ရှန်ကျန်း၊ဖေဖော်ဝါရီ ၂၄
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၌ နျူကလီးယားစွမ်းအင်စီမံချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဓာတ်ပေါင်းဖိုအသစ်ဆောက်လုပ်မှုကို တနင်္လာနေ့ကစတင်ခဲ့သည်ဟု China General Nuclear Power Group (CGN) ၏ပြောကြားချက်အရ သိရသည်။
CAP1000 ကို အသုံးပြု၍ No. 1 ဓာတ်ပေါင်းဖိုဆောက်လုပ်မှုတွင် ပြင်ပတွင် တပိုင်းစီဆောက်လုပ်ကာပြန်လည်တပ်ဆင်သော မော်ဂျူလာစနစ်၊ဒစ်ဂျစ်တယ်ဆောက်လုပ်ရေးနည်းပညာနှင့် အလိုအလျောက်ဂဟေဆော်ခြင်းစနစ်တို့ပါဝင်မည်ဖြစ်ပြီး ဤအရာများသည် လုံခြုံရေးနှင့်စီးပွားရေးထောက်ပံ့မှုကို တိုးတက်စေရန် အထောက်အကူဖြစ်စေမည်ဟုလည်းဆိုသည်။
ယခုစီမံချက်အတွက် စုစုပေါင်း ဓာတ်ပေါင်းဖိုခြောက်ခုတည်ဆောက်ရန်စီစဉ်ထားပြီးဖြစ်ကာ နံပါတ် ၅ နှင့် ၆ ဓာတ်ပေါင်းဖိုများကို ၂၀၂၂ နှင့် ၂၀၂၃ တွင် စတင်တည်ဆောက်ခဲ့သည်ဟုသိရသည်။
ယင်းသို့တည်ဆောက်ရာ၌ တရုတ်ပြည်တွင်း၌ ဒီဇိုင်းထုတ်ထားသော တတိယ မျိုးဆက် Hualong One နျူကလီးယားနည်းပညာကို အသုံးပြုထားသည်ဟုလည်းသိရသည်။
ဓာတ်ပေါင်းဖိုခြောက်ခုလုံး အပြည့်အဝလည်ပတ်ပြီးသည်နှင့် ယခုစီမံချက်သည် နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၅၂ ဘီလျံခန့် ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ထားကြသည်။
အဆိုပါထွက်ရှိမှုပမာဏသည် ပုံမှန်ကျောက်မီးသွေးတန်ချိန် ၁၅ ဒသမ ၇၇ သန်းကို လျှော့ချချွေတာနိုင်ပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တန်ချိန် ၄၂ ဒသမ ၆၉ သန်းခန့် လျှော့ချနိုင်မည်ဟုလည်း CGN ကပြောကြားခဲ့သည်။
Source : ရှင်းဟွာ
