Monday, August 3, 2026

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ...

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ...

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့...

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊...
HomeInternationalဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့ တိုက်ရိုက်ကုန်သွယ်မှုပြန်လည်စတင်ပြီ

ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့ တိုက်ရိုက်ကုန်သွယ်မှုပြန်လည်စတင်ပြီ

ဒါကာ၊ ဖေဖော်ဝါရီ ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၁၉၇၁ ခုနှစ်၌ လွတ်လပ်ရေးရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ပါကစ္စတန်နိုင်ငံနှင့် တိုက်ရိုက်ကုန်သွယ်မှုကိုပြန်လည်စတင်ခဲ့ပြီး ပထမဆုံးအသုတ်အဖြစ် ဆန်တန်ချိန် ၅၀,၀၀၀ ကို အစိုးရချင်းသဘောတူညီချက်အရ ကာစင်ဆိပ်ကမ်းမှ ပို့ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယခု သဘောတူညီမှုသည် နို့ဘဲလ်ဆုရှင် မုဟာမက် ယူနုစ် ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံကြားဖြတ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် သံတမန်ရေးရာဆက်ဆံရေး ကို ပိုမိုတိုးတက်လာစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယခင်ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာ ကို နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့သော ဆန္ဒပြပွဲများအပြီးတွင် အဆိုပါ သဘောတူညီချက်ကိုအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ယခင်က အရှေ့ပါကစ္စတန်ဟု သိကြသော ဘင်္ဂလားဒေ့ရှ်သည် ကိုးလကြာစစ်ပွဲများအပြီးတွင် ကိုယ်ပိုင်လွတ်လပ်ရေးရရှိခဲ့သည်။

ယခုလအစောပိုင်းတွင် အပြီးသတ်သဘောတူထားသည့် သဘောတူညီချက်အသစ်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ကုန်သွယ်‌ရေးကော်ပိုရေးရှင်းမှ ဆန်ဖြူတစ်တန်လျှင် ၄၉၉ ဒေါ်လာဖြင့် ဝယ်ယူနေခြင်းဖြစ်သည်။ ကုန်ပစ္စည်းတင်ပို့မှုကို နှစ်သုတ်ခွဲ၍ ပို့ဆောင်မည်ဖြစ်ပြီး ကျန်တန်ချိန် ၂၅,၀၀၀ ကို မတ်လအစောပိုင်းတွင် တင်ပို့နိုင်မည်ဟုမျှော်မှန်းထားသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းသည့် ဆန်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၄ ဒသမ ၂၅ ကျသင့်နေပီး ဗီယက်နမ်နိုင်ငံမှ ဆန်ထက် ဈေးပိုများနေသည်ကိုတွေ့ရသည်။

အစိုးရသည် ဆန်ဈေးကွက်ကို တည်ငြိမ်စေရန် ကြိုးပမ်းနေရပြီးမကြာသေးမီလများအတွင်း ဆန်ဈေးနှုန်းသည် ၁၅-၂၀% မြှင့်တက်ခဲ့သည်။ ယခုအခါ အလတ်တန်းစား အရည်အသွေးရှိသည့် ဆန်တစ်ကီလိုကို ၈၀ တာကာ ($0.66) ခန့်ဖြင့် ရောင်းချလျက်ရှိသည်။

ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် အစိုးရသည် တင်ဒါများအပါအဝင် နိုင်ငံတကာဈေးကွက်များမှ ဆန်များ ကို ပိုမိုတင်သွင်းနေပြီး ဆန်တင်သွင်းမှုအခွန်များ၊ သွင်းကုန်ခွန်များကို ဖျက်သိမ်းဖယ်ရှားခဲ့သည်။

Ref: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄၅) ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအနက် ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူများကို ဩဂုတ် ၂ ရက်က သွားရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း ဆိပ်ဖြူကြက်သွန်နီဈေးကွက်မှ သိရသည်။ အုံးမှင်၊ လက်ဆည်၊ ဆူးလေကုန်း၊ တပ်မ၊ ဝဲမ၊ ဘဲကျ၊ တပေါင်းနှင့် ကူရှည်အလယ်စု ကျေးရွာများမှ ကြက်သွန်နီများ ပွဲရုံဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၅ သောင်းခန့် ဝင်ရောက်လျက်ရှိသော်လည်း ဝယ်လိုအားများပြီး ကုန်ဝင်နည်းနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူဈေးကွက်တွင် ဇူလိုင်လဆန်းပိုင်းက ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ ဧရာဝ တီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ Manpack(ကျောလွယ်ဂြိုလ်တုဆက်သွယ်ရေးစနစ်)ဖြင့် သမာရိုးကျမြေပြင်ဆက်သွယ်ရေးစနစ်များမရှိသော ဆက်သွယ်မူပြတ်တောက်ထားသည့်အခြေအနေများတွင် ဆက်သွယ်မူရရှိနိုင်ရန် သယ်ဆောင်အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၊ အသံစနစ်၊တိုက်ရိုက်ရုပ်မြင်စနစ်များဖြင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး Command and Control Center(C3)မှလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများအားနှင့် မြေပြင်အခြေအနေအားစောင့်ကြည့်ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071