ပေကျင်း၊ဖေဖော်ဝါရီ ၂၄
တရုတ်သမ္မတရှီကျင့်ဖျင်က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပြီး ရုရှားသည် တရုတ်အတွက်မိတ်ေဆွစစ် ဖြစ်သည်ဟုေပြာေကြားလိုက်သည်။
ဆက်လက်၍ တရုတ်သမ္မတရှီက ပေကျင်းနှင့်မော်စကိုတို့အကြားရှိ ရင်းနှီးသည့်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်ရန်ကတိပြုခဲ့ပြီး ၎င်းတို့သည် တစ်ဦးကိုတစ်ဦးပံ့ပိုးကူညီပေးနေသည့် မိတ်ဆွေစစ်နိုင်ငံများဖြစ်ကြောင်းပြောကြားခဲ့သည်။
ပေကျင်းနှင့်မော်စကိုခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုသည် ရုရှား-ယူကရိန်းအရေးသုံးနှစ်ပြည့်ချိန်၌ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယူကရိန်း – ရုရှားအရေးစတင်ချိန်မှစ၍ ပေကျင်းနှင့်ရုရှားအကြား ကုန်သွယ်ရေးဆက်ဆံမှုလည်းပိုမိုတိုးတက်လာခဲ့သည်။
ရုရှားနှင့်တရုတ်တို့သည် သမ္မတရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့ကြားရှိ ခိုင်မာသည့်ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်ဆံရေးအရ နှစ်နိုင်ငံဆက်ဆံရေးလည်းခိုင်ခိုင်မာမာဖြင့်ရပ်တည်နိုင်ခဲ့ကြသည်မှာ ယူကရိန်းစစ်ပွဲကာလအထိပင်ဖြစ်သည်။
တရုတ်သမ္မတကမူ ရုရှားနိုင်ငံကို ၎င်း၏အကောင်းဆုံးမိတ်ဆွေဟုခေါ်ဆိုခဲ့ပြီး သမ္မတပူတင်ကမူ ရှီကို ၎င်း၏ယုံကြည်စိတ်ချရသောမိတ်ဖက်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။
Source : ဟင်ဒူစတန်တိုင်းမ်စ်
