂ ရက်က သွားရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း ဆိပ်ဖြူကြက်သွန်နီဈေးကွက်မှ သိရသည်။ အုံးမှင်၊ လက်ဆည်၊ ဆူးလေကုန်း၊ တပ်မ၊ ဝဲမ၊ ဘဲကျ၊ တပေါင်းနှင့် ကူရှည်အလယ်စု ကျေးရွာများမှ ကြက်သွန်နီများ ပွဲရုံဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၅ သောင်းခန့် ဝင်ရောက်လျက်ရှိသော်လည်း ဝယ်လိုအားများပြီး ကုန်ဝင်နည်းနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူဈေးကွက်တွင် ဇူလိုင်လဆန်းပိုင်းက ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ ဧရာဝ တီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ Manpack(ကျောလွယ်ဂြိုလ်တုဆက်သွယ်ရေးစနစ်)ဖြင့် သမာရိုးကျမြေပြင်ဆက်သွယ်ရေးစနစ်များမရှိသော ဆက်သွယ်မူပြတ်တောက်ထားသည့်အခြေအနေများတွင် ဆက်သွယ်မူရရှိနိုင်ရန် သယ်ဆောင်အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၊ အသံစနစ်၊တိုက်ရိုက်ရုပ်မြင်စနစ်များဖြင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး Command and Control Center(C3)မှလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများအားနှင့် မြေပြင်အခြေအနေအားစောင့်ကြည့်ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071