Wednesday, May 6, 2026

ဧရာဝတီတိုင်း လူရည်ချွန်များအား လေ့လာရေးခရီးစဉ်အတွက် ကြိုဆိုပို့ဆောင်

ဧရာဝတီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြမည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ကြိုဆိုပို့ဆောင်ခဲ့ကြသည်။ လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့်...

လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။ " လျှပ်စစ်ဓာတ်အားကို...

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်...

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်သည်...

Miss Grand Myanmar ပြိုင်ပွဲ...

လတ်တလော ဖြစ်ပေါ်နေသော အငြင်းပွားမှုများကြောင့် Miss Grand Myanmar ပြိုင်ပွဲ၏ ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် Preliminary Competition နှင့် Grand...
HomeInternationalမြေရှားသတ္ထုလုပ်ငန်းဖွံ့ဖြိုးရေးသည် အရေးကြီးဦးစားပေးဖြစ်--ပူတင်

မြေရှားသတ္ထုလုပ်ငန်းဖွံ့ဖြိုးရေးသည် အရေးကြီးဦးစားပေးဖြစ်–ပူတင်

မော်စကို၊ ဖေဖော်ဝါရီ ၂၅

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း၊ စီးပွားရေးတိုးတက်မှုနှင့် လူနေမှုဘဝအရည်အသွေးတို့ကို မြှင့်တင်ပေးနိုင်မည့် မြေရှားသတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသော ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မြေရှားသတ္ထုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် မိန့်ခွန်းပြောကြားရာ၌ ယင်းကဏ္ဍသည် ရုရှားနိုင်ငံ၏ ခေတ်သစ်စီးပွားရေးအတွက် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ပူတင်က မှတ်ချက်ပြုပြောကြားခဲ့သည်။

ပူတင်က မြေရှားသတ္တုများသည် မိုက်ခရိုအီလက်ထရွန်းနစ်၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦဖွဲ့စည်းမှုနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်ပြီး နည်းပညာဆိုင်ရာ သဘောတရားအသစ် တစ်ခုလုံးတွင် လိုအပ်နေကြောင်း အထူးသိရှိစေရန် ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

ရုရှားသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုသိုက်များနှင့် ပတ်သက်၍ ကမ္ဘာ့ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်သည်။ သို့သော်လည်း တိုင်းပြည်သည် ဤအရင်းအမြစ်များကို အပြည့်အဝအသုံးချခြင်း မရှိသေးကြောင်း ပူတင်က ဝန်ခံခဲ့ပြီး ဤအရေးကြီးသောလုပ်ငန်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အထူးအလေးပေးပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏စက်မှုလုပ်ငန်းနယ်ပယ်တွင် စွမ်းရည်မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး နိုင်ငံတော်ပရောဂျက် “New Materials and Chemistry” စီမံကိန်းကို ယခုနှစ်တွင် စတင်ခဲ့သည်။ ဤအစီအစဉ်အရ ရုရှားသည် ရှားပါးသတ္တုများကိုထုတ်ယူခြင်း၊ တန်ဖိုးမြင့်နည်းပညာဆိုင်ရာ ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် ထုတ်လုပ်ခြင်းတို့ပါဝင်သည့် သက်တမ်းပြည့်ရှားပါးသတ္တုလုပ်ငန်းကို တည်ထောင်ရန် ရည်မှန်းထားသည်။

ပူတင်က ရုရှားသည် မြေရှားသတ္တုကဏ္ဍတွင် နိုင်ငံခြားမိတ်ဖက်များ၊ အထူးသဖြင့်အမေရိကန်ကုမ္ပဏီများနှင့် လက်တွဲပူးပေါင်း လုပ်ဆောင်ရန် အခွင့်အရေး ဖွင့်လှစ်ထားကြောင်း ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်း လူရည်ချွန်များအား လေ့လာရေးခရီးစဉ်အတွက် ကြိုဆိုပို့ဆောင်

ဧရာဝတီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြမည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ကြိုဆိုပို့ဆောင်ခဲ့ကြသည်။ လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့် လူရည်ချွန် မောင်၊ မယ် စုစုပေါင်း ၄၂၀ ကျော်အား ပုသိမ်မြို့ရှိ ဝန်ကြီးများ အိမ်ယာရှေ့တွင် ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများက လာရောက်ကြိုဆိုခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် လူရည်ချွန်စခန်း ၂ ခုဖြစ်သော ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းတို့ကို ဖွင့်လှစ်ထားရှိပြီး အခြေခံပညာအဆင့် လူရည်ချွန် ကျောင်းသား၊...

လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။ " လျှပ်စစ်ဓာတ်အားကို ဒေသအလိုက်ဖူလုံစေရေးအ တွက် လက်ရှိအချိန်မှာ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းတွေက်ု မိမိတို့ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။ ထို့ပြင် အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်းဆောင်ရွက်ရမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် စိစစ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့အတူ စက်သုံးဆီများအား တတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်ထားနိုင်ကာ ဆီသိုလှောင်မှုများနှင့် ဖြန့်ခွဲမှုများစနစ်တကျဖြစ်စေရေးအတွက်လည်းဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတကမှာကြားခဲ့သည်။ ထို့ပြင် တာဝန်ရှိသူများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သ ဘာဝဓာတ်ငွေ့များဖြန့်ဖြူးရာတွင်လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးဆောင်ရွက်ရန်လိုအပ်မှု၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် သန်လျင်ရေနံချက်စက် ရုံအားပြန်လည်တည်ဆောက်အဆင့်မြှင့်တင်လျက်ရှိမှု၊...

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာဈေးကွက်တွင်နာမည်ရပြီးဖြစ်၍ ဈေးကွက်လို အပ်ချက်ရှိသည့်ပို့ကုန်တစ်ခုဖြစ်ရာ မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည့်နည်းတူ မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီသီးနှံသည်လည်းဝယ်လိုအားရှိပြီးဖြစ် သည်ဟု ပြောသည်။ "ဒါ့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိပြီး ဝယ်လိုအားရှိတဲ့ မြန်မာ့ပေါ်ဆန်းနဲ့ မြန်မာ့ကော်ဖီကို အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်ဖို့နဲ့ ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီအောင်တင်ပို့နိုင်ဖို့ကြိုးပမ်းဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။ ထို့ပြင် နိုင်ငံတော်၏ စီးပွားရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုအား ပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071