ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာ နမှကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၁၇ ရက်မှ ၂၂ ရက်အထိ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဥ်ပါသော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား လာမည့် ဖေဖော်ဝါရီ ၂၇ ရက်မှစတင်၍ သက်ဆိုင်ရာ စာသင်ကျောင်းအသီးသီး၌ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးခဲ့သည်။
ထို့အတူ အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)၊ (တွဲဖက်)အခြေခံပညာအထက် တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်သည်။
ထို့ပြင် ပြင်ပမှဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန၊ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည် ဖြစ်သည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ် ပြားများထုတ်ယူရာ၌ အခက်အခဲများရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာ နိုင်ငံစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင် သည်ဟုလည်း အသိပေးခဲ့သည်။
